လေ့ကျင့်ခန်းက အရက်အလွန်အကျွံ သောက်သုံးမှု၏ ကျန်းမာရေး အန္တရာယ်များကို သက်သာရာ ရစေနိုင်

လေ့ကျင့်ခန်းက အရက်အလွန်အကျွံ သောက်သုံးမှု၏ ကျန်းမာရေး အန္တရာယ်များကို သက်သာရာ ရစေနိုင်
Published 8 September 2016

အရက် အလွန်အကျွံ သောက်သုံးပြီး လေ့ကျင့်ခန်း လိုက်စားသူများသည် အယ်ကိုဟောနှင့် ဆက်နွှယ်သော ရောဂါများကြောင့် သေဆုံးနိုင်ခြေမှ သက်သာရာရဖွယ်ရှိကြောင်း သုတေသန လေ့လာမှု တစ်ခုက တွေ့ရှိခဲ့သည်။ ၁၉၉၄ ခုနှစ်မှ ၂၀၀၆ ခုနှစ်အတွင်း ဗြိတိန်တွင် စောင့်ကြည့်လေ့လာခဲ့သော ယင်းသုတေသန၌ လူ ၃၆၀၀၀ ကျော်၏ အယ်ကိုဟော သောက်သုံးမှုနှင့် ကျန်းမာရေး လေ့ကျင့်ခန်း ဆောင်ရွက်မှုတို့ကို ရလဒ်များ နှိုင်းယှဉ်လေ့လာခဲ့သည်။
အယ်ကိုဟော သုံးစွဲမှုကို အဆင့်များ ခွဲခြားပြီး လုံး၀ မသောက်သုံးသင့် အဆင့်မှ ထိခိုက်နိုင်သည်အထိ သောက်သုံးမှု အဆင့်ဟူ၍ ခွဲခြားခဲ့သည် ကျန်းမာရေး လေ့ကျင့်ခန်းတွင်လည်း အပေါ့စား ဥယျာဉ်လုပ်ငန်းမှသည် လမ်းလျှောက်ခြင်းနှင့် အားကစား ပြင်းပြင်းထန်ထန် ဆောင်ရွက်ခြင်းအထိ ခွဲခြားခဲ့သည်။
သုတေသန အချက်အလက်များအရ အယ်ကိုဟော သုံးစွဲမှုနှင့် အသက်အန္တရာယ်ကြား ဆက်နွှယ်မှုကို သက်သောင့်သက်သာ သက်ရောက်မှု ဖြစ်စေရန် ကိုယ်လက်လှုပ်ရှားမှုက ပြုပြင်နိုင်ကြောင်း ဗြိတိန်အားကစား ဆေးပညာ ဂျာနယ်၌ ဖော်ပြခဲ့သည်။ အရက်အလွန်အကျွံ သောက်သုံးမှုသည် နှလုံးတိုက်ခိုက်ခံရမှု၊ လေသင်တုန်းဖြတ်မှု၊ ကင်ဆာအချို့ကြောင့် သေဆုံးနိုင်သည့် အန္တရာယ်ကို မြင့်မားစေကြောင်း ယခင် သုတေသနများက ဆက်နွှယ်ဖော်ပြခဲ့သည်။
ယခု သုတေသန၌ ပါဝင်သူများ၏ ၁၄ ဒသမ ၆ ရာခိုင်နှုန်းသည် အရက်မသောက်ကြဘဲ ၁၃ ဒသမ ၃ ရာခိုင်နှုန်းသည် ဗြိတိန်၏ သတ်မှတ်ချက်ထက် ကျော်လွန်သောက်သုံးသူများ ဖြစ်ကြသည်။ ဗြိတိန်တွင် အမျိုးသားများသည် တစ်ပတ်လျှင် ၂၁ ပက်၊ အမျိုးသမီးများသည် သီတင်းပတ်တစ်ပတ်လျှင် ၁၄ ပက်ထက် ပို၍ မသောက်သုံးရဟု ထောက်ခံ အကြံပြုထားသည်။ ဖြေဆိုသူများတွင် လေးဦးအနက် တစ်ဦးသည် ကိုယ်လက်လှုပ်ရှားမှု လုံးဝမရှိဘဲ လူအနည်းငယ်ကသာ အလွန်အကျွံ ကိုယ်လက်လှုပ်ရှားမှု ရှိသူများ ဖြစ်ကြသည်။
သို့သော်လည်း ကိုယ်လက်လှုပ်ရှားမှု၏ သက်ရောက်မှုသည် အယ်ကိုဟောနှင့် ဆက်နွှယ်သော အန္တရာယ်များကို လျော့ကျစေနိုင်ကြောင်း သုတေသနက ခိုင်မာသည့် ကောက်ချက်မချနိုင်ခဲ့ဟု သုတေသနအဖွဲ့က ပြောကြားခဲ့သည်။ ယင်းလေ့လာမှုတွင် မပါဝင်သည့် ကျွမ်းကျင်သူ အချို့ကလည်း အခြားဆက်နွှယ်မှု မရှိသည့် အချက်များက အယ်ကိုဟော သုံးစွဲမှုနှင့် ကျန်းမာရေး အန္တရာယ်ကြား ဆက်နွှယ်မှုကို ဖြစ်စေနိုင်ကြောင်း ထောက်ပြခဲ့ကြသည်။
Ref: AFP

Most Read

Most Recent