ဒေါ့မွန်ကွင်းလယ်ကစားသမား ဂန်ဒိုဂန်ကို မန်စီးတီးအသင်း အပြီးသတ်ခေါ်ယူနိုင်ခဲ့ပြီး (၄)နှစ်စာချုပ်ချုပ်ဆို

ဒေါ့မွန်ကွင်းလယ်ကစားသမား ဂန်ဒိုဂန်ကို မန်စီးတီးအသင်း အပြီးသတ်ခေါ်ယူနိုင်ခဲ့ပြီး (၄)နှစ်စာချုပ်ချုပ်ဆို
Published 2 June 2016

မန်စီးတီးအသင်းသည် ဒေါ့မွန်အသင်းမှ အသက်(၂၅)နှစ်အရွယ် ဂျာမန်ကွင်းလယ် ကစားသမား ဂန်ဒိုဂန်ကို သတင်းများကြိုတင် ထွက်ပေါ်ခဲ့သည့်အတိုင်း အပြီးသတ် ခေါ်ယူနိုင်ခဲ့ပြီဖြစ်ပြီး (၄) နှစ်စာချုပ် ချုပ်ဆိုလိုက်ကြောင်း သိရှိရသည်။ဂန်ဒိုဂန်သည် ဒဏ်ရာပြဿနာကြောင့် ယူရို-၂၀၁၆ ပြိုင်ပွဲနှင့် လွဲချော်ခဲ့ရသော်လည်း မန်စီးတီးနည်းပြသစ် ဂွါဒီယိုလာက ခေါ်ယူရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရှိရသည်။မန်စီးတီးအသင်းက ဂန်ဒိုဂန်အတွက် ပြောင်းရွှေ့ကြေးပေါင်သန်း (၂၀) ဝန်းကျင် ပေးချေခဲ့ရသည်ဟု ထုတ်ပြန်ခဲ့ပြီး ဂန်ဒိုဂန်သည် တစ်ပတ်လုပ်ခလစာ ပေါင်(၁၅၀၀၀၀) ဝန်းကျင် ရရှိမည် ဖြစ်ကြောင်းလည်း သိရှိရသည်။ဂန်ဒိုဂန်က မန်စီးတီးအသင်း၏ ကမ်းလှမ်းမှုကို လက်ခံရန် သိပ်ကြာကြာ မစဉ်းစား ခဲ့ရကြောင်းနှင့် ဆုဖလားများအတွက် အစွမ်းကုန် ကူညီသွားမည်ဟု ပရိသတ်များကို ကတိပေးလိုကြောင်း ပြောကြားခဲ့သည်။မန်စီးတီးအသင်း၏ အားကစားဒါရိုက်တာ ဘီဂီရီစတိန်းကလည်း လာမည့်နှစ်များ၌ မိမိတို့အတွက် အရေးအကြီးဆုံး ကစားသမားတစ်ဦး ဖြစ်လာလိမ့်မည်ဟု ဆိုခဲ့သည်။