လုံခြုံရေး၊ စီးပွားရေး၊ သဘာ၀ ပတ်ဝန်းကျင်နှင့် လူမှု အကျိုးစီးပွားကို ကြီးမားစွာ အကျိုးသက်ရောက်မှု ဖြစ်စေနိုင်သော ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းကြီးများအား ခွင့်ပြုချက် ထုတ်ပေးရန် ဆောင်ရွက်သည့်အခါ ပြည်ထောင်စုလွှတ်တော်သို့ တင်ပြအတည်ပြုချက် ရယူရမည်ဟု ထည့်သွင်

လုံခြုံရေး၊ စီးပွားရေး၊ သဘာ၀ ပတ်ဝန်းကျင်နှင့် လူမှု အကျိုးစီးပွားကို ကြီးမားစွာ အကျိုးသက်ရောက်မှု ဖြစ်စေနိုင်သော ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းကြီးများအား ခွင့်ပြုချက် ထုတ်ပေးရန် ဆောင်ရွက်သည့်အခါ ပြည်ထောင်စုလွှတ်တော်သို့ တင်ပြအတည်ပြုချက် ရယူရမည်ဟု ထည့်သွင်
Published 29 September 2016
ငြိမ်းဇော်လင်း၊ မျိုးမင်းထက်

လုံခြုံရေး၊ စီးပွားရေး၊ သဘာ၀ ပတ်ဝန်းကျင်နှင့် လူမှု အကျိုးစီးပွားကို ကြီးမားစွာ အကျိုးသက်ရောက်မှု ဖြစ်စေနိုင်သော ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းကြီးများအား ခွင့်ပြုချက် ထုတ်ပေးရန် ဆောင်ရွက်သည့်အခါ ပြည်ထောင်စုလွှတ်တော်သို့ တင်ပြအတည်ပြုချက် ရယူရမည်ဟု ထည့်သွင်း၍ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေကြမ်း ပြည်သူ့လွှတ်တော် အတည်ပြု
 
 
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့် မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှု ဥပဒေတို့အပေါ်အခြေခံ၍ ရေးဆွဲထားသည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်းကို စက်တင်ဘာ ၂၈ ရက်က ပြည်သူ့လွှတ်တော်တွင် အတည်ပြုခဲ့သည်။
ယင်းဥပဒေကြမ်းကို နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားအလို့ငှာ သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင်ကို ထိခိုက်မှု မရှိစေသည့် တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နံှမှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်၊ ရင်းနှီး မြှုပ်နှံသူများနှင့် ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို အကာအကွယ်ပေးရန်၊ ပြည်သူတို့အတွက် အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ပေါက်လာစေရန်၊ လူသား အရင်းအမြစ်ဖွံ့ဖြိုးလာရန်၊ စွမ်းဆောင်ရည် မြင့်မားသည့် ထုတ်လုပ်မှု၊ ဝန်ဆောင်မှု၊ ကုန်သွယ်မှုကဏ္ဍများ ဖွံ့ဖြိုးတိုးတက်စေရန်၊ နည်းပညာ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်၊ အခြေခံအဆောက်အအုံများ အပါအဝင် ပညာရပ် နယ်ပယ်အသီးသီးနှင့် နိုင်ငံတော် တစ်ဝန်းလုံး၌ ဖွံ့ဖြိုးတိုးတက်စေရန်၊ နိုင်ငံသားများအနေဖြင့် နိုင်ငံတကာ အသိုက်အဝန်းနှင့် ယှဉ်တွဲ လုပ်ကိုင်ဆောင်ရွက်စေနိုင်ရန်၊ နိုင်ငံတကာ စံနှုန်းနှင့်ညီသော စီးပွားရေးလုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ရေးဆွဲထားခြင်းဖြစ်ကြောင်း ဥပဒေကြမ်း၏ ရည်ရွယ်ချက် အခန်းတွင် ဖော်ပြထားသည်။
အဆိုပါ ဥပဒေကြမ်းတွင် ကော်မရှင်သည် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ လုံခြုံရေး အခြေအနေ၊ စီးပွားရေးအခြေအနေ၊ သဘာဝပတ်ဝန်းကျင် အခြေအနေနှင့် လူမှုအကျိုးစီးပွားကို ကြီးမားစွာ အကျိုးသက်ရောက်မှု ဖြစ်စေနိုင်သော ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းကြီးများကို ခွင့်ပြုမိန့် ထုတ်ပေးရန် ဆောင်ရွက်သည့်အခါ အစိုးရအဖွဲ့မှတစ်ဆင့် ပြည်ထောင်စု လွှတ်တော်သို့ တင်ပြ အတည်ပြုချက် ရယူရမည်ဟု ထည့်သွင်း အတည်ပြုခဲ့သည်။
ထို့ပြင် နိုင်ငံတော်အတွင်းသို့ ဘေးအန္တရာယ်ရှိသော သို့မဟုတ် အဆိပ်အတောက်ရှိသော စွန့်ပစ်ပစ္စည်းများ သယ်ဆောင်လာနိုင်သည့် သို့မဟုတ် ပေါ်ပေါက်လာနိုင်သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၊ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှု ရည်ရွယ်ချက်ဖြင့် ပြုလုပ်သော ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများမှအပ ပြည်ပ စမ်းသပ်ဆဲဖြစ်သော သို့မဟုတ် အသုံးပြုရန်၊ စိုက်ပျိုးမွေးမြူရန်၊ အတည်ပြုချက် မရရှိသေးသော နည်းပညာများ၊ ဆေးဝါးများ၊ အပင်နှင့် တိရစ္ဆာန် မျိုးစိတ်များ၊ အသုံးအဆောင်များ သယ်ဆောင်လာနိုင်သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၊ နိုင်ငံတော်အတွင်း တိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံများကို ထိခိုက်စေသော ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၊ ပြည်သူတို့အပေါ် ဘေးအန္တရာယ်ဖြစ်စေနိုင်သော ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၊ သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ကို ထိခိုက် ပျက်စီးစေနိုင်သော ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများနှင့် တည်ဆဲ ဥပဒေတစ်ရပ်ရပ်အရ တားမြစ်ပိတ်ပင်ထားသော ကုန်ပစ္စည်းများ ထုတ်လုပ်သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို တားမြစ်သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအဖြစ် သတ်မှတ်ထားသည်ကိုလည်း ဥပဒေကြမ်းတွင် ထည့်သွင်းအတည်ပြုခဲ့သည်။
ဥပဒေကြမ်းတွင် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူသည် ပြည်ထောင်စုအစိုးရ သို့မဟုတ် အစိုးရ အဖွဲ့အစည်းများထံမှဖြစ်စေ၊ ပုဂ္ဂလိကမြေ သို့မဟုတ် အဆောက်အအုံပိုင်ရှင်ထံမှဖြစ်စေ ကော်မရှင်ခွင့်ပြုမိန့် သို့မဟုတ် အတည်ပြုမိန့် ရရှိသည့်နေ့မှစ၍ ကနဦး နှစ် ၅၀ အထိ သတ်မှတ်ချက်နှင့်အညီ မြေ သို့မဟုတ် အဆောက်အအုံ ငှားရမ်းနိုင်ကြောင်း၊ မြေ သို့မဟုတ် အဆောက်အအုံ ငှားရမ်းကာလ သို့မဟုတ် အသုံးပြုခွင့်ကာလ သက်တမ်းကုန်ဆုံးပြီးနောက် ကော်မရှင်၏ခွင့်ပြုချက်ဖြင့် တစ်ဆက်တည်း သက်တမ်းတိုးခွင့် ၁၀ နှစ်နှင့် ယင်းသက်တမ်း ကုန်ဆုံးပြီး ထပ်မံ၍ ၁၀ နှစ်သက်တမ်း တိုးမြှင့်နိုင်ကြောင်းကို ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့သည်။
ထို့ပြင် အမှုထမ်းများနှင့် အလုပ်သမားများ ခန့်ထားခြင်းနှင့် ပတ်သက်၍လည်း ရင်းနှီးမြှုပ်နှံသူသည် နိုင်ငံတော်အတွင်း ၎င်း၏ ရင်းနှီးမြှုပ်နှံမှုတွင် သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီသည့် မည်သည့်နိုင်ငံသားကိုမဆို အကြီးတန်းစီမံခန့်ခွဲမှု၊ နည်းပညာ၊ လုပ်ငန်းကျွမ်းကျင်သူနှင့် အကြံပေးအဖြစ် တည်ဆဲဥပဒေများနှင့်အညီ ခန့်အပ်နိုင်ကြောင်း၊ အကြီးတန်း စီမံခန့်ခွဲမှု၊ နည်းပညာ၊ လုပ်ငန်း ကျွမ်းကျင်သူနှင့် အကြံပေးနေရာတို့တွင် နိုင်ငံသားများအား ခန့်အပ်နိုင်ရန်အလို့ငှာ စွမ်းဆောင်ရည် မြှင့်တင်ရေး အစီအစဉ်များ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်းနှင့် ကျွမ်းကျင်မှုမလိုသော လုပ်ငန်းများတွင် နိုင်ငံသားများကိုသာ ခန့်ထားရမည်ဖြစ်ကြောင်း၊ နိုင်ငံခြားသားနှင့် နိုင်ငံသားကျွမ်းကျင်သူ အလုပ်သမားများ၊ အတတ်ပညာရှင်များနှင့် ဝန်ထမ်းများ ခန့်ထားရာတွင် အလုပ်သမားဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်ကို အလုပ်ရှင်နှင့် အလုပ်သမားတို့ နှစ်ဦးနှစ်ဖက် လက်မှတ်ရေးထိုး၍ ခန့်ထားရမည်ဖြစ်ကြောင်း ဥပဒေကြမ်းတွင် ထည့်သွင်းအတည်ပြုခဲ့သည်။
ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့သည့် ဥပဒေကြမ်းတွင် အစိုးရအဖွဲ့သည် အများပြည်သူအကျိုးအတွက် လိုအပ်ချက် တစ်ရပ်ရပ်ရှိခြင်း၊ ခွဲခြားဆက်ဆံမှုမရှိဘဲ ဆောင်ရွက်ခြင်း၊ တည်ဆဲဥပဒေများနှင့်အညီ ဆောင်ရွက်ခြင်း၊ သိမ်းယူသည့် အခြေပစ္စည်းအား မျှတ၍ ပြည့်စုံလုံလောက်သော လျော်ကြေးကို မြန်ဆန်စွာ ပေးချေခြင်း စသည့် အခြေအနေများနှင့်အညီ ဆောင်ရွက်ခြင်းမှအပ ရင်းနှီးမြှုပ်နှံမှုကို သိမ်းယူခြင်း သို့မဟုတ် နိုင်ငံပိုင်ပြုလုပ်ခြင်းကိုဖြစ်စေ၊ သွယ်ဝိုက်သိမ်းယူခြင်းကိုဖြစ်စေ၊ ရပ်ဆိုင်းစေခြင်း သဘောသက်ရောက်သော ဆောင်ရွက်မှုများကိုဖြစ်စေ မပြုလုပ်ဟု အာမခံသည်ဟု ပါရှိသည်။

Most Read

Most Recent