မြဝတီ-ရန်ကုန် ကုန်သွယ်ရေး လမ်းကြောင်း၌် တရားမဝင် ကုန်သွယ်မှုကို အထူးကင်းအဖွဲ့ဖြင့် စစ်ဆေးခဲ့ပြီး မူဆယ်-မန္တလေး ကုန်သွယ်ရေး လမ်းကြောင်းတွင် ဆက်လက်စစ်ဆေးမည်

မြဝတီ-ရန်ကုန် ကုန်သွယ်ရေး လမ်းကြောင်း၌် တရားမဝင် ကုန်သွယ်မှုကို အထူးကင်းအဖွဲ့ဖြင့် စစ်ဆေးခဲ့ပြီး မူဆယ်-မန္တလေး ကုန်သွယ်ရေး လမ်းကြောင်းတွင် ဆက်လက်စစ်ဆေးမည်
မြဝတီ-ရန်ကုန် ကုန်သွယ်ရေးလမ်းကြောင်း တစ်နေရာအား တွေ့ရစဉ်
မြဝတီ-ရန်ကုန် ကုန်သွယ်ရေးလမ်းကြောင်း တစ်နေရာအား တွေ့ရစဉ်
Published 18 October 2016
မင်းသီဟဇော်

မြဝတီ-ရန်ကုန် ကုန်သွယ်ရေး လမ်းကြောင်း၌ တရားမဝင် ကုန်သွယ်မှုများကို အထူးကင်းအဖွဲ့ဖြင့် စစ်ဆေးခဲ့ပြီး မူဆယ်-မန္တလေး ကုန်သွယ်ရေး လမ်းကြောင်းတွင် ဆက်လက်စစ်ဆေး သွားမည်ဖြစ်ကြောင်း အကောက်ခွန် ဦးစီးဌာနမှ သိရသည်။
အကောက်ခွန် ဦးစီးဌာန ရုံးချုပ်မှ အထူးကင်းအဖွဲ့ဖြင့် မြဝတီ-ရန်ကုန် ကုန်သွယ်ရေး လမ်းကြောင်းမှ ဝင်ရောက်လာသော တရားမဝင် ကုန်ပစ္စည်းများအား လမ်းကြောင်းတစ်လျှောက် ရှောင်တခင် စစ်ဆေးဖမ်းဆီးခြင်းများကို စက်တင်ဘာ ၇ ရက်မှ အောက်တိုဘာ ၇ ရက်အထိ ဆောင်ရွက်ခဲ့ရာ တစ်လတာ ကာလအတွင်း တရားမဝင်ပစ္စည်း သယ်ဆောင်လာသော မော်တော်ယာဉ် စုစုပေါင်း ၁၈ စီးကို စစ်ဆေးဖမ်းဆီး နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါယာဉ် ၁၈ စီးမှဖမ်းဆီးရမိသည့် တရားမဝင် ကုန်ပစ္စည်းမျိုးစုံ စုစုပေါင်း (ခန့်မှန်း) တန်ဖိုးမှာ ကျပ်သိန်း ၅၀၀၀ ကျော်ရှိပြီး ယာဉ် ၁၈ စီး၏ စုစုပေါင်း (ခန့်မှန်း) တန်ဖိုးမှာ ကျပ်သိန်း ၄၉၀၀ ခန့် ရှိသည့်အတွက် တရား မဝင်ကုန်သွယ်မှုမှ စုစုပေါင်း (ခန့်မှန်း) တန်ဖိုးမှာ ကျပ်သိန်းတစ်သောင်းကျော်အား ဖမ်းဆီးအရေးယူ နိုင်ခဲ့ကြောင်း အကောက်ခွန် ဦးစီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
မူဆယ်-မန္တလေး ကုန်သွယ်ရေး လမ်းကြောင်း တစ်လျှောက်တွင်လည်း ဆက်လက် စစ်ဆေးသွားမည် ဖြစ်ကြောင်း အကောက်ခွန် ဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။
ကုန်သွယ်မှုပမာဏ တိုးတက်ရန်နှင့် တရားမဝင် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရန်အတွက် တရားမဝင် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး လုပ်ငန်းများကို နယ်စပ်ကူးသန်း ရောင်းဝယ်ရေး လမ်းကြောင်းများတွင် ပြုလုပ်ခဲ့သော်လည်း အဆိုပါ အဖွဲ့များကို ၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်းတွင် ရပ်ဆိုင်းခဲ့ကြောင်း သိရသည်။
ကုန်သွယ်မှု ပြုလုပ်နေသည့် ပင်လယ်ရေကြောင်း၊ လေကြောင်းနဲ့ နယ်စပ်ကုန်သွယ်ရေးစခန်း အသီးသီးရှိ တရားမဝင် ဝင်ထွက်ပေါက်များ၌ တရားဝင်ကုန်သွယ်မှု လုပ်ငန်းများ ဖြစ်ပေါ်နေခြင်းကို ထိရောက်စွာ အရေးယူ ဆောင်ရွက်နိုင်ရန် တရားမဝင် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်ကစပြီး နိုင်ငံတော် သမ္မတရုံးမှ ဖွဲ့စည်းပေးခဲ့ဖူးကြောင်း သိရသည်။