Facebook ပေါ်တွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အား အသရေဖျက်သည့် စာသားများ ရေးသားခဲ့သည် ဟုဆိုကာ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် ဖမ်းဆီး အရေးယူခံထားရသူ NLD ဗဟိုသုတေသနအဖွဲ့ အတွင်းရေးမှူး ဦးမျိုးရန်နောင်သိန်းအား နိုဝင်ဘာ ၂၅ ရက်က ကမာရွတ်မြို့နယ် တရားရုံးတွင် လေးကြိမ်မြောက် ရုံးထုတ်ခဲ့သည်။
ယင်းနေ့ရုံးချိန်းတွင် ဦးမျိုးရန်နောင်သိမ်းအား အမှုဖွင့်တိုင်ကြားခဲ့သည့် တရားလိုဖြစ်သူ ဒုတိယဗိုလ်မှူးကြီး လင်းထွန်းအား စတင်စစ်ဆေးခဲ့ကြောင်း သိရသည်။ တရားခွင်တွင် တရားလိုဖြစ်သူက ၎င်းမှာ ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ တပ်နယ်မှူးတာဝန် ထမ်းဆောင်နေသူ တစ်ဦးဖြစ်ပြီး အောက်တိုဘာ ၁၄ ရက် မွန်းလွဲ ၁ နာရီ ၃၃ မိနစ်က လူမှုကွန်ရက်တွင် Myo Yan Naung Thein Facebook အကောင့်မှ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ပြည်ထဲရေးဝန်ကြီး၊ နယ်လုံဝန်ကြီးနှင့် စပ်လျဉ်း၍ စာရေးသား ဖော်ပြထားသည်ကို လက်အောက်တပ်ရင်း တပ်ဖွဲ့များက တင်ပြလာသည့်အတွက် ကြည့်ရှုရာတွင် ကိုယ်တိုင်မြင်ရကြောင်း၊ အဆိုပါ ရေးသားဖော်ပြချက်များမှာ ရခိုင်ပြည်နယ် မောင်တောအကြမ်းဖက်မှုများ ဆောင်ရွက်မှုနှင့် ပတ်သက်ပြီး ပြည်ထောင်စု အစိုးရနှင့် တပ်မတော်တို့ ဆောင်ရွက်နေသည့် ပကတိအခြေအနေကို ပြည်သူများ ထင်ယောင်ထင်မှား ဖြစ်စေရန်၊ ကာကွယ်ရေးဦးစီးချုပ်၊ နယ်လုံဝန်ကြီး၊ ရဲချုပ်၊ ပြည်ထဲရေးဝန်ကြီးတို့၏ အကျင့်စာရိတ္တနှင့် အသရေတို့ကို ထိခိုက်စေသည့် အရေးအသားများဖြင့် ဖော်ပြအသရေ ဖျက်ခဲ့သည့်အတွက် လှိုင်မြို့မရဲစခန်းတွင် ၎င်းကိုယ်တိုင် အမှုဖွင့်ခဲ့ကြောင်း ထွက်ဆိုခဲ့သည်။
ထို့ပြင် စွပ်စွဲခံရသူ ဦးမျိုးရန်နောင်သိမ်း၏ အကျိုးဆောင်ရှေ့နေ ဖြစ်သူက ပြန်လှန် မေးခွန်းမေးမြန်းခဲ့ရာတွင် ရဲစခန်း၌ အမှုဖွင့်စဉ်က ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် အရေးယူပေးရန် သဘောထားပေးခဲ့သည်ဟု ဆိုပါက ဟုတ်မှန်ကြောင်း တရားလိုက ဖြေကြားသည်။ ထို့ပြင် အသရေဖျက်မှုနှင့် ပတ်သက်ပြီး တရားစွဲဆိုရာတွင် အခြားဥပဒေ ပုဒ်မများဖြင့် အရေးယူ၍ ရနိုင်သော်လည်း ယခုပုဒ်မဖြင့် အရေးယူရန် သဘောထားပေး အမှုဖွင့်ရခြင်းမှာ ကာကွယ်ရေး ဦးစီးချုပ်၏ ညွန်ကြားချက်ရှိကြောင်း ထွက်ဆိုထားခြင်း မရှိဟုဆိုလျှင် ဟုတ်မှန်ကြောင်းနှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် အနေဖြင့် ၎င်းကိုယ်တိုင် အသရေပျက်ခြင်း ရှိမရှိ ယခုထက်ထိ ကျွန်တော်ကိုယ်တိုင် တိတိကျကျ မသိရဟုဆိုလျှင် မသိကြောင်း၊ သို့သော် အဖွဲ့အစည်းဖြစ်၍ ကြားထဲမှ မခံမရပ်ဖြစ်ရကြောင်း တရားလို ဒုတိယဗိုလ်မှူးကြီး လင်းထွန်းက ထွက်ဆိုခဲ့သည်။
“ဒီအမှုနဲ့ပတ်သက်ပြီး ရဲစခန်းမှာတိုင်တုန်းက အသရေဖျက်မှုက ဥပဒေသုံးခုနဲ့စွဲလို့ရတယ်။ ဘာလဲဆိုတော့ ရာဇသတ်ကြီး ပုဒ်မ ၅၀၀ နဲ့ဆွဲလို့ရတယ်။ နောက်တစ်ခုက အီလက်ထရွန်နစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေနဲ့ အခုဆက်သွယ်ရေး ဥပဒေ ၆၆ (ဃ) ဆိုတာ နောက်ဆုံးမှထွက်တာ။ ပထမ နှစ်ခုနဲ့မစွဲဘဲ ဘာလို့နောက်ဆုံး တစ်ခုနဲ့ စွဲသလဲဆိုတော့ သူကဖြေသွားတယ်ပေါ့။ ဒါက သူထိထိရောက်ရောက် အရေးယူချင်လို့၊ ကျန်တဲ့ဥပဒေနဲ့မစွဲဘဲ ဒါနဲ့စွဲတယ်ပေါ့။ ဒါကိုရဲတွေကိုလည်း သူကသဘောထား ပေးခဲ့တယ်ဆိုပြီး ဖြေတာပေါ့” ဟု ဦးမျိုးရန်နောင်သိမ်း၏ အကျိုးဆောင်ရှေ့နေ ဦးကျော်ဟိုးက ပြောကြားသည်။
ထို့ပြင် အဆိုပါရုံးချိန်းတွင် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) အား ပြင်ဆင်ပေးရေး လှုပ်ရှားမှုကို ဆက်သွယ်ရေး ဥပဒေပုဒ်မကို ဆန့်ကျင်သည့် လူငယ်များက ပြုလုပ်ခဲ့ကြသည်။
ယင်းအမှုဖြစ်စဉ်မှာ Myo Yan Naung Thein Facebook အကောင့်မှ အောက်တိုဘာ ၁၄ ရက်က တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကို အသရေဖျက်သည့်စာများ ရေးသားခဲ့သဖြင့် ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီး လင်းထွန်းက တရားလိုပြုလုပ်၍ အောက်တိုဘာ ၃၁ ရက်တွင် အမှုဖွင့် တိုင်ကြားခဲ့ခြင်းဖြစ်ပြီး လှိုင်မြို့မရဲစခန်းက (ပ) ၁၀၈၉/၂၀၁၆၊ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့် ဆောင်ရွက်ခဲ့ကာ ဦးမျိုးရန်နောင်သိမ်းကို နိုဝင်ဘာ ၃ ရက်တွင် ဗဟန်းမြို့နယ် ယုဇနဟိုတယ်၌ ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ရဲစခန်း၌ တိုင်ချက်ဖွင့်စဉ်က ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အရေးယူလိုသည်ဟု သဘောထား ပေးခဲ့ကြောင်း ဦးမျိုးရန်နောင်သိမ်းအား အမှုဖွင့်ခဲ့သည့် တရားလို ဒုတိယဗိုလ်မှူးကြီးလင်းထွန်း ထွက်ဆို









