၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် စက်တင်ဘာလကုန်အထိ ပြည်ပမှ ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်း တင်သွင်းမှု ယခင်နှစ် ကာလတူထက် ဒေါ်လာတစ်ဘီလျံနီးပါး လျော့ကျ

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် စက်တင်ဘာလကုန်အထိ ပြည်ပမှ ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်း တင်သွင်းမှု ယခင်နှစ် ကာလတူထက် ဒေါ်လာတစ်ဘီလျံနီးပါး လျော့ကျ
Published 9 October 2016
နီလာ

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် စက်တင်ဘာလကုန်အထိ မြန်မာနိုင်ငံတွင်းသို့ ပြည်ပမှ ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်း တင်သွင်းမှု ယခင်နှစ်ကာလတူထက် ဒေါ်လာတစ်ဘီလျံနီးပါး လျော့ကျနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။
၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် စက်တင်ဘာ လကုန်အထိ ပြည်ပမှ ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းတင်သွင်းမှုမှာ နိုင်ငံပိုင်ကဏ္ဍမှ ဒေါ်လာ ၁၀၆ သန်းကျော် တင်သွင်းထားပြီး ပုဂ္ဂလိက ကဏ္ဍမှ ဒေါ်လာ ၂၉၇၂ သန်းကျော် တင်သွင်းထားပြီး စုစုပေါင်း ဒေါ် လာ ၃၀၇၉ သန်းကျော် တင်သွင်း ထားသည်။
၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်စက် တင်ဘာလကုန်အထိမူ ပြည်ပမှရင်း နှီးမြှုပ်နှံမှု ကုန်ပစ္စည်းတင်သွင်းမှုမှာ နိုင်ငံပိုင်ကဏ္ဍမှ ဒေါ်လာ ၉၇၆ သန်း ကျော်တင်သွင်းထားပြီး ပုဂ္ဂလိက ကဏ္ဍမှ ဒေါ်လာ ၃၀၉၇ သန်းကျော် တင်သွင်းထားပြီး စုစုပေါင်း ဒေါ်လာ ၄၀၇၃ သန်းကျော် တင်သွင်းထား ခြင်းဖြစ်သည်။
ယခုဘဏ္ဍာနှစ် စက်တင်ဘာ လကုန်အထိနှင့် ယခင်နှစ်ကာလတူ ကို နှိုင်းယှဉ်ပြီး နိုင်ငံပိုင်နှင့်ပုဂ္ဂလိက ကဏ္ဍမှ ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်းတင်သွင်းမှုကို လေ့လာကြည့်ပါက နိုင်ငံပိုင်ကဏ္ဍမှ ဒေါ်လာ ၈၆၉ သန်း ကျော် လျော့ကျနေပြီး ပုဂ္ဂလိက ကဏ္ဍမှ ဒေါ်လာ ၁၂၄ သန်းကျော် လျော့ကျနေခြင်းဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။
ယခုဘဏ္ဍာနှစ် လက်ရှိအချိန်အထိ မြန်မာနိုင်ငံ၏ သွင်းကုန်ကဏ္ဍတွင် လုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်းနှင့် လူသုံးကုန် ပစ္စည်းများမှာ ယခင်နှစ်ကာလတူထက် ပိုမိုတင်သွင်းထားသည်။
လုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်း တင်သွင်းထားမှု အခြေအနေမှာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် စက်တင်ဘာလကုန်အထိ နိုင်ငံပိုင်ကဏ္ဍမှ ဒေါ်လာ ၄၇ သန်းကျော် တင်သွင်းထားပြီး ပုဂ္ဂလိကကဏ္ဍမှ ဒေါ်လာ ၂၄၅၉ သန်းကျော် တင်သွင်းထားပြီး စုစုပေါင်း ဒေါ်လာ ၂၅၀၆ သန်းကျော် တင်သွင်းထားသည်။ ယခင်နှစ် ကာလတူထက် ဒေါ်လာသန်း ၁၈၀ ကျော်ဖိုး ပိုမိုတင်သွင်းထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။
         

Most Read

Most Recent