ကျိုက်ထီးရိုးတောင်ပေါ်ရှိ အခမဲ့တည်းခိုနိုင်သည့် အဆောင်များနှင့် ဝန်ဆောင်ခပေး တည်းခိုဆောင်များ၏ တည်းခိုခနှုန်းထားများ ထုတ်ပြန်

ကျိုက်ထီးရိုးတောင်ပေါ်ရှိ အခမဲ့တည်းခိုနိုင်သည့် အဆောင်များနှင့် ဝန်ဆောင်ခပေး တည်းခိုဆောင်များ၏ တည်းခိုခနှုန်းထားများ ထုတ်ပြန်
Published 15 October 2016
ဘိုဘိုမြင့်

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော်မြတ်ကြီး တည်ရှိရာ ကျိုက်ထီးရိုးတောင်ပေါ်ရှိ အခမဲ့ တည်းခိုရာ အဆောင်များနှင့် ဝန်ဆောင်ခ တည်းခိုဆောင်များ၏ တည်းခိုခနှုန်းထားများအား သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ အောက်တိုဘာ ၁၄ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။ကျိုက်ထီးရိုးတောင် ရင်ပြင်တော်စခန်းမှ တိဿဓမ္မာရုံ ပထမထပ်ရှိ အခန်း ခြောက်ခန်းတွင် ၂၁ ဦး၊ ဆီမီး ၉၀၀၀ ဓမ္မာရုံရှိ ပထမထပ်၊ ဒုတိယထပ်နှင့် တတိယထပ်များတွင် ၆၀၀ ဦး၊ ပြည့်စုံဓမ္မာရုံ ပထမထပ်၊ ဒုတိယထပ်နှင့် တတိယထပ်များရှိ အခန်း ၁၈ ခန်းတွင် ၃၆ ဦး၊ သုံးထပ်ဓမ္မာရုံ ပထမထပ်ရှိ အခန်း ငါးခန်းတွင် ၁၀ ဦး၊ မုဆိုးတောင်ရှိ ပြည့်စုံဓမ္မာရုံ ပထမထပ်၊ ဒုတိယထပ်၊ တတိယထပ်များတွင် ၆၀၀ ဦး အခမဲ့ တည်းခိုနိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာချက်အရ သိရသည်။ဝန်ဆောင်ခပေးပြီး တည်းခိုနိုင်သည့် တည်းခိုဆောင်များနှင့် တစ်ဦးစီအတွက် ကောက်ယူမည့် ဝန်ဆောင်ခနှုန်းထားများမှာ တိဿဓမ္မာရုံ ဒုတိယထပ်၊ တတိယထပ်၊ စတုတ္ထထပ်များရှိ အခန်း ၃၉ ခန်းတွင် ၇၈ ဦး တည်းခိုနိုင်ပြီး တစ်ဦးလျှင် ကျပ် ၁၀၀၀၀ နှုန်းဖြင့် လည်းကောင်း၊ ပေ ၄၀ ဓမ္မာရုံ ပထမထပ်၊ ဒုတိယထပ်၊ တတိယထပ်များရှိ အခန်း ၈၀ ခန်းတွင် ၄၀၈ ဦးတည်းခိုနိုင်ပြီး တစ်ဦးလျှင် ကျပ် ၅၀၀၀ နှုန်းဖြင့် လည်းကောင်း၊ သုံးထပ် ဓမ္မာရုံ ဒုတိယထပ်၊ တတိယထပ်နှင့် စတုတ္ထထပ်ရှိ အခန်း ၆၈ ခန်းတွင် ၃၀၃ ဦးတည်းခိုနိုင်ပြီး တစ်ဦးလျှင် ကျပ် ၅၀၀၀ နှုန်းဖြင့် လည်းကောင်း၊ ဂေါပကအဖွဲ့ ဓမ္မာရုံ ပထမထပ်နှင့် ဒုတိယထပ်များရှိ အခန်း ၂၇ ခန်းတွင် ၅၄ ဦး တည်းခိုနိုင်ပြီး တစ်ဦးလျှင် ကျပ် ၁၀၀၀၀ နှုန်းဖြင့် လည်းကောင်း၊ တတိယထပ်၊ စတုတ္ထထပ်နှင့် ပဉ္စမထပ်များရှိ အခန်း ၅၀ ခန်းတွင် ၁၀၄ ဦး တည်းခိုနိုင်ပြီး တစ်ဦးလျှင် ကျပ် ၁၅၀၀၀ နှုန်းဖြင့် လည်းကောင်း၊ တည်းခိုဆောင် (၁) ကြူကြူဝင်း တည်းခိုခန်းရှိ အခန်း ၂၄ ခန်းတွင် ၁၁၆ ဦး တည်းခိုနိုင်ပြီး တစ်ဦးလျှင် ကျပ် ၅၀၀၀ နှုန်းဖြင့် လည်းကောင်း၊ တည်းခိုဆောင် (၂) ဝင်း တည်းခိုခန်းရှိ အခန်း ၃၉ ခန်းတွင် တစ်ဦးလျှင် ကျပ် ၅၀၀၀ နှုန်းဖြင့် လည်းကောင်း၊ တည်းခိုဆောင် (၃)၊ (၄) ဖြစ်သည့် ပွင့်ထူး တည်းခိုခန်းရှိ အခန်း ၄၆ ခန်းတွင် ၂၁၂ ဦး တည်းခိုနိုင်မည်ဖြစ်ပြီး တစ်ဦးလျှင် ကျပ် ၅၀၀၀ နှုန်းဖြင့် လည်းကောင်း တည်းခိုနိုင်ကြောင်း ထုတ်ပြန်ကြေညာချက်အရ သိရသည်။“အခုလို ကျိုက်ထီးရိုးမှာရှိတဲ့ တည်းခိုခန်းဈေးနှုန်းတွေကို တိတိကျကျ သတ်မှတ်ပေးတဲ့အတွက် တည်းခိုခန်းမှာ တည်းလိုကြတဲ့ ဘုရားဖူးတွေအတွက် အများကြီး အဆင်ပြေနိုင်ပါတယ်။ ဒီဇင်ဘာလလို ကာလမျိုးမှာ တစ်ခန်းကို သိန်းချီပေးစရာ မလိုတော့ဘူးပေါ့။ ကောင်းပါတယ်။ ကြပ်ကြပ်မတ်မတ် လုပ်ပေးနိုင်ရင် ပိုကောင်းမယ်။ ဘုရားဖူးတွေ အနေနဲ့ကလည်း စည်းကမ်းတကျလေး ရှိကြမယ်ဆိုရင် အားလုံး အဆင်ပြေကြမှာပါ” ဟု မော်လမြိုင်မြို့မှ ကိုကျော်စွာက ပြောကြားသည်။ထို့အပြင် ကျိုက်ထီးရိုး ရင်ပြင်တော်စခန်းရှိ စားသောက်ဆိုင်များတွင်လည်း ဝန်ဆောင်မှု အနေဖြင့် ဘုရားဖူးများ အနေဖြင့် အခမဲ့ တည်းခိုနိုင်မည် ဖြစ်ကြောင်းနှင့် စောင်၊ ခေါင်းအုံးငှားရမ်းမှုအား သတ်မှတ်ဈေးနှုန်းဖြင့်သာ ပေးဆောင်ရမည်ဖြစ်ကြောင်း ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့မှ စားသောက်ဆိုင်များနှင့် ပတ်သက်သည့် ထုတ်ပြန်ထားသည့် စည်းကမ်းချက်များအရ သိရသည်။မြန်မာနိုင်ငံရှိ ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော်ကြီး၏ ဗုဒ္ဓပူဇနိယ ပွဲတော်သို့ နှစ်စဉ် ပြည်တွင်းပြည်ပမှ ဘုရားဖူး၊ ဧည့်သည် နှစ်သန်းခန့် လာရောက်လေ့ရှိကြောင်း ဂေါပက အဖွဲ့၏ မှတ်တမ်းများအရ သိရသည်။