ချေးငွေ အရှုပ်တော်ပုံများက တရုတ်လျှပ်စစ်ကားလုပ်ငန်း တိုးတက်မှုကို ယိမ်းယိုင်စေခဲ့

ချေးငွေ အရှုပ်တော်ပုံများက တရုတ်လျှပ်စစ်ကားလုပ်ငန်း တိုးတက်မှုကို ယိမ်းယိုင်စေခဲ့
Published 13 September 2016
Ref: AFP

အမှန်တကယ် ထုတ်လုပ်ခဲ့ခြင်းမရှိခဲ့သော ဘတ်စ်ကားများအတွက် အစိုးရ၏ စိုက်ထုတ်ချေးငွေ ဒေါ်လာသန်းပေါင်းများစွာကို ကုမ္ပဏီငါးခုက ရယူခဲ့ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနက ဖော်ထုတ်ခဲ့ပြီးနောက် တရုတ်လျှပ်စစ်ကားလုပ်ငန်းသည် ယင်းအရှုပ်တော်ပုံကြောင့် ပျက်စီးကိန်း ဆိုက်နေသည်။လျှပ်စစ်ကားလုပ်ငန်းကို အားပေးရန် ကွန်မြူနစ်ပါတီ၏ ဘဏ္ဍာရေးထောက်ပံ့မှုများကြောင့်  လျှပ်စစ်ကားဖွံ့ဖြိုးတိုးတက်ရေးကို ပျက်စီးမှုဖြစ်စေခဲ့ခြင်း ဟုတ်၊ မဟုတ် ကိုယ်ပျောက်ဘတ်စ်ကားများ အရှုပ်တော်ပုံက မေးခွန်းများ ထွက်ပေါ်စေခဲ့သည်။အစိုးရထံမှ ဒေါ်လာ သန်း ၁၂၀ ကျော်ကို ကားကုမ္ပဏီ ငါးခုက ရယူခဲ့မှုဖြင့် ယင်းကုမ္ပဏီများကို ဒဏ်ရိုက်ခဲ့ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနက ကြေညာခဲ့သည်။ ကားကုမ္ပဏီ နောက်ထပ် ၂၀ ခန့်သည်လည်း အကျပ်အတည်းတွေ့နေရကြောင်း အမည်မဖော်လိုသော ကားလုပ်ငန်း သတင်းရစ်မြစ်များကို ကိုးကားပြီး တရုတ်သတင်းများက ဖော်ပြခဲ့သည်။ ကားကုမ္ပဏီ ၉၀ ခန့်ကို စုံစမ်းစစ်ဆေးခဲ့ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောကြားခဲ့သော်လည်း အသေးစိတ်ကို မထုတ်ဖော်ခဲ့ပေ။စိုက်ထုတ်ချေးငွေ အရှုပ်တော်ပုံကြောင့် လျှပ်စစ်ကားလုပ်ငန်း ဖွံ့ဖြိုးရေးကို အကြီးအကျယ် ထိခိုက်စေခဲ့ကြောင်း တရုတ်ကားထုတ်လုပ်သူများအသင်း ဒုတိယဥက္ကဋ္ဌ ရှူယန်ဟွာက ပြောကြားခဲ့သည်။ အစိုးရ၏ စိုက်ထုတ်ချေးငွေများကြောင့် တရုတ်သည် ပြီးခဲ့သည့်နှစ်က အမေရိကန်ကို ကျော်ကာ ကမ္ဘာ့အကြီးဆုံး လျှပ်စစ်ကားဈေးကွက် ဖြစ်လာခဲ့သည်။ တရုတ်၏ လျှပ်စစ်ကားထုတ်လုပ်ရေးလုပ်ငန်းများတွင် အကြီးဆုံးဖြစ်သော BYD Auto သည် GM နှင့် Nissan ကိုကျော်ကာ ကမ္ဘာတွင် လျှပ်စစ်ကား အများဆုံးရောင်းရသည့် ကုမ္ပဏီဖြစ်လာခဲ့သည်။ တရုတ်အစိုးရထံမှ လိမ်လည်ရယူခဲ့သော ကားကုမ္ပဏီငါးခုတွင် BYD မပါဝင်ခဲ့ပေ။တရုတ်အစိုးရသည် လျှပ်စစ်ကားကုမ္ပဏီများအား ၂၀၀၉ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း ဒေါ်လာ ငါးဘီလျံခန့် စိုက်ထုတ်ပေးခဲ့ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနက ဆိုသည်။ လျှပ်စစ်ကားကုမ္ပဏီများသည် လျှပ်စစ်ဘတ်စ်ကားတစ်စီးလျှင် ဒေါ်လာ ၇၆၀၀၀ ခန့်နှင့် အိမ်စီးကားတစ်စီးလျှင် ဒေါ် လာ ၇၅၀၀ ခန့် ပြန်အမ်းငွေ ရရှိနိုင်သည်။အရှေ့ဘက် ဆူကျိုးမြို့မှ Gemsea Bus Manufacturing ကုမ္ပဏီသည် လျှပ်စစ်ကားများ လုံးဝထုတ်လုပ်ခဲ့ခြင်း မရှိဘဲ အစိုးရ၏ စိုက်ထုတ်ချေးငွေ ဒေါ်လာ သန်း ၄၀ ရယူခဲ့ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနက ပြီးခဲ့သည့်တစ်ပတ်တွင် ပြောကြားခဲ့သည်။ အစိုးရထံမှ စိုက်ထုတ်ချေးငွေ အများဆုံးရယူခဲ့သည့်ကုမ္ပဏီမှာ ဆူကျိုးမှ King long United Automotive Industry ဖြစ်ပြီး ဒေါ်လာ သန်း ၈၀ ရယူခဲ့သည်။ ကားရောင်းချမှုများကို ပို၍စာရင်းပြခဲ့ကြောင်း စွပ်စွဲခံရပြီးနောက် ယင်းကုမ္ပဏီ၏ဥက္ကဋ္ဌသည် ယခုနှစ်အတွင်းက ကိုယ့် ကိုယ်ကိုယ် သတ်သေသွားခဲ့သည်။ ဘတ်စ်ကားထုတ်လုပ်သူများသည် အစိုးရ၏ စိုက်ထုတ်ချေးငွေ ပိုမိုရရှိသောကြောင့် အလွဲသုံးစားမှုများသည် ဘတ်စ်ကားဈေးကွက်၌ အဓိကဖြစ်ပွားခဲ့ဖွယ် ရှိသည်။    

Most Read

Most Recent