ကမ္ဘာ့ဈေးကွက်အတွင်း ဒေါ်လာဈေး တက်လာပြီး ရွှေဈေးကျဆင်းခဲ့ခြင်းကြောင့် နိုဝင်ဘာ ၈ ရက်တွင် နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၂၉၃ ကျပ်အထိ ဆက်လက် မြင့်တက်လာပြီး ရွှေဈေး ကျပ် ၈၇၉၀၀၀ ဝန်းကျင်တွင် တည်ရှိနေကြောင်း ဈေးကွက်အတွင်း နိုင်ငံခြားငွေကြေးနှင့် ရွှေရောင်းဝယ်သူများထံမှ သိရသည်။
နိုဝင်ဘာ ၃ ရက်မှ နိုဝင်ဘာ ၆ ရက်အတွင်း နိုင်ငံခြားငွေလဲနှုန်း ၁၂၈၀-၁၂၈၃ ကြားတွင် ငြိမ်သက်နေရာမှ ကမ္ဘာ့ဈေးကွက်တွင် ဒေါ်လာဈေးမြင့်တက်လာခြင်းကြောင့် နိုဝင်ဘာ ၇ ရက်မှ စတင်ကာ နိုင်ငံခြားငွေလဲနှုန်း မြင့်တက်လာရာ ၁၂၈၈ ကျပ်အထိ ရောက်ရှိခဲ့ သည်။ နိုဝင်ဘာ ၇ ရက်တွင် တစ်ဒေါ်လာကျပ် ၁၂၈၀ ကျပ်ဖြင့် ဈေးဖွင့်ခဲ့ပြီးမွန်းလွဲ ၁၂ နာရီ ခွဲခန့်တွင် ၁၂၈၄ ကျပ်၊ ည နေ ၅ နာရီခန့်တွင် ၁၂၈၈ ကျပ်အထိ ဆက်လက်မြင့်တက်ခဲ့ခြင်း ဖြစ်သည်။ နိုဝင်ဘာ ၈ ရက်တွင်လည်း ၁၂၈၈ ကျပ်ဖြင့်ဈေးဖွင့်ခဲ့ပြီး မွန်းလွဲ ၁၂ နာရီခွဲခန့် တွင် ၁၂၉၃ ကျပ်အထိ မြင့်တက်ခဲ့ပြီး ညနေပိုင်းတွင် ၁၂၉၂ ကျပ်ဈေးဖြစ်ပေါ်ခဲ့သည်။
ကမ္ဘာ့ဈေးကွက်အတွင်း ဒေါ်လာဈေးနှုန်း မြင့်တက်ရခြင်း၏ အကြောင်းအရင်းတစ်ခုမှာ အမေရိကန်သမ္မတလောင်း ဟီလာရီကလင်တန်၏ အီးမေးလ်ပေါက်ကြားမှုကိစ္စ ပြေလည်သွားခြင်းနှင့်အတူ ၎င်းင်း၏ ရွေးကောက်ပွဲ နိုင်ခြေမြင့်တက်လာပြီး ဒေါ်လာအပေါ် ဈေးကွက်အကောင်းမြင်လာခြင်း ဖြစ်သည်။ နိုဝင်ဘာ ၈ ရက်တွင်ပြုလုပ်မည့် အမေရိကန်ရွေးကောက်ပွဲတွင် ဟီလာရီကလင်တန်အနိုင်ရပါက ဒေါ်လာဈေးမြင့်တက်ပြီး ဒေါ်နယ်ထရန့် အနိုင်ရပါက ဒေါ်လာဈေးကျဆင်းမည်ဟု ကမ္ဘာ့ငွေကြေးဈေးကွက် ကျွမ်းကျင်သူများက မျှော်မှန်းထားပြီး နိုဝင်ဘာ ၈ ရက် အမေရိကန် ရွေးကောက်ပွဲကာလတွင် ဒေါ်လာဈေး အလှုပ်အခတ်များ ဖြစ်ပေါ်နိုင်ကြောင်း ခန့်မှန်းထားသည်။
ပြည်တွင်းဈေးကွက်တွင် တစ်ပတ်အတွင်း ရက်အလိုက် အမြင့်ဆုံးဈေးနှုန်းဖြစ်ပေါ်ခဲ့သော နိုင်ငံခြားငွေလဲနှုန်းများမှာ နိုဝင်ဘာ ၂ ရက်တွင် ၁၂၈၉ ကျပ်၊ နိုဝင်ဘာ ၃ ရက်တွင် ၁၂၈၃ ကျပ်၊ နိုဝင်ဘာ ၄ ရက်တွင် ၁၂၈၂ ကျပ်၊ နိုဝင်ဘာ ၅ ရက်တွင် ၁၂၈၂ ကျပ်၊ နိုဝင် ဘာ ၆ ရက်တွင် ၁၂၈၁ ကျပ်၊ နိုဝင်ဘာ ၇ ရက် တွင် ၁၂၈၈ ကျပ်၊ နိုဝင်ဘာ ၈ ရက်တွင် ဖြစ် ပေါ်သော အမြင့်ဆုံးနှုန်းမှာ ၁၂၉၃ ကျပ်ဖြစ် ပြီး နှစ်ရက်အတွင်း ၁၂ ကျပ်ခန့် မြင့်တက် လာခဲ့ကြောင်း သိရသည်။
နိုဝင်ဘာ ၇ ရက်တွင် ပြင်ပဈေးကွက်အတွင်း နိုင်ငံခြားငွေလဲနှုန်း မြင့်တက်ခဲ့သော်လည်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ၎င်းင်း၏ ရည်ညွှန်းနှုန်းကို ယခင်ရက်များက ဈေးနှုန်းအတိုင်းသာ ဆက်လက်သတ်မှတ်ခဲ့သည်။ ဗဟိုဘဏ်၏ ရည်ညွှန်းနိုင်ငံခြားငွေလဲနှုန်းကို အောက်တိုဘာ ၂၇ ရက်မှ နိုဝင်ဘာ ၈ ရက်အထိ ကိုးရက်ဆက်တိုက် ၁၂၈၅ ကျပ်အဖြစ် သတ်မှတ်ထားခြင်းဖြစ်သည်။
နိုင်ငံတကာဈေးကွက်တွင် ဒေါ်လာဈေး မြင့်တက်နေသော်လည်း ရွှေဈေးမှာ ပြန်လည်ကျရိပ်ပြနေသောကြောင့် ပြည်တွင်းဈေးကွက်တွင် ရွှေဈေးသည် ကျပ် ၈၇၉၀၀၀ ဝန်းကျင်တွင် တည်ရှိနေသည်။ နိုဝင်ဘာ ၇ ရက်တွင် ကမ္ဘာ့ဈေးကွက်၌ ရွှေဈေး ၁၈ ဒေါ်လာခန့်အထိ ကျဆင်းခဲ့ပြီး နိုဝင်ဘာ ၈ ရက်တွင် ဈေးနှုန်း တစ်ဒေါ်လာဝန်းကျင် ဆက်ကျခဲ့ပြီး ကမ္ဘာ့ရွှေဈေး တစ်အောင်စ ၁၂၈၄ ဒေါ်လာခန့် ရှိနေသည်။ ပြည်တွင်းဈေးကွက်တွင် နိုဝင်ဘာ ၆ ရက်က ကျပ် ၈၈၃၀၀၀ ကျော်ဖြစ်ခဲ့သော ရွှေဈေးနှုန်းသည် နိုဝင်ဘာ ၇ ရက်တွင် ကျပ် ၈၇၈၀၀၀-၈၇၉၀၀၀ ဝန်းကျင်တွင် တည်ရှိခဲ့ ပြီး နိုဝင်ဘာ ၈ ရက်တွင်လည်း ဈေးနှုန်းအတက်အကျ နည်းပါးခဲ့ပြီး ကျပ် ၈၇၈၀၀၀-၈၇၉၉၀၀ ကြားဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ကမ္ဘာ့ဈေးကွက်တွင် ဒေါ်လာဈေးတက်လာပြီး ရွှေဈေးကျဆင်းခဲ့ခြင်းကြောင့် နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၂၉၃ ကျပ်အထိ ဆက်လက်မြင့်တက်လာပြီး ရွှေဈေး ကျပ် ၈၇၉၀၀၀ ဝန်းကျင် တည်ရှိနေ










