ရန်ကုန်စတော့ အိတ်ချိန်းတွင် အောက်တိုဘာ ၃၀ ရက်မှ စတင်ကာ ရှယ်ယာ အရောင်းအဝယ်ပြုလုပ်မှု ခေတ္တရပ်ဆိုင်းထားသည့် သီလဝါရှယ်ယာများကို နိုဝင်ဘာ ၄ ရက်မှ စတင်ကာ ရှယ်ယာ တစ်စုလျှင် ကျပ် ၅၁၀၀ ဖြင့် ရန်ကုန်စတော့ အိတ်ချိန်း၌ ပြန်လည်ရောင်းချခဲ့ရာ ရှယ်ယာတစ်စု ကျပ် ၅၃၀၀ အထိ မြင့်တက်လာခဲ့ပြီး အစုပေါင်း ၇၈၀၀၀ ကျော် အရောင်းအဝယ် ဖြစ်ပေါ်ခဲ့သော်လည်း FMI နှင့် MCB ရှယ်ယာများမှာ အရောင်းအဝယ် ဆက်လက်အေးစက်နေ ကြောင်း ရန်ကုန်စတော့အိတ်ချိန်းတွင် နေ့ စဉ် အရောင်းအဝယ် ဖြစ်ပေါ်သည့် ဈေးကွက်အခြေအနေများအရ နိုဝင်ဘာ ၄ ရက်တွင် သိရသည်။
ရှယ်ယာတစ်စု ကျပ် ၅၁၀၀ ဖြင့် ဈေးကွက်ပြန်လည် ဖွင့်လှစ်ခဲ့သည့် သီလဝါရှယ်ယာများသည် နိုဝင်ဘာ ၄ ရက်အဖွင့်ဈေးတွင် ရှယ်ယာတစ်စု ကျပ် ၅၃၀၀၊ နေ့လယ် အပိတ်ဈေးတွင်မူ သီလဝါရှယ်ယာတစ်စု ကျပ် ၅၂၀၀ သို့ ပြန်လည်ကျဆင်းသွားပြီး အစုပေါင်း ၇၈၂၆၉ စု အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်နေ့တာ အရောင်းအဝယ်ဖြစ်မှု ကျပ်သိန်း ၄၁၂၄ ကျော် ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
FMI ရှယ်ယာသည် နိုဝင်ဘာ ၄ ရက်တွင် ရှယ်ယာတစ်စု ကျပ် ၁၆၅၀၀ ဖြင့်ပင် အစုပေါင်း ၃၃၉၅ စုအရောင်းအဝယ် ဖြစ် ပေါ်ခဲ့သည်။ မြန်မာနိုင်ငံသားများဘဏ်၏ MCB ရှယ်ယာသည် နိုဝင်ဘာ ၄ ရက်တွင် ရှယ်ယာတစ်စု ကျပ် ၉၆၀၀ ၌ ဆက်လက်ရှိနေပြီး အစုပေါင်း ၈၄၃ စု အရောင်းအဝယ် ဖြစ်ပေါ်ခဲ့သည်။
သီလဝါရှယ်ယာ အရောင်းအဝယ်ပြုမှု ရပ်ဆိုင်းထားသည့် နိုဝင်ဘာ ၁ ရက်၊ ၂ ရက် နှင့် ၃ ရက်နေ့များတွင် ရန်ကုန်စတော့ အိတ်ချိန်း၌ FMI နှင့် မြန်မာနိုင်ငံသားများဘဏ် ရှယ်ယာနှစ်ခုသာ အရောင်းအဝယ် ပြုလုပ်နေပြီး နိုဝင်ဘာ ၁ ရက်တွင် ကုမ္ပဏီနှစ်ခုပေါင်းမှ ကျပ် ၄၃၅ သိန်းကျော်၊ နိုဝင်ဘာ ၂ ရက်တွင် ၅၃၁ သိန်းကျော်နှင့် နိုဝင်ဘာ ၃ ရက်တွင် ၃၉၁ သိန်းကျော်သာ အရောင်းအဝယ်ဖြစ်ခဲ့ပြီး နိုဝင်ဘာ ၄ ရက်တွင်မူ သီလဝါရှယ်ယာ ပြန်လည်ရောင်းချလာသဖြင့် ကျပ်သိန်း ၄၇၀၀ ခန့် အရောင်းအဝယ် ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ရန်ကုန်စတော့ အိတ်ချိန်းတွင် လစဉ် ရှယ်ယာ အရောင်းအဝယ် ဖြစ်ပေါ်နေမှုမှာ မတ်လတွင် ကျပ် ၂၄ ဘီလျံကျော်၊ ဧပြီတွင် FMI ကုမ္ပဏီ တစ်ခုတည်းမှ ကျပ်ငါးဘီလျံ ကျော်၊ မေလ ၂၀ ရက်တွင် သီလဝါရှယ်ယာ စတင်ရောင်းချခဲ့ပြီး ကုမ္ပဏီနှစ်ခု ဖြစ်လာခဲ့၍ ကျပ် ၁၆ ဘီလျံကျော်၊ ဇွန်လတွင် ကျပ်ခြောက်ဘီလျံကျော်၊ ဇူလိုင်တွင် ကျပ် ၃ ဒသမ ၇ ဘီလျံကျော်နှင့် သြဂုတ်၂၆ ရက်တွင် မြန်မာနိုင်ငံသားများဘဏ် ပါဝင်လာသော်လည်း ကုမ္ပဏီသုံးခုမှ ကျပ် ၂ ဒသမ ၉ ဘီလျံကျော်သာ အရောင်းအဝယ်ဖြစ်ခဲ့ပြီး စက်တင်ဘာတွင်လည်း ကျပ် ၂ ဒသမ ၄ ဘီလျံကျော်သာ အရောင်းအဝယ် ဖြစ်ပေါ်ကာ အနည်းဆုံး အရောင်းအဝယ်ဖြစ်မှု အဖြစ် စံချိန်တင်ခဲ့သည်။ ထိုသို့ စံချိန်တင် ကျဆင်းနေရာမှ အောက်တိုဘာလတွင် သီလဝါ ရှယ်ယာများကို ရှယ်ယာခွဲစိတ်မှုကြောင့် လူစိတ်ဝင်စားမှု များပြားလာပြီး ဈေးနှုန်းပြန်လည် မြင့်တက်လာသဖြင့် အောက်တိုဘာလတွင် ရန်ကုန်စတော့အိတ်ချိန်း၏ အရောင်းအဝယ်ဖြစ်မှု ပြန်လည် မြင့်တက်လာခဲ့ပြီး ကျပ် ၄ ဘီလျံကျော်ဖိုးအထိ အရောင်းအဝယ် ဖြစ်ပေါ်ခဲ့ကြောင်း ရန်ကုန်စတော့အိတ်ချိန်းမှ လအလိုက် ထုတ်ပြန်သည့် အရောင်းအဝယ်ဖြစ်မှု အခြေအနေများအရ သိရသည်။
ရှယ်ယာခွဲစိတ်မှုကြောင့် သီလဝါရှယ်ယာဈေးနှုန်း မြင့်တက်လာပြီး အစုပေါင်း ၇၈,၀၀၀ ကျော် အရောင်းအဝယ် ဖြစ်ပေါ်ခဲ့သော်လည်း FMI နှင့် MCB ရှယ်ယာများ အရောင်းအဝယ်အေးစက်










