အမြန်လမ်းတွင် ဟိုင်းလပ်ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွားပြီး တစ်ဦးသေ၊ ၈ ဦးဒဏ်ရာရ

အမြန်လမ်းတွင် ဟိုင်းလပ်ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွားပြီး တစ်ဦးသေ၊ ၈ ဦးဒဏ်ရာရ
Published 18 November 2016
ဇော်ဝင်းချစ်(တောင်ငူ)

အမြန်လမ်းမကြီး ၁၅၀ မိုင်အနီးတွင် ယနေ့ (နိုဝင်ဘာ ၁၈ ရက်) နံနက်ပိုင်း ခရီးသည် ၁၆ ဦး လိုက်ပါလာသည့် ဟိုင်းလပ်ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံး၍ ၈ ဦးဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ဟိုင်းလပ်ယာဉ်မှာ မူကြိုအရွယ် ကလေး ၈ ဦးခန့်နှင့် လူကြီး ၈ ဦးခန့်ဖြင် တောင်ငူမြို့မှ နေပြည်တော်ဘက်သို့ ထွက်ခွာလာစဉ် မိုင်တိုင်အမှတ် ၁၅၀ မိုင် ၆ ဖာလုံနှင့် ၇ ဖာလုံအနီးသို့ အရောက် အရှိန်မထိန်းနိုင်ပဲ တိမ်းမှောက်ခဲ့ပြီးမှ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ယာဉ်တိမ်းမှောက်ရာမှ ယာဉ်မောင်းဖြစ်သူမှာ ကားခေါင်း အတွင်းညှပ်မိ၍ ဆွဲထုတ်မရပဲ မီးလောင်ကျွမ်း သေဆုံးသွားခဲ့ပြီး ယာဉ်ပေါ်ပါ ခရီးသည်များအနက် ကျား ၃ ဦး မ ၅ ဦး စုစုပေါင်း ၈ ဦး ဒဏ်ရာရရှိသွားခဲ့ကြောင်းသိရသည်။အခင်းဖြစ်ပွားရာသို့ ဇီးပင်သာ အမြန်လမ်း ရဲတပ်ဖွဲ့ဝင်များနှင့် ဗောဓိကုန်းအမြန်လမ်း မီးသတ်တပ်ဖွဲ့ဝင်များ သွားရောက် မီးငြိမ်းသတ် ကူညီခဲ့ကြပြီး ထိခိုက်ဒဏ်ရာ ရရှိသူများအား တောင်ငူဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း၊ ဒဏ်ရာရရှိသူများတွင် ကလေးနှစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့မှာ မီးလောင်၍ ပြင်းထန်ဒဏ်ရာ ရရှိသွားခဲ့ကြောင်း သိရသည်။ 

Most Read

Most Recent