ကချင်ပြည်နယ်တွင် ငါးလအတွင်း မူးယစ်ဆေးဝါး အမှုပေါင်း ၄၃၆ မှုနှင့် တရားခံပေါင်း ၈၀၂ ဦးကို ဖမ်းဆီးအရေးယူထားကြောင်း ပြည်နယ်ရဲတပ်ဖွဲ့ မှတ်တမ်းများအရ သိရသည်။ကချင်ပြည်နယ်အတွင်း ဇန်နဝါရီလတွင် အမှုပေါင်း ၇၂ မှု၊ တရားခံပေါင်း ၁၆၄ ဦး၊ ဖေဖော်ဝါရီလတွင် အမှုပေါင်း ၇၇ မှု၊ တရားခံပေါင်း ၁၄၆ ဦး၊ မတ်လတွင် အမှုပေါင်း ၈၁ မှု၊ တရားခံပေါင်း ၁၅၆ ဦး၊ ဧပြီလတွင် အမှုပေါင်း ၈၈ မှု၊ တရားခံပေါင်း ၁၃၉ ဦး၊ မေလတွင် အမှုပေါင်း ၁၁၈ မှု၊ တရားခံပေါင်း ၁၉၇ ဦး၊ စုစုပေါင်း အမှု ၄၃၆ မှုနှင့် ကျား/မ တရားခံပေါင်း ၈၀၂ ဦးကို ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ယင်းနှုန်းထားမှာ တစ်ရက်လျှင် ၆ ဦး နီးပါး ဖမ်းဆီးခံနေရခြင်းဖြစ်ပြီး ကချင်ပြည်နယ်တွင် ၂၀၁၂ ခုနှစ်တွင် မူးယစ်ဆေးဝါး အမှု ၁၁၃၈ မှု၊ တရားခံဦးရေ ၁၆၉၆ ဦး၊ ၂၀၁၃ ခုနှစ်တွင် ၁၅၀၂ မှု တရားခံဦးရေ ၂၂၉၉ ဦး၊ ၂၀၁၄ ခုနှစ်တွင် အမှုပေါင်း ၁၈၉၀ မှု တရားခံဦးရေ ကျား ၂၃၆၅ ဦး၊ မ ၃၈၄ ဦး စုစုပေါင်း ၂၇၄၉ ဦး၊ ၂၀၁၅ ခုနှစ်တွင် အမှုပေါင်း ၁၆၇၁ မှု၊ တရားခံ ကျား ၁၈၄၇ ဦး၊ မ ၂၉၅ ဦး စုစုပေါင်း ၂၁၄၂ဦးတို့ကို အရေးယူခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ်တွင် ငါးလအတွင်း မူးယစ်ဆေးဝါး အမှုပေါင်း ၄၃၆ မှုနှင့် တရားခံပေါင်း ၈၀၂ ဦးကို ဖမ်းဆီး အရေးယူထား