အကြမ်းဖက်မှုပြုလုပ်ရန် တစ်အိမ်တစ်ယောက်ကျ လိုက်ရမည်ဖြစ်ကြောင်းနှင့် မလိုက်ပါက လည်လှီး သတ်ဖြတ်မည်ဟု စည်းရုံးခဲ့ပြီး ကျေးရွာများအား ၎င်းတို့ဘာသာ မီးရှို့ခဲ့ခြင်း ဖြစ်သည်ဟု စစ်ဆေးမေးမြန်း ခံရသူများက ဖြေကြားခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေ

အကြမ်းဖက်မှုပြုလုပ်ရန် တစ်အိမ်တစ်ယောက်ကျ လိုက်ရမည်ဖြစ်ကြောင်းနှင့် မလိုက်ပါက လည်လှီး သတ်ဖြတ်မည်ဟု စည်းရုံးခဲ့ပြီး ကျေးရွာများအား ၎င်းတို့ဘာသာ မီးရှို့ခဲ့ခြင်း ဖြစ်သည်ဟု စစ်ဆေးမေးမြန်း ခံရသူများက ဖြေကြားခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေ
Published 17 November 2016
ဆန်းထူးအောင်

အကြမ်းဖက်မှုပြုလုပ်ရန် တစ်အိမ်တစ်ယောက်ကျ လိုက်ရမည်ဖြစ်ကြောင်းနှင့် မလိုက်ပါက လည်လှီး သတ်ဖြတ်မည်ဟု စည်းရုံးခဲ့ပြီး ကျေးရွာများအား ၎င်းတို့ဘာသာ မီးရှို့ခဲ့ခြင်း ဖြစ်သည်ဟု စစ်ဆေးမေးမြန်း ခံရသူများက ဖြေကြားခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီ ထုတ်ပြန်
အကြမ်းဖက်မှုပြုလုပ်ရန် တစ်အိမ်တစ်ယောက်ကျ လိုက်ရမည်ဖြစ်ကြောင်းနှင့် မလိုက်ပါက လည်လှီး သတ်ဖြတ်မည်ဟု စည်းရုံးခဲ့ပြီး ကျေးရွာများအား ၎င်းတို့ဘာသာ မီးရှို့ခဲ့ခြင်း ဖြစ်သည်ဟု စစ်ဆေးမေးမြန်း ခံရသူများက ဖြေကြားခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီက နိုဝင်ဘာ ၁၇ ရက်တွင် ထုတ်ပြန်ခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။
ထုတ်ပြန်ချက်တွင် ပွင့်ဖြူချောင်းကျေးရွာ၌ နိုဝင်ဘာ ၁၂ ရက်တွင် ဖမ်းဆီးထိန်းသိမ်း ရမိခဲ့သည့် ဂျာဘူရာမန်အား စစ်ဆေးမေးမြန်းရာ “သင်တန်းမတက်ရင် သေနတ်နဲ့ပစ်မယ်၊ လည်လှီးမယ်လို့ပြောပြီး စည်းရုံးပါတယ်။ ကျွန်တော်တို့ရွာက အယောက် ၂၀ တက်ရောက်ခဲ့ပါတယ်။ သင်တန်းကိုတော့ မယင်းတောင် အနောက်ဘက်မှာ တက်ခဲ့ပါတယ်။ တိုက်ပွဲဖြစ်တဲ့နေ့က ဘင်္ဂါလီရွာကို မီးတိုက်ပြီး ပြန်သွားပါတယ်။ အဲဒီအဖွဲ့မှာ သေနတ် ၁၀ လက်နဲ့ ဓား ၁၀ ချောင်းလည်း ပါပါတယ်” ဟု ဖြေကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် ပွင့်ဖြူချောင်းကျေးရွာမှ ဖမ်းဆီးထိန်းသိမ်းထားသူ မာမက်အီစလာမ်ကို မေးမြန်းရာ “ဗလီတက်တဲ့ အချိန်မှာ ဗလီဆရာကြီးက ရွာကလူတွေကို စည်းရုံးပါတယ်။ ဘင်္ဂလားဒေ့ရှ်က လူတွေလာတယ်။ ဘင်္ဂလားဒေ့ရှ်က လူတွေနဲ့ပေါင်းပြီး တိုက်ရမယ်လို့ ပြောပါတယ်။ ရိုဟင်ဂျာကို အစိုးရက ဘယ်တော့မှ ပေးမှာမဟုတ်ပါဘူး။ ငါတို့လူစုလူဝေးနဲ့ ရိုဟင်ဂျာကို တိုက်ယူရပါမယ်။ တစ်အိမ်တစ်ယောက် ထွက်ပြီး တိုက်ရပါမယ်။ တစ်အိမ်တစ်ယောက်ကျ မလိုက်တဲ့လူတွေကို လည်လှီးပြီး သတ်မယ်လို့ပြောတယ်။ ထိတွေ့မှုဖြစ်တဲ့ အခါမှာ အစ္စလာမ်၊ ရိုဟင်ဂျာ၊ နာကာတူရီ၊ ဝတ်စ်ဖို့စ်လို့ အော်ပြီးသွားပါတယ်။ တောင်ကြားမှာ သင်တန်းပေးပါတယ်။ ရိုဟင်ဂျာ ပေးမယ်ပြောပြီး မပေးဘူး၊ မပေးတဲ့အတွက် ငါတို့သိပ်ကြာသွားမယ်။ တိုက်ပွဲဝင်ရမယ်။ တိုက်ပွဲဖြစ်တဲ့အချိန်မှာ ကျွန်တော်က ဓားကိုင်ပြီးတော့ ရွာမှာရှိပါတယ်။ ရွာတွေကို မီးရှို့တာတွေ ရှိပါတယ်။ ဘင်္ဂလားဒေ့ရှ်က ဝင်လာတဲ့ လူတွေနဲ့ ရွာက လူဆိုးတွေက ရှို့တာပါ။ တိုက်ပွဲဖြစ်တဲ့ အချိန်မှာ ရွာသားတွေ တစ်အိမ်တစ်ယောက် ဓားကိုင်ပြီးတော့ ထွက်ပါတယ်။ ဓားကိုင်ပြီးတော့ အကုန်လုံး ရွာလမ်းပေါ် ထွက်ကြပါတယ်” ဟု ဖြေကြားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် မောင်တောမြို့နယ်၊ ရေတွင်းကျွန်းကျေးရွာမှ ဖမ်းဆီးထိန်းသိမ်း ရမိသည့် အီအာဟာအား ပဏာမ မေးမြန်းစစ်ဆေးရာ “၁၃ ရက်မှာ ဘင်္ဂါလီ၊ မူဆလင်လူမျိုးတွေက မီးတိုက်တာပါ။ ကျွန်တော်မြင်တာကတော့ အိမ် ၁၀၀ ကျော်လောက် မီးထဲပါသွားပါတယ်” ဟု ဖြေကြားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အတူ ဖမ်းဆီးထိန်းသိမ်းထားသည့် ကြိမ်ချောင်း (မြောက်ရွာ) နေ ဆော်ဒူအာမိန်အား ပဏာမ မေးမြန်းစစ်ဆေးရာ “ကျွန်တော်တို့ တုတ်၊ ဓားကိုင်ပြီး လူတွေစုနေတာဟာ စစ်တပ်တွေ၊ ရဲတွေလာရင် တိုက်ပြီးတော့ သေနတ်တွေလုဖို့ပါ။ ဓားရယ်၊ တုတ်ရယ်၊ လေးခွရယ် ပါပါတယ်။ စစ်တပ်ကို ဓားနဲ့ခုတ်မယ် ဆိုပြီးတော့ လူအများကြီး စုနေတာပါ။ တိုက်ပွဲမဖြစ်ခင်ညက လူကြီးပိုင်း တချို့ကိုပါခေါ်ပြီး တောထဲဝင်သွားပါတယ်။ ရွာကိုမီးရှို့တာ အကြမ်းဖက်သမားတွေ မီးရှို့တာပါ။ ရှို့ပြီးတော့ အနောက်ဘက်ကို ထွက်သွားကြတာပါ” ဟု ပြန်လည် ဖြေကြားခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ပဏာမစစ်ဆေး မေးမြန်းချက်များအရ ဒေသနေ မူဆလင် အသိုင်းအဝိုင်းအား တစ်အိမ်တစ်ယောက် မဖြစ်မနေ လိုက်ပါစေခြင်း၊ မလိုက်လျှင် လည်လှီးသတ်ဖြတ်မည်ဟု ခြိမ်းခြောက်ခံခဲ့ရခြင်း၊ တပ်မတော်နှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များအား ရွာတွင်းဝင်လာလျှင် ဓားဖြင့်ခုတ်ရန် စောင့်ဆိုင်းနေကြခြင်း ဖြစ်ကြောင်း၊ ကျေးရွာများအား မီးရှို့သူများမှာ အကြမ်းဖက်စီးနင်း တိုက်ခိုက်သူများဖြစ်ကြောင်း သိရသည်။
 

Most Read

Most Recent