ရာပြည့်ကိုပါ အမေရိက အဖွင့်မှာ နာမည်ကြီး အသင်းတွေ အဖွင့်လှမလား

ရာပြည့်ကိုပါ အမေရိက အဖွင့်မှာ နာမည်ကြီး အသင်းတွေ အဖွင့်လှမလား
Published 4 June 2016

ကိုပါအမေရိကပြိုင်ပွဲ ရာပြည့် အထိမ်းအမှတ်အဖြစ် တောင်အမေရိကပြင်ပ အမေရိကန်နိုင်ငံမှာ ပထမဆုံး ကျင်းပတဲ့ ပြိုင်ပွဲကို အမေရိကန်- ကိုလံဘီယာ ပွဲစဉ်နဲ့ စတင်ဖွင့်လှစ်မှာပါ။ တောင်အမေရိက ထိပ်သီးတွေထဲမှာ အာဂျင်တီးနား တစ်သင်းသာ လူစုံတက်စုံ အင်ပြည့်အားပြည့် ပါဝင်လာပြီး ရေပန်းစားမှု အပြတ်အသတ် အသာနဲ့ ဦးဆောင်နေပါတယ်။ တခြား တောင်အမေရိက ထိပ်သီးအသင်းတွေကတော့ ဒီပြိုင်ပွဲမှာ အားနည်းနေပြီး မျှော်လင့်မထားတဲ့ ရလဒ်တွေ ထွက်ပေါ်လာနိုင်ခြေ ရှိနေပါတယ်။အမေရိကန် နှင့် ကိုလံဘီယာ (၄-၆-၂၀၁၆ စနေ နံနက် ၈း၀၀)နောက်ဆုံးတွေ့ ■ အမေရိကန် ၁-၂ ကိုလံဘီယာအိမ်ရှင် အမေရိကန်က ပြိုင်ပွဲအကြိုမှာ တောင်အမေရိက အသင်းတွေနဲ့ ခြေသွေးခဲ့ပြီး အီကွေဒေါ၊ ဘိုလစ်ဗီးယားတို့ကို အနိုင်ရခဲ့ပါတယ်။ ကိုလံဘီယာကတော့ ဖယ်လ်ကာအို၊ ဂျက်ဆင် မာတီနက်ဇ်တို့လို တိုက်စစ်မှူးတွေကို ချန်လှပ်ခဲ့ပြီး ဘက်ကာ တစ်ဦးတည်းကိုပဲ အားပြုကစားဖို့ များပါတယ်။ ခံစစ်ပိုင်း မာကျောပြီး အိမ်ရှင်လည်း ဖြစ်နေတဲ့ အမေရိကန်ကို ရွေးချယ်ချင်ပါတယ်။ကော်စတာရီကာ နှင့် ပါရာဂွေး (၅-၆-၂၀၁၆ တနင်္ဂနွေ နံနက် ၃း၃၀)နောက်ဆုံးတွေ့ ■ ကော်စတာရီကာ ဝ-၀ ပါရာဂွေးကွန်ကာကပ်ဖ်ဇုန်မှာတော့ ကော်စတာရီကာက လျှော့တွက်မရတဲ့ အသင်းပါ။ ဗဟို အမေရိကဖလား ချန်ပီယံအဖြစ်နဲ့ ဒီပြိုင်ပွဲကို ဝင်ခွင့်ရထားတာလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ တောင်အမေရိက အသင်းတွေနဲ့ ယှဉ်ရင်တော့ ကော်စတာရီကာ တစ်တန်းနိမ့်နေပါတယ်။ အသင်းရဲ့ အားထားရတဲ့ ရီးယဲလ်မက်ဒရစ် ဂိုးသမား နာဗတ်စ်လည်း မပါခဲ့ဘူး။ ပါရာဂွေး ကပ်နိုင်သွားဖို့ များပါတယ်။ဟေတီ နှင့် ပီရူး (၅-၆-၂၀၁၆ တနင်္ဂနွေ နံနက် ၆း၀၀)နောက်ဆုံးတွေ့ ■ ဟေတီ ၁-၁ ပီရူးဟေတီက ကွန်ကာကပ်ဖ်ဇုန်မှာတောင် ပုံမှန်ခြေစွမ်း မရှိပါဘူး။ တိုက်စစ်ပိုင်း အားနည်းပြီး ဂိုးရဖို့ ရုန်းကန်ရတတ်ပါတယ်။ ပြိုင်ပွဲအကြို တောင်အမေရိကအသင်း ကိုလံဘီယာနဲ့ ခြေစမ်းပွဲမှာလည်း ဂိုးပြတ်ရှုံးထားပါတယ်။ ပီရူးကို ကိုလံဘီယာလောက် မျှော်လင့်ထားလို့ မရပေမယ့် တောင်အမေရိက အသင်း ပီသစွာ ဂိုးသွင်း စိတ်ချရပါတယ်။ ပီရူး နှစ်ဂိုး ပြတ်လောက်နဲ့ နိုင်မယ်ထင်တယ်။  ဘရာဇီးလ် နှင့် အီကွေဒေါ (၅-၆-၂၀၁၆ တနင်္ဂနွေ နံနက် ၈း၃၀)နောက်ဆုံးတွေ့ ■ ဘေရာဇီးလ် ၁-၀ အီကွေဒေါဘရာဇီးလ်က ရီယိုအိုလံပစ်ကို ပစ်မှတ်ထားနေလို့ ဒီပြိုင်ပွဲမှာ တင်းပြည့်ကျပ်ပြည့် လူစာရင်း ပါမလာပါဘူး။ ဒီကြားထဲ ပြိုင်ပွဲနဲ့ နီးကပ်ချိန်မှ ကာကာ၊ ဂူစတာဗိုတို့ အကြောင်း အမျိုးမျိုးနဲ့ နုတ်ထွက်သွားခဲ့ပြီး ဘရာဇီးလ် ပြည်တွင်းလိဂ် ကစားသမားတွေနဲ့ အစားထိုးခဲ့ရပါတယ်။ လုပ်အားနှုန်းကောင်းပြီး ကစားပုံမာကျောတဲ့ အီကွေဒေါ တစ်မှတ် ရနိုင်ခြေရှိပြီး ဘရာဇီးလ် အလွန်ဆုံး ကပ်နိုင်ရုံပါပဲ။ဂျမေကာ နှင့် ဗင်နီဇွဲလား (၆-၆-၂၀၁၆ တနင်္လာ နံနက် ၃း၃၀)နောက်ဆုံးတွေ့ ■ ဂျမေကာ ၂-၁ ဗင်နီဇွဲလားကာရစ်ဘီယံ ချန်ပီယံအဖြစ် ဝင်ခွင့်ရထားတဲ့ ဂျမေကာကို သတိထားရမယ်။ ပြိုင်ပွဲ အကြို နောက်ဆုံးခြေစမ်းပွဲမှာ လက်ရှိ ကိုပါအမေရိက ချန်ပီယံ ချီလီအသင်းကိုတောင် အနိုင်ကစားခဲ့ပါတယ်။ ဗင်နီဇွဲလားကတော့ လက်ရှိ တောင်အမေရိက အသင်းတွေထဲမှာ အားအနည်းဆုံး အသင်းပါ။ နောက်ဆုံး ကစားခဲ့တဲ့ ၁၄ ပွဲမှာလည်း နိုင်ပွဲတစ်ပွဲသာ ရထားပါတယ်။ ဂျမေကာ အနိမ့်ဆုံး သရေပါ။မက္ကဆီကို နှင့် ဥရုဂွေး (၆-၆-၂၀၁၆ တနင်္လာ နံနက် ၆း၃၀)နောက်ဆုံးတွေ့ ■ ဥရုဂွေး ၁-၀ မက္ကဆီကိုမက္ကဆီကိုက အသင်းလိုက် မာကျောမှုနဲ့ တောင်အမေရိက အသင်းတွေကို ဖြိုလှဲနိုင်ကြောင်း ခြေစမ်းပွဲတွေမှာ သက်သေပြခဲ့ပါတယ်။ ဥရုဂွေး တိုက်စစ်မှာ ဆွာရက်ဇ် ဒဏ်ရာကြောင့် ကစားနိုင်ဖွယ် မရှိသေးလို့ ကာဗာနီ တစ်ယောက်တည်း ရုန်းကန်ရဖို့ ရှိပါတယ်။ မက္ကဆီကို ခံစစ်ကလည်း နောက်ဆုံး ရှစ်ပွဲဆက် Clean Sheet ရထားတာပါ။ မက္ကဆီကို မရှုံးနိုင်ဘူး ထင်ပါတယ်။ရာပြည့်ကိုပါအမေရိက ပွဲစဉ်များ၄/၅/၆-၆-၂၀၁၆    အမေရိကန်  -  ကိုလံဘီယာကော်စတာရီကာ  -  ပါရာဂွေးဟေတီ  -  ပီရူးဘရာဇီးလ်  -  အီကွေဒေါဂျမေကာ  -  ဗင်နီဇွဲလားမက္ကဆီကို  -  ဥရုဂွေးနိုင်ငံတကာ ခြေစမ်းပွဲစဉ်များ၄/၅/၆-၆-၂၀၁၆    သြစတြေးလျ  -  ဂရိဂျာမနီ  -  ဟန်ဂေရီ    ခရိုအေးရှား  -  ဆန်မာရီနိုသြစတြီးယား  -  နယ်သာလန်ဆလိုဗက်ကီးယား  -  မ/အိုင်ယာလန်ပြင်သစ်  -  စကော့တလန်ချက်  -  တောင်ကိုရီးယားဆွီဒင်  -  ဝေးလ်စ်ဘယ်လ်ဂျီယံ  -  နော်ဝေဆားဘီးယား  -  ရုရှားဆလိုဗေးနီးယား  -  တူရကီပိုလန်  -  လစ်သူယေးနီးယား