ရန်ကုန်စတော့အိတ်ချိန်းသို့ ဝင်ရောက်ရန် ကမ္ဘာ့ရတနာဘဏ် ဆောင်ရွက်နေပြီး လက်ရှိအချိန်တွင် အစုရှယ်ယာ တန်ဖိုးပေါင်း ကျပ်သန်းပေါင်း ၅၂၁၇၇ အထိရှိကြောင်း ကမ္ဘာ့ရတနာဘဏ်၏ (၂၁) ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေးသို့ တင်သွင်းသည့် ဒါရိုက်တာအဖွဲ့ အစီရင်ခံစာအရ သိရသည်။အဆိုပါ အစီရင်ခံစာတွင် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ၂၀၁၆ ခုနှစ် မတ် ၃၁ ရက်အထိ အပြည့်အ၀ ထည့်ဝင်ပြီး အစုရှယ်ယာ အရေအတွက် ၁၀၄၃၅၄ ဖြစ်ပြီး အစုရှယ်ယာ တန်ဖိုးမှာ ကျပ်သန်းပေါင်း ၅၂၁၇၇ ရှိကြောင်း ဖော်ပြထားသည်။ဘဏ်၏ ခွင့်ပြု မ,တည်ငွေရင်းမှာ ကျပ်သန်းပေါင်း ၇၀၀၀၀ ဖြစ်ပြီး အစုရှယ်ယာ တစ်စုလျှင် ကျပ်ငါးသိန်းဖြင့် အစုရှယ်ယာပေါင်း ၁၄၀၀၀၀ သတ်မှတ်ထားကြောင်း၊ ပုဂ္ဂိုလ်တစ်ဦး (သို့) အသင်းအဖွဲ့ တစ်ရပ်သည် အစုရှယ်ယာစောင်ရေ ၂၀၀၀၊ တန်ဖိုးအားဖြင့် ကျပ်သန်း ၁၀၀၀ အထိ ဝယ်ယူနိုင်ပြီး အနည်းဆုံး အစုရှယ်ယာ စောင်ရေ ၂၀၀၊ တန်ဖိုး ကျပ်သန်း ၁၀၀ နှင့်အထက် ဝယ်ယူပိုင်ဆိုင်ထားပါက ကမ္ဘာ့ရတနာဘဏ်၏ ဒါရိုက်တာအဖြစ် ရွေးချယ်ခံခွင့် ရှိကြောင်း သိရသည်။၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွက် ကမ္ဘာ့ရတနာဘဏ်တွင် အကျိုးအမြတ် ခွဲဝေပေးရန် ရှိသည့် ပုဂ္ဂလိက အစုရှယ်ယာ ၁၀၄၃၅၄ စုရှိပြီး တစ်နှစ်ပြည့် အစုရှယ်ယာ တစ်စုလျှင် ၁၅ ရာခိုင်နှုန်းဖြင့် အစုအပေါ် အမြတ်ငွေ ကျပ် ၇၅၀၀၀ ရရှိမည်ဖြစ်သည်။ အစုရှယ်ယာများအတွက် ၁၅ ရာခိုင်နှုန်းဖြင့် အကျိုးအမြတ် ခွဲဝေပေးရမည့်ငွေမှာ ကျပ်သန်း ၈၁၂၆ ဒသမ ၅၂ ဖြစ်ပြီး လာမည့်နှစ်သို့ သယ်ဆောင်သွားမ ည့်အမြတ်ငွေမှာ ကျပ် ၃၂ ဒသမ ၉၁ သန်း ဖြစ်သည်။ကမ္ဘာ့ရတနာဘဏ်သည် ၁၉၉၆ ခုနှစ် ဖေဖော်ဝါရီလတွင် မွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုးရေးဘဏ် အမည်ဖြင့် စတင် တည်ထောင်ခဲ့ပြီး ၂၀၀၃ ခုနှစ် ဇူလိုင် ၁ ရက်တွင် ကမ္ဘာ့ရတနာဘဏ် (အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်) အဖြစ် ပြောင်းလဲ သတ်မှတ်ခဲ့သည်။ လက်ရှိ အချိန်တွင် ကမ္ဘာ့ရတနာဘဏ်သည် ဘဏ်ခွဲပေါင်း ၁၂၃ ခုအထိ ဖွင့်လှစ်ထားပြီး ပြည်တွင်းပုဂ္ဂလိဘဏ်များတွင် ဘဏ်ခွဲဖြန့်ကျက်မှု အဆင့်လေးတွင် ရှိသည်။ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း အခွန်အများဆုံး ထမ်းဆောင်သည့် ကုမ္ပဏီများ အဖွဲ့အစည်း ၁၀၀၀ တွင် အခွန်ထမ်းဆောင်မှု အဆင့်ခြောက် ရရှိခဲ့ပြီး ဘဏ်များထဲတွင် အဆင့်သုံး ရရှိခဲ့သည်။ထို့အပြင် ကမ္ဘာ့ရတနာဘဏ်သည် နိုင်ငံတကာ ဘဏ်များနှင့် ချိတ်ဆက်ဆောင်ရွက်လျက် ရှိသည့်အပြင် Western Union နှင့် ပူးပေါင်း၍ နိုင်ငံပေါင်း ၂၀၀ ကျော်သို့ ငွေလွှဲလုပ်ငန်းများ ဆောင်ရွက်လျက် ရှိသည်။ ဗဟိုဘဏ်မှ AD လိုင်စင် ခွင့်ပြုချက်ကို ၂၀၁၂ ခုနှစ်တွင် ရရှိခဲ့ပြီး နိုင်ငံခြားငွေဖြင့် စာရင်းများ ဖွင့်လှစ် ဆောင်ရွက်ပေးခြင်း၊ Trade Finance လုပ်ငန်းများအတွက် L/C၊ TT လုပ်ငန်း၊ Performance Bank Guarantee လုပ်ငန်းတို့ကို ဆောင်ရွက်လျက်ရှိသည်။
ရန်ကုန်စတော့အိတ်ချိန်းသို့ ဝင်ရောက်ရန် ကမ္ဘာ့ရတနာဘဏ် ဆောင်ရွက်နေပြီး လက်ရှိတွင် အစုရှယ်ယာ တန်ဖိုးပေါင်း ကျပ် ၅၂၁၇၇ သန်းအထိ ရှိ