၂၀၁၆ အိုလံပစ်နေ့အထိမ်းအမှတ် ကာယဗလနှင့် ကိုယ်ကာယကြံ့ခိုင်မှု မယ်ပြိုင်ပွဲ ကို ဇွန် ၁၈ ရက်က မင်းဓမ္မလမ်းရှိ MCC ခန်းမ ၌ ကျင်းပရာ ကိုယ်ကာယကြံ့ခိုင်မှု မယ်ပြိုင်ပွဲ ၁၆၀ စင်တီမီတာအောက်ပြိုင်ပွဲ၌ ဆုမြင့်ဝင်း၊ ၁၆၀ စင်တီမီတာအထက်ပြိုင်ပွဲ၌ နေခြည်တင့်ဝေတို့ ချန်ပီယံဆု ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။ ယင်းပြိုင်ပွဲတွင် ပြိုင်ပွဲအမျိုးအစား ငါးမျိုး ထည့်သွင်း ကျင်းပခဲ့ပြီး အားကစား ဝါသနာရှင်များ လာရောက်အားပေးခဲ့သည်။ယင်းပြိုင်ပွဲတွင် ကာယဗလမောင် သက်ကြီးတန်း ပြိုင်ပွဲ၌ ၁၁ ဦး၊ သက်ငယ်တန်းပြိုင်ပွဲ၌ ၂၀ ဦး၊ အလွတ်တန်းပြိုင်ပွဲ၌ ၁၄ ဦး၊ ကိုယ်ကာယ ကြံ့ခိုင်မှုမယ်ပြိုင်ပွဲ ၁၆၀ စင်တီမီတာ အောက်ပြိုင်ပွဲ၌ ရှစ်ဦး၊ ၁၆၀ စင်တီမီတာ အထက်ပြိုင်ပွဲ၌ ခြောက်ဦး၊ စုစုပေါင်း ၅၉ ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။ ပြိုင်ပွဲအပြီးတွင် ကိုယ်ကာယ ကြံ့ခိုင်မှုမယ်ပြိုင်ပွဲ ၁၆၀ စင်တီမီတာအောက် ပြိုင်ပွဲ၌ ပထမ-ဆုမြင့်ဝင်း၊ ဒုတိယ-နန်းလောင်ခမ်း၊ တတိယ-ဆုမွန်လှိုင်၊ ၁၆၀ စင်တီမီတာအထက်ပြိုင်ပွဲ၌ ပထမ-နေ ခြည်တင့်ဝေ၊ ဒုတိယ-အင်ကြင်းသန့်ဇင်၊ တတိယ-မေဇင်မြင့်တို့ ရရှိခဲ့သည်။ကာယဗလမောင် အလွတ်တန်းပြိုင်ပွဲတွင် ပထမ- ထွန်းထွန်းအောင်၊ ဒုတိယ-ထွန်းမင်း၊ တတိယ - ချစ်ငွေ၊ အငယ်တန်းပြိုင်ပွဲတွင် ပထမ-အိပ်ချ်ဘရန်မိုင်၊ ဒုတိယ-ရဲထက်အောင်၊ တတိယ- ထက်ဝဠာထင်ရှားတို့ ရရှိခဲ့သည်။သက်ကြီးတန်းပြိုင်ပွဲတွင် ပထမ-တင်လတ်၊ ဒုတိယ- ဝင်းတင်၊ တတိယ-ကြည်ထွေးတို့ ရရှိခဲ့သည်။ ယင်းပြိုင်ပွဲကို Nat Ray က စပွန်ဆာ ပေးခဲ့ခြင်းဖြစ်ပြီး Mr. Nat Ray ဆုကို အလွတ်တန်းချန်ပီယံ ထွန်းထွန်းအောင်၊ Ms. Real ဆုကို ၁၆၀ စင်တီမီတာအောက် ပြိုင်ပွဲ၌ ဆုမြင့်ဝင်း၊ ၁၆၀ စင်တီမီတာအထက် ပြိုင်ပွဲ၌ နေခြည်တင့်ဝေတို့က ရရှိခဲ့ကြောင်း သိရသည်။ယင်းပြိုင်ပွဲတွင် ပြိုင်ပွဲအမျိုးအစားအလိုက် ဆုကြေးငွေများ ချီးမြှင့်ခဲ့ပြီး အဆင့် ၁ မှ ၅ အထိ ဆုချီးမြှင့်ခဲ့ကြောင်း သိရသည်။
အိုလံပစ်နေ့ ကိုယ်ကာယကြံ့ခိုင်မှု မယ်ပြိုင်ပွဲတွင် ဆုမြင့်ဝင်းနှင့် နေခြည်တင့်ဝေတို့ ချန်ပီယံဆု ရရှိ
၁၆၀ စင်တီမီတာအထက်ပြိုင်ပွဲ၌ ပထမဆုရ နေခြည်တင့်ေ၀ (ဝဲ) နှင့် ဒုတိယဆုရ အင်ကြင်းသန့်ဇင် (ဓာတ်ပုံ-ညီညီစိုးညွန့်)