မန္တလေးမြို့ ချမ်းအေးသာစံ မြို့နယ်ရှိ မန္တလေး ဆေးရုံကြီးရှေ့ လမ်းနံဘေးတွင် ဇူလိုင် ၈ ရက်က လူသတ်မှု ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်း ရရှိသည်။
ဖြစ်စဉ်မှာ ချမ်းအေးသာစံမြို့နယ် ဟေမမာလာတောင်ရပ်ကွက်၊ လမ်း ၃၀၊ ၇၆ လမ်း နှင့် ၇၇ လမ်းကြားတွင် ရှိသည့် မန္တလေး ဆေးရုံကြီး လမ်းဘေးတွင် ဇူလိုင် ၈ ရက် ည ၉ နာရီ ၄၅ မိနစ်က စောခွားလေး (၅၈ နှစ်) သည် မျိုးနိုင် (၄၁ နှစ်)၊ ကုလား (ခ) ဇော်ထွန်းတို့နှင့် အတူ အရက်သောက်စားကာ မျိုးနိုင်နှင့် ကုလား (ခ) ဇော်ထွန်းတို့က စောခွားလေးအား ဖုန်းနှင့် ပိုက်ဆံအိတ် ခိုးသည်ဟု စွပ်စွဲ ပြောဆိုရာမှ စကားများရန်ဖြစ်ပြီး မျိုးနိုင်က လက်သီးနှင့်ထိုး၊ ခြေထောက်နှင့်ကန်၊ တံမြက်စည်းရိုးနှင့် ရိုက်သောကြောင့် စောခွားလေး လဲကျသွားစဉ် ကုလား (ခ) ဇော်ထွန်းက အနီးတွင်ရှိသည့် ခဲဖြင့် စောခွားလေးအား ထုကာ ထွက်ပြေးသွားပြီး ယာပါးပေါက်ပြဲ၊ ယာနှုတ်ခမ်းကွဲ၊ နှာခေါင်း၊ ပါးစပ်သွေးထွက် ဒဏ်ရာများ ရရှိပြီး အခင်းဖြစ် နေရာတွင် သေဆုံးကြောင်း ရဲမှတ်တမ်းက ဆိုသည်။
အဆိုပါ လူသတ်မှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး မြို့မရဲစခန်း (ချမ်းအေးသာစံ) မှ မျိုးနိုင်နှင့် ကုလား (ခ) ဇော်ထွန်းတို့အား (ပ) ၂၀၉/၂၀၁၆ ပြစ်မှုပုဒ်မ ၃၀၂/ ၁၁၄ အရ အမှုဖွင့်ကာ အမှုမှ တရားခံဖြစ်သူ မျိုးနိုင်အား ဖမ်းဆီးရမိခဲ့ပြီး ကုလား(ခ) ဇော်ထွန်းအား ဖမ်းဆီးရမိရေး အတွက် ဆောင်ရွက်လျက် ရှိကြောင်း ရဲမှတ်တမ်းအရ သိရသည်။
ချမ်းအေးသာစံ မြို့နယ်အတွင်း လူသတ်မှု ဖြစ်ပွား
Most Read
Most Recent
28 min ago
43 min ago
43 min ago
43 min ago
43 min ago
43 min ago