နိုင်ငံခြား ခရီးသွား လာရောက်လည်ပတ်ရာတွင် ခရီးသွားဆိုင်ရာ အချက်အလက်များ အချိန်တိုအတွင်း သိရှိစေရန် Information Counter ၂၄ ခု ဖွင့်လှစ်ထားပြီးဖြစ်

နိုင်ငံခြား ခရီးသွား လာရောက်လည်ပတ်ရာတွင် ခရီးသွားဆိုင်ရာ အချက်အလက်များ အချိန်တိုအတွင်း သိရှိစေရန် Information Counter ၂၄ ခု ဖွင့်လှစ်ထားပြီးဖြစ်
Published 7 October 2016
မြတ်စုနိုင်၊ အေးမို့မို့အောင်သူ

မြန်မာနိုင်ငံသို့ နိုင်ငံခြားခရီးသွား လာရောက်လည်ပတ်ရာတွင် ခရီးသွားဆိုင်ရာ အချက်အလက်များ အချိန်တိုအတွင်း သိရှိစေရန် တစ်နိုင်ငံလုံးအရ Information Counter စုစုပေါင်း ၂၄ ခု ဖွင့်လှစ်ပေးထားကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ သိရသည်။ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ သတင်းနှင့်ပြန်ကြားရေး ကောင်တာ (Information Counter) ကို ဖွင့်လှစ်ပေးလျက်ရှိရာ ရန်ကုန်မြို့တွင် သုံးခု၊ မန္တလေးတွင် သုံးခု၊ ပြင်ဦးလွင်တွင် တစ်ခု၊ တောင်ကြီးမြို့တွင် တစ်ခု၊ ဟဲဟိုးလေဆိပ်တွင် တစ်ခု၊ တာချီလိတ်မြို့တွင် တစ်ခု၊ ပုဂံတွင် သုံးခု၊ ပုသိမ်တွင် တစ်ခု၊ ငွေဆောင်တွင် တစ်ခု၊ ချောင်းသာတွင် တစ်ခု၊ ကျိုက်ထီးရိုးတွင် တစ်ခု၊ သံတွဲတွင် တစ်ခု၊ ကော့သောင်းတွင် တစ်ခု၊ ကျိုင်းတုံတွင် တစ်ခု၊ မော်လမြိုင်တွင် တစ်ခု၊ ပဲခူးတွင် တစ်ခု၊ လွိုင်ကော်လေဆိပ်တွင် တစ်ခု ဖွင့်လှစ်ထားပြီး ထပ်မံ၍ ကယားပြည်နယ် ဖယ်ခုံမြို့တွင် တစ်ခု စုစုပေါင်း ၂၄ ခု ဖွင့်လှစ်ပေးထားကြောင်း သိရသည်။ဝန်ကြီးဌာန အနေဖြင့် Information Counter ဖွင့်လှစ်ခြင်းမှာ နိုင်ငံခြား ခရီးသွားများအတွက် ခရီးသွားဆိုင်ရာ အချက်အလက်များကို အချိန်တိုအတွင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ရည်ရွယ်၍ ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း သိရသည်။ထို့ပြင် ဝန်ကြီးဌာန အနေဖြင့် ခရီးစဉ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်တွင် အဓိက ခရီးစဉ်ဒေသများအပေါ် အခြေခံ၍ ခရီးစဉ်ဒေသသစ်များ ဖော်ထုတ်ခြင်း၊ ဈေးကွက်မြှင့်တင်ခြင်း ဆောင်ရွက်ခြင်း၊ အလားအလာရှိသည့် ခရီးစဉ်ဒေသသစ်များကို လာမည့် ခရီးသွားရာသီ (အောက်တိုဘာမှ ဖေဖော်ဝါရီ) တွင် စတင်ဈေးကွက် တိုးချဲ့နိုင်ရေး ညှိနှိုင်းဆောင်ရွက်နိုင်ရေးတို့ကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။နိုင်ငံခြား ခရီးသွားများအတွက် ဆွဲဆောင်နိုင်ရန် အလားအလာရှိသည့် ကရင်ပြည်နယ်၊ ကယားပြည်နယ်ရှိ သံတောင်ကြီးနှင့် လွိုင်ကော်ဒေသ ခရီးစဉ် ဒေသများကိုလည်း ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဦးစားပေးဆောင်ရွက်ရန် ရည်မှန်းထားကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ သိရသည်။ဆက်လက်၍ ခရီးစဉ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်တွင် လက်ရှိ အဓိက ခရီးစဉ် ဒေသများအပေါ် အခြေခံ၍ ခရီးစဉ်ဒေသသစ်များ ဖော်ထုတ်ခြင်း၊ ဈေးကွက်မြှင့်တင်ခြင်း၊ အလားအလာရှိသည့် ခရီးစဉ်ဒေသများကို လာမည့် ခရီးသွားရာသီတွင် ဈေးကွက်ချဲ့ထွင်နိုင်ရေးတို့ကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ထို့ပြင် နိုင်ငံခြား ခရီးသွားများအတွက် ဆွဲဆောင်ရန် အလားအလာရှိသည့် ကရင်ပြည်နယ် သံတောင်ကြီးနှင့် ကယားပြည်နယ် လွိုင်ကော်ဒေသ ခရီးစဉ်များကို ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဦးစားပေးဆောင်ရွက်ရန် ရည်ရွယ်ထားပြီး အဆိုပါ ခရီးစဉ် ဒေသဖွံ့ဖြိုးစေရန်အတွက် အဓိက လိုအပ်ချက်မှာ သံတောင်ကြီး၊ လိပ်သို၊ ယာဒို၊ လွိုင်ကော် ကားလမ်းပိုင်း လမ်းပန်းဆက်သွယ်မှု အဆင်ပြေစေရန် လိုအပ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူက ပြောကြားသည်။

Most Read

Most Recent