ကရင်ပြည်နယ် မြဝတီမြို့ အမှတ် (၅) ရပ်ကွက် စိုက်ပျိုးရေးဇုန်တွင် အမျိုးသမီး၏ ဦးခေါင်းအား အိမ်နီးချင်း အမျိုးသမီးတစ်ဦးက ကျောက်ပျဉ်ဖြင့်ထုပြီး နှစ်ကျပ်သားရွှေဆွဲကြိုး လုယူထွက်ပြေးမှု ဒီဇင်ဘာ ၆ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မြဝတီမြို့ အမှတ် (၅) ရပ်ကွက် စိုက်ပျိုးရေးဇုန် (၁၄) ဂိတ်အနီးနေ ဒေါ်ဖြူဖြူခင်သည် နေအိမ်၌ ထမင်းချက်နေစဉ် အိမ်မျက်နှာချင်းဆိုင်တန်းလျားတွင် နေထိုင်သူ မခင်စန်းနွယ် ရောက်ရှိလာပြီး ယခုကဲ့သို့ ခေါင်းကို ကျောက်ပျဉ်ဖြင့် လေးချက်ထုကာ ဝတ်ထားသည့် ဆွဲကြိုးကို လုယူထွက်ပြေးသွားသည်ဟု ဆေးရုံ တက်ရောက်ကုသမှု ခံနေရသူ ဒေါ်ဖြူ ဖြူခင်က ပြောကြားသည်။
“အစ်မက ထမင်းငါးချက်နေတာ။ သူ (ခင်စန်းနွယ် ) ရောက်ရှိလာပြီးတော့ ကြီးကြီး ဘာလုပ်နေလဲလို့ မေးတယ်။ ပြီး ဓားမကို ကိုင်ကြည့်ပြီး ကြီးကြီးတို့ဆီက ဓားတွေက သမီးတို့ဆီကလို ထက်လည်း မထက်ဘူးဆိုပြီး ပြောတယ်။ သူလည်း အမြဲလာနေကျပါ။ ဘာမဆို စားစရာရှိလည်း ကျွေးမွေးနေတဲ့ အိမ်နီးချင်းဆိုတော့ သတိလည်းမထားဘူး။ ထမင်းရည် ငှဲ့တဲ့အချိန်ကျမှ ခေါင်းကို ထုလိုက်တာ။ သုံးလေးချက် ထုတာ။ မူးပြီး လဲသွားတော့မှ ပေးဆိုပြီး ဆွဲကြိုးကိုဆွဲလုပြီး ပြေးသွားတာ။ သူ့ရဲ့ ခုနစ်လအရွယ် ကလေးတစ်ယောက် ကျန်ခဲ့ပါတယ်”ဟု ဒေါ်ဖြူဖြူခင်က ပြောကြားသည်။
မြဝတီမြို့တွင် ခေါင်းကို ကျောက်ပျဉ်ဖြင့် ထုပြီး နှစ်ကျပ်သားရွှေဆွဲကြိုး လုယူထွက်ပြေးမှု ဖြစ်ပွား