လှိုင်မြို့နယ်တွင် အမျိုးသားတစ်ဦးအား လူခြောက်ဦးခန့်က အုပ်စုဖွဲ့၍ လက်သီးဖြင့်ထိုး အုတ်ခဲဖြင့် ဝိုင်းထုမှု ဖြစ်ပွား

လှိုင်မြို့နယ်တွင် အမျိုးသားတစ်ဦးအား လူခြောက်ဦးခန့်က အုပ်စုဖွဲ့၍ လက်သီးဖြင့်ထိုး အုတ်ခဲဖြင့် ဝိုင်းထုမှု ဖြစ်ပွား
Published 17 September 2016
သီဟ

လှိုင်မြို့နယ်တွင် အမျိုးသားတစ်ဦးအား လူခြောက်ဦးခန့်က လက်သီးဖြင့်ထိုး အုတ်ခဲဖြင့် ဝိုင်းထုမှု ဖြစ်ပွားခဲ့ကြောင်း စက်တင်ဘာ ၁၇ တွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ စုံစမ်း သိရှိရသည်။စက်တင်ဘာ ၁၄ ရက် ည ၉ နာရီခန့်တွင် လှိုင်မြို့နယ်နေ ကို.... (၂၁ နှစ်) သည် ၎င်းအလုပ်လုပ်ကိုင်သည့် အလုပ်မှ ဖယ်ရီယာဉ်ဖြင့် နေအိမ်သို့ပြန်လာစဉ် လှိုင်မြို့နယ် (၁၃) ရပ်ကွက် သီရိမြိုင် (၂) လမ်း အရောက်တွင် ၎င်းတို့ စီးနင်းလာသည့် ဖယ်ရီယာဉ်ရှေ့မှ ပရိုဘောက် အဖြူရောင်ယာဉ်မှာ လမ်းပိတ်နေသဖြင့် ကို.... (၂၁ နှစ်) မှ အဆိုပါ ယာဉ်မောင်းအား နောက်ဆုတ်ပေးရန် ပြောဆိုခဲ့သည်။ထိုသို့ ပြောသည့် အချိန်တွင် ပရိုဘောက် ယာဉ်မောင်းက “ငါ့ဘာသာငါ ဆုတ်ချင်ဆုတ်မယ်။ မင်းအပူ မပါဘူး” ဟု ပြောသည့် အချိန်တွင် ကို.... (၂၁ နှစ်မှာ) ယာဉ်ပေါ်က ဆင်း၍ ရပ်နေစဉ် အဆိုပါ ယာဉ်မောင်းမှ ထပ်မံ၍ ညစ်ညမ်းစွာ ဆဲဆိုခဲ့ကြောင်း သိရသည်။ထို့နောက် အဆိုပါ ယာဉ်ပေါ်မှ အမျိုးသမီး တစ်ဦးက ကို.....(၂၁ နှစ်) အား “နင်ငါ့မောင်ကို ဘာလုပ်တာလဲ” ဟု ပြောဆိုပြီး လည်ပင်းကို ညှစ်ခဲ့ကြောင်း သိရသည်။ထို့နောက် အမည်မသိ အမျိုးသား၊ အမျိုးသမီး ခြောက်ဦးခန့် ထပ်မံ ရောက်ရှိလာပြီး ကို.... (၂၁ နှစ်) အား လက်သီးဖြင့်ထိုး၊ အုတ်ခဲဖြင့် ဝိုင်းထုသဖြင့် နဖူး ဖူးရောင်၊ နှာခေါင်း ဖူးရောင်၊ ယာမျက်လုံး ညိုမည်း ဖူးရောင်၊ ယာနားရွက် နောက်ပွန်းနှင့် ဝဲလက်မောင်း ပွန်းပဲ့ဒဏ်ရာများ ရရှိကာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် တင်ပို့ကုသခဲ့ရကြောင်း သိရသည်။ထို့ကြောင့် ကို.... (၂၁ နှစ်) က စက်တင်ဘာ ၁၆ ရက်တွင် လှိုင်မြို့မ ရဲစခန်းသို့ သွားရောက်တိုင်ကြားသဖြင့် သက်ဆိုင်ရာ ရဲစခန်းက (ပ) ၉၄၈/၂၀၁၆၊ ရာဇသတ်ကြီး ပုဒ်မ ၃၂၅/၂၉၄/၁၁၄ ဖြင့် အမှုဖွင့်ထားပြီး ကျူးလွန်သူများအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။