ဘင်္ဂါလီဟု ယူဆရသူ ရှစ်ဦးအား မလေးရှားနိုင်ငံသို့ တရားမဝင် ပို့ဆောင်ရန် ခေါ်ဆောင်လာသူနှင့် အတူ ကျိုက်ထိုမြို့တွင် ဖမ်းဆီးရမိ

ဘင်္ဂါလီဟု ယူဆရသူ ရှစ်ဦးအား မလေးရှားနိုင်ငံသို့ တရားမဝင် ပို့ဆောင်ရန် ခေါ်ဆောင်လာသူနှင့် အတူ ကျိုက်ထိုမြို့တွင် ဖမ်းဆီးရမိ
Published 28 July 2016
ဘိုဘိုမြင့်

ဘင်္ဂါလီဟု ယူဆရသူ ရှစ်ဦးအား မလေးရှားနိုင်ငံသို့ တရားမဝင် ပို့ဆောင်ရန် ခေါ်ဆောင်လာသူ တစ်ဦးနှင့် အတူ ဇူလိုင် ၂၇ ရက် နံနက် ၁ နာရီခွဲက ကျိုက်ထိုမြို့ တောင်သူစု ရပ်ကွက်ရှိ ‘ထက်’ စက်သုံးဆီဆိုင်ရှေ့တွင် ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။ဖြစ်စဉ်မှာ ကျိုက်ထိုမြို့နယ် ဒုရဲတပ်ဖွဲ့မှူး သံမရောင်း၊ သထုံခရိုင် မှုခင်းနှိမ်နင်းရေး ဌာနမှ ရဲအုပ်အောင်သူ၊ ကျိုက်ထိုမြို့မ ရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ်ဇော်မျိုးလွင် ဦးစီးအဖွဲ့များမှ သက်သေများနှင့်အတူ ကျိုက်ထိုမြို့ တောင်သူစုရပ်ကွက် ‘ထက်’ စက်သုံးဆီ အရောင်းဆိုင်ရှေ့တွင် မှုခင်းကျဆင်းရေးအတွက် ပိတ်ဆို့ရှာဖွေရေး ဆောင်ရွက်နေစဉ် ရန်ကုန်ဘက်မှ မော်လမြိုင်ဘက်သို့ မောင်းနှင်လာသည့် ရွှေစင်စင်္ကြာ မှန်လုံယာဉ်နှစ်စီးပေါ်မှ ဘင်္ဂါလီလူမျိုးဟု ယူဆရသူ ရှစ်ဦးအား ရန်ကုန်တိုင်းဒေသကြီး တောင်ဒဂုံမြို့နယ် (၁၉) ရပ်ကွက် နီလာလမ်းနေ မသက်မာဝင်း  (၂၃ နှစ်)၊ (ဘ) ဦးစိုးမြင့်၊ (မွတ်စလင်/အစ္စလာမ်) ဆိုသူမှ ဦးဆောင် ခေါ်ယူလာကြောင်း စစ်ဆေး တွေ့ရှိခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။မသက်မာဝင်း ဦးဆောင်မှုနှင့်အတူ လိုက်ပါလာသူများမှာ ဟာဘယ်စမောက် (၁၉) နှစ် (ဘ) ဦးဘာဘော်ရှာ (မွတ်စလင်/အစ္စလာမ်) ကျောက်တော်မြို့ ရခိုင်ပြည်နယ်၊ စောရိုးနီဘော်ရှာ (၁၈) နှစ် (ဘ) ဦးဘာဘော်ရှာ (မွတ်စလင်/အစ္စလာမ်) ပိဆီပိုက်စေးရွာ ကျောက်တော်မြို့နယ် ရခိုင်ပြည်နယ်၊ အာဂျစ် (၁၉) နှစ် (ဘ) ဦးဇော်လွန်းရှား (မွတ်စလင်/အစ္စလာမ်) ကာတေရွာကျောက်တော်မြို့နယ် ရခိုင်ပြည်နယ်၊ အာမီရာမတ် (၁၆) နှစ် (ဘ) ဦးဖိုးစန်းအာမက် (မွတ်စလင်/အစ္စလာမ်) ရေတေနာပုံရွာ ကျောက်တော်မြို့နယ်၊ ဒွန်မာစသောဘား (၁၆) နှစ် (ဘ) ဦးသောရိုးမွန်ရိုးလ် (မွတ်စလင်/အစ္စလာမ်) တောင်တောင်ကရားကျေးရွာ ကျောက်တော်မြို့နယ် ရခိုင်ပြည်နယ်၊ ရယ်ရာဇိုးလောက် (၁၈) နှစ် (ဘ) ဦးမာမွတ်ကောဘီလ် (မွတ်စလင်/အစ္စလာမ်) တောင်တောင်ကရားကျေးရွာ ကျောက်တော်မြို့နယ် ရခိုင်ပြည်နယ်၊ ဇူဘိုရ် (၂၈) နှစ် (ဘ) ဦးအာမန်ဟူဆန် (မွတ်စလင်/အစ္စလာမ်) အလယ်ကျွန်းကျေးရွာ ကျောက်တော်မြို့နယ် ရခိုင်ပြည်နယ်နှင့် မာသာဟေး (၁၈) နှစ် (ဘ) ဦးအဒူဂေါ်ဖူး (မွတ်စလင်/အစ္စလာမ်) ဝကင်းကျေးရွာ ကျောက်တော်မြို့နယ် ရခိုင်ပြည်နယ်တို့ဖြစ်ကြောင်း မှတ်တမ်းများအရ သိရသည်။“ကျွန်တော်တို့ အနေနဲ့ မသက်မာဝင်းကို စစ်ဆေးမေးမြန်းတဲ့အခါ ဒီဘင်္ဂါလီလူမျိုးလို့ ယူဆရတဲ့သူ ရှစ်ဦးကို မော်လမြိုင်မြို့ကနေ တစ်ဆင့် မလေးရှားနိုင်ငံကို အလုပ်လုပ်ကိုင်ဖို့ ပို့ဆောင်ပေးတာ ဖြစ်တယ်လို့ ထွက်ဆိုတယ်။ တစ်ဦးကို ကျပ် ၁၂ သိန်းနဲ့လက်ခံရယူပြီးပို့ ဆောင်ပေးတယ်လို့ ထွက်ဆိုပါတယ်။ မော်လမြိုင်မြို့ လှိုင်အဝေးပြေးဝင်းကိုရောက်ရင် မသက်မာဝင်းရဲ့ ခင်ပွန်းဖြစ်သူ စိုးသန်း (ခ) ကဗစ်အာမက် (၄၃) နှစ် (ဘ) ဦးဂျလား (မွတ်စလင်/အစ္စလာမ်) ဆိုသူက ကြိုပြီး မလေးရှားနိုင်ငံကို ပို့ဆောက်ပေးဖို့စီစဉ်ထားတယ်လို့ ထွက်ဆိုထားပါတယ်” ဟု ကျိုက်ထိုမြို့မ ရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ်ဇော်မျိုးလွင်က The Daily Eleven သတင်းစာသို့ ပြောကြားသည်။အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး မသက်မာဝင်းနှင့် စိုးသန်း (ခ) ကဗစ်အာမက်တို့ နှစ်ဦးအား ကျိုက်ထိုမြို့မ ရဲစခန်းက (ပ)၂၆၃/၂၀၁၆၊ ပြည်ပအလုပ်အကိုင် ဥပဒေပုဒ်မ ၂၆ ဖြင့် အမှုဖွင့် အရေးယူထားပြီး ဘင်္ဂါလီဟု ယူဆရသူ ရှစ်ဦးအား ကျိုက်ထိုမြို့နယ် လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနမှ စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။          

Most Read

Most Recent