တရုတ်စူပါလိဂ်ကလပ် ရှန်ဟိုင်း SIPG အသင်းသည် ရုရှားကလပ် ဇင်းနစ်အသင်း၏ ဘရာဇီးလ်တိုက်စစ်မှူး ဟော့ခ်ကို အာရှစံချိန်တင်ပြောင်းရွှေ့ကြေး ယူရို ၅၅ သန်း ဖြင့် ခေါ်ယူနိုင်ခဲ့ကြောင်း သိရသည်။ဟော့ခ် (၂၉ နှစ်) သည် ပေါ်တိုအသင်းတွင် ၂၀၀၈ မှ ၂၀၁၂ ခုနှစ်၊ ဇင်းနစ်အသင်းတွင် ၂၀၁၂ မှ ၂၀၁၆ ခုနှစ် အထိ ပါဝင်ကစားခဲ့ပြီး ရှန်ဟိုင်း SIPG အသင်းနှင့် စာချုပ် ချုပ်ဆိုရန် ဇွန် ၂၉ ရက်က ရှန်ဟိုင်းလေဆိပ်သို့ရောက်ရှိလာရာ ပရိသတ်အများအပြား လာရောက်ကြိုဆိုခဲ့ကြောင်း သိရသည်။ဇင်းနစ်အသင်းသည် ၎င်းင်းအတွက် ပြောင်းရွှေ့ ကြေး ယူရို ၅၅ သန်း (ဒေါ်လာ ၆၁ သန်း) ရရှိမည်ဖြစ်ကြောင်း ရုရှားမီဒီယာများက ဖော်ပြခဲ့သော်လည်း Transfermarkt ဝက်ဘ်ဆိုက်၏ ဖော်ပြချက်အရ ယူရို ၅၈ သန်းအထိ ရောက် ရှိနိုင်ကြောင်း သိရသည်။ယင်းပမာဏမှာ ပြီးခဲ့သည့် ဇန်နဝါရီ အပြောင်းအရွှေ့တွင် ယူကရိန်းကလပ် ရှက်တာဒိုးနက် အသင်းမှ ကျန်းဆုဆန်နင်းအသင်းသို့ ယူရို သန်း ၅၀ ဖြင့် ပြောင်းရွှေ့ခဲ့သည့် အဲလက်စ်တိုင်ဆီရာ၏စံချိန်ကို ကျော် ဖြတ်ကာ စံချိန်သစ်တင်မည်ဖြစ်ကြောင်း သိရသည်။ဟော့ခ် သည် ဇွန် ၃၀ ရက် (ယနေ့) တွင် ဆေးစစ်မှုခံယူကာ အပြီး သတ် လက်မှတ်ရေးထိုး၍ သတင်းစာ ရှင်းလင်းပွဲပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။
ဇင်းနစ်တိုက်စစ်မှူး ဟော့ခ်ကို အာရှစံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် တရုတ်ခေါ်ယူ
Most Read
Most Recent
12 hours ago
12 hours ago
12 hours ago
12 hours ago
12 hours ago
12 hours ago