ဗဟိုဘဏ်ရည်ညွှန်းနှုန်း သုံးရက်ဆက်တိုက် လျှော့ချသော်လည်း နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၂၆၈ ကျပ်အထိ ပြန်တက်လာပြီး ငွေလဲနှုန်းကြောင့် ရွှေဈေး ကျပ် ၈၅၅၀၀၀ ကျော်အထိ ဆက်လက်မြင့်တက်

ဗဟိုဘဏ်ရည်ညွှန်းနှုန်း သုံးရက်ဆက်တိုက် လျှော့ချသော်လည်း နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၂၆၈ ကျပ်အထိ ပြန်တက်လာပြီး ငွေလဲနှုန်းကြောင့် ရွှေဈေး ကျပ် ၈၅၅၀၀၀ ကျော်အထိ ဆက်လက်မြင့်တက်
Published 12 October 2016
စည်သူအောင်

နိုင်ငံတော် ဗဟိုဘဏ်၏ ရည်ညွှန်းနိုင်ငံခြား ငွေလဲနှုန်း သုံးရက်ဆက်တိုက် လျှော့ချသော်လည်း ပြင်ပဈေးကွက်တွင် နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၂၆၈ ကျပ်အထိ ပြန်တက်လာပြီး ငွေလဲနှုန်းကြောင့် ပြည်တွင်းရွှေဈေး ကျပ် ၈၅၅၀၀၀ ကျော်အထိ ဆက်လက်မြင့်တက်လာကြောင်း ဈေးကွက်အတွင်း  နိုင်ငံခြားငွေကြေးနှင့် ရွှေရောင်းဝယ်သူများထံမှ သိရသည်။
အောက်တိုဘာ ၄ ရက်မွန်းလွဲပိုင်းမှ အောက်တိုဘာ ၁၁ ရက် နံနက်ပိုင်းအထိ ဆက်တိုက်ကျဆင်းခဲ့သော နိုင်ငံခြားငွေလဲ နှုန်းသည် အောက်တိုဘာ ၁၁ ရက်မွန်းလွဲ ပိုင်းမှစတင်ကာ ပြန်လည်မြင့်တက်ခဲ့ခြင်းဖြစ် သည်။ အောက်တိုဘာ ၄ ရက်တွင် တစ်ဒေါ် လာ ၁၂၈၈ ကျပ်အထိ မြင့်တက်ခဲ့သော ငွေ လဲနှုန်းသည်  ပြန်ကျခဲ့ရာ အောက်တိုဘာ ၁၁  ရက် နံနက်ပိုင်း၌ ၁၂၄၂ ကျပ်အထိ ရောက် ရှိခဲ့ခြင်းဖြစ်သည်။ အောက်တိုဘာ ၁၁ ရက် မွန်းလွဲပိုင်းတွင် နိုင်ငံခြားငွေလဲနှုန်း ပြန်လည် မြင့်တက်ခဲ့ရာ အောက်တိုဘာ ၁၂  ရက်တွင် ၁၂၆၈ ကျပ်အထိ ဆက်လက်မြင့်တက် လာခြင်းဖြစ်ပြီး အောက်တိုဘာ ၁၂ ရက် အဖွင့် ဈေးမှာ ၁၂၅၃ ကျပ်ဖြစ်သည်။
တစ်ပတ်အတွင်း ရက်အလိုက်အမြင့် ဆုံးဈေးနှုန်းဖြစ်ပေါ်ခဲ့သော နိုင်ငံခြားငွေလဲ နှုန်းများမှာ အောက်တိုဘာ ၆ ရက်တွင် ၁၂၈၀ ကျပ်၊ အောက်တိုဘာ ၇ ရက်တွင် ၁၂၇၁ ကျပ်၊ အောက်တို ဘာ ၈ ရက်တွင် ၁၂၆၇ ကျပ်၊ အောက်တိုဘာ ၉ ရက်တွင် ၁၂၆၈ ကျပ်၊ အောက်တိုဘာ ၁၀ ရက်တွင် ၁၂၆၄ ကျပ်၊ အောက်တိုဘာ ၁၁ ရက်တွင် ၁၂၅၇ ကျပ် အောက်တိုဘာ ၁၂ ရက်တွင်ဖြစ်ပေါ်သော အနိမ့်ဆုံးဈေးနှုန်းမှာ ၁၂၅၃ ကျပ်ဖြစ်ပြီး အမြင့်ဆုံးနှုန်းမှာ ၁၂၆၈ ကျပ်ဖြစ်ပြီး တစ် ရက်အတွင်း ဈေးနှုန်းကွာခြားမှု ၁၅ ကျပ်ရှိသည်။
အောက်တိုဘာ ၁၀ ရက်တွင် ပြင်ပဈေး ကွက်အတွင်း နိုင်ငံခြားငွေလဲနှုန်း ၁၅ ကျပ်အထိ ထိုးဆင်းခဲ့သော်လည်း ဗဟိုဘဏ်က အောက်တိုဘာ ၁၁ ရက်အတွက် သတ်မှတ်သော ရည်ညွှန်းနိုင်ငံခြား ငွေလဲနှုန်းကို အောက်တိုဘာ ၁၀ ရက်ကထက် နှစ်ကျပ်သာ လျှော့ချသတ်မှတ်ခဲ့သည်။ ယင်းအခြေအနေတွင် ပြင်ပဈေးကွက်၌ ၁၂၄၂ ကျပ်အထိ ကျဆင်းနေ ရာမှ ၁၂၅၇ ကျပ်အထိ ပြန်လည်မြင့်တက်ခဲ့ပြီး
အောက်တိုဘာ ၁၂ ရက်တွင်လည်း ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်းကို အောက်တိုဘာ ၁၁ ရက်ကထက် တစ်ကျပ်သာ လျှော့ချသတ်မှတ်ခဲ့ရာ ၁၂၆၈ ကျပ်အထိ ပြင်ပဈေးကွက်တွင် ဈေးနှုန်းမြင့်တက်ခဲ့သည်။ ဗဟိုဘဏ်နှုန်းကို အောက်တိုဘာ ၄ ရက်မှ ၇ ရက်အထိ တစ်ဒေါ်လာ ၁၂၆၀ ကျပ်အဖြစ် သတ်မှတ်ထားပြီး အောက်တိုဘာ ၁၀ ရက်တွင် ၁၂၅၈ ကျပ်၊ အောက်တိုဘာ ၁၁ ရက်တွင် ၁၂၅၆ ကျပ်၊ အောက်တိုဘာ ၁၂  ရက်တွင် ၁၂၅၅ ကျပ်အဖြစ် သတ်မှတ်ထားခြင်းဖြစ်သည်။
နိုင်ငံခြားငွေလဲနှုန်း မြင့်တက်မှုကြောင့် ကမ္ဘာ့ရွှေဈေး အပြောင်းအလဲ နည်းသော်လည်း ပြည်တွင်းရွှေဈေးသည် အောက်တိုဘာ ၁၂ ရက်တွင် ကျပ် ၈၅၅၂၀၀ အထိမြင့် တက်ခဲ့သည်။ အောက်တိုဘာ ၁၁ ရက်တွင် ၈၄၃၀၀၀ ကျော်အထိ ကျဆင်းခဲ့ပြီး ၎င်းရက်အတွင်း ငွေလဲနှုန်းမြင့်တက်မှုကြောင့် ကျပ် ၈၅၆၂၀၀ အထိ မြင့်တက်ခဲ့သော ရွှေဈေးနှုန်းသည် အောက်တိုဘာ ၁၂ ရက်တွင် ကျပ် ၈၄၆၈၀၀ ဖြင့် ဈေးဖွင့်ခဲ့ပြီး ညနေပိုင်းတွင်  ကျပ် ၈၅၅၂၀၀ အထိ ဆက်လက်မြင့်တက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။