၂၀၁၆-၂၀၁၇ဘဏ္ဍာနှစ် အောက်တိုဘာလကုန်အထိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာနှစ်ဘီလျံကျော် ဝင်ရောက်ထားပြီး သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍမှ ဒေါ်လာ တစ်ဘီလျံကျော်ဖြင့် အများဆုံးဖြစ်

၂၀၁၆-၂၀၁၇ဘဏ္ဍာနှစ် အောက်တိုဘာလကုန်အထိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာနှစ်ဘီလျံကျော် ဝင်ရောက်ထားပြီး သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍမှ ဒေါ်လာ တစ်ဘီလျံကျော်ဖြင့် အများဆုံးဖြစ်
Published 1 November 2016
နီလာ

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် အောက်တိုဘာလကုန်အထိ မြန်မာနိုင်ငံသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာနှစ်ဘီလျံကျော် ဝင်ရောက်ထားပြီး သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍမှ ဒေါ်လာတစ်ဘီလျံကျော်ဖြင့် အများဆုံး ဝင်ရောက်ထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။
ထို့ပြင် ဒုတိယ အများဆုံး အနေဖြင့် လျှပ်စစ်ကဏ္ဍမှ ဒေါ်လာ ၆၀၅ သန်းကျော် ဝင်ရောက်ထားကြောင်း သိရသည်။
၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် အောက်တိုဘာလကုန်အထိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ  ခွင့်ပြုပေးခဲ့သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၆၄ ခုအထိရှိပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ၂၀၄၃ ဒသမ ၂၈၉ သန်း ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။
ထို့ပြင် ၂၀၁၆-၂၀၁၇ဘဏ္ဍာနှစ် အောက်တိုဘာလကုန်အထိ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုဥပဒေအရ ခွင့်ပြုပေးခဲ့မှုမှာ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၂၉ ခု၊ ဒေါ်လာသန်းပေါင်း ၁၅၅ ဒသမ ၈၉၅ ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (၂၀/၂၀၁၆) ကြိမ်မြောက် အစည်းအဝေးတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေအရ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း အရေအတွက် ၁၂ ခုခွင့်ပြုခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ် လာ၁၃၈၀ ဒသမ ၄၅၄ သန်းအထိ ရှိခဲ့သည်။
အလားတူ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (၂၀/၂၀၁၆) ကြိမ်မြောက် အစည်းအဝေးတွင် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ခုနစ်ခုခွင့်ပြုခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာသန်းပေါင်း ၅၆ ဒသမ ၀၀၉ သန်းအထိ ရှိခဲ့သည်။
မြန်မာနိုင်င ံရင်းနှီးမြှုပ်နှံမှုကော်မရှင် အစည်းအဝေး(၂၀/၂၀၁၆) ကြိမ်မြောက် အစည်းအဝေးက ခွင့်ပြုခဲ့သည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများမှ အလုပ်အကိုင်ပေါင်း ၉၄၁၂ ခုကို ဖန်တီးပေးနိုင်ခဲ့ကြောင်း သိရသည်။
၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ ခြောက်ဘီလျံအထိ ဝင်ရောက်ရန် လျာထားကြောင်း သိရသည်။
လက်ရှိဘဏ္ဍာနှစ် စက်တင်ဘာလကုန်အထိ မြန်မာနိုင်ငံသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ၁၂၅၃ ဒသမ ၇၀၇ သန်း ဝင်ရောက်ခဲ့ပြီး လုပ်ငန်း ၄၇ ခုတွင် ရင်းနှီးမြှုပ်နှံခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ကာလအတွင်း ကုန်ထုတ်လုပ်ငန်း ၃၃ ခုမှ ဒေါ်လာ ၆၆၁ ဒသမ ၇၅၇ သန်း၊ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးလုပ်ငန်း ငါးခုမှ ဒေါ်လာ ၁၄၀ ဒသမ ၉၆၀ သန်း၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း နှစ်ခုမှ ဒေါ်လာ ၉၄ ဒသမ ၇၂၆သန်း၊ အိမ်ခြံမြေကဏ္ဍတွင် ဒေါ်လာ ၁၀၅သန်း၊ အခြားဝန်ဆောင်မှုကဏ္ဍမှ ဒေါ်လာ ၄၀ ဒသမ ၅၆၅ သန်းနှင့် မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍမှ ဒေါ်လာ ၈၅ ဒသမ ၀၂၇ သန်း ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။
 

Most Read

Most Recent