ပြင်ပဈေးကွက်တွင် ငွေလဲနှုန်း တစ်ဒေါ်လာလျှင် ကျပ် ၁၂၀၀ ခန့်အထိ ဆက်လက် မြင့်တက်လာ

ပြင်ပဈေးကွက်တွင် ငွေလဲနှုန်း တစ်ဒေါ်လာလျှင် ကျပ် ၁၂၀၀ ခန့်အထိ ဆက်လက် မြင့်တက်လာ
Published 1 June 2016
အောင်မြတ်ကို

နိုင်ငံခြားငွေလဲနှုန်းသည် ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာလျှင် ကျပ် ၁၂၀၀ ခန့် အထိ (၁၁၉၈ ကျပ်) မြင့်တက်လာပြီး ဗဟိုဘဏ်၏ ရည်ညွှန်း တစ်ဒေါ်လာ လဲနှုန်းကို ၁၁၈၅ ကျပ်သို့  ဇွန်လ ၁ ရက်တွင် တိုးမြှင့်သတ်မှတ်ထားကြောင်း  နိုင်ငံခြားငွေကြေးရောင်းဝယ်ရေးဈေးကွက် အသိုင်းအဝိုင်းထံမှ သိရသည်။ပြင်ပဈေးကွက်ရှိ ဒေါ်လာလဲနှုန်းသည် ဗဟိုဘဏ်၏ တိုးမြှင့်သတ်မှတ်ခြင်းအတူ ပြန်လည် မြင့်တက်လာခဲ့ပြီး မေ ၃၁ ရက်တွင် တစ်ဒေါ်လာလျှင် ၁၁၉၅ ကျပ်ဝန်းကျင်မှ ဇွန် ၁ ရက်တွင် တစ်ဒေါ်လာလျှင် ၁၁၉၈ ကျပ် ဝန်းကျင်သို့ ပြန်လည် မြင့်တက် လာခဲ့ခြင်း ဖြစ်သည်။ဇွန် ၁ရက် ပြင်ပဈေးကွက်ရှိ ဒေါ်လာလဲနှုန်းသည် နံနက်ပိုင်း အဖွင့်ဈေးတွင် တစ်ဒေါ်လာလျှင် ၁၁၉၅ ကျပ်ဝန်းကျင်မှ ၁၁၉၆ ကျပ်ဝန်းကျင်သို့ လည်းကောင်း၊ မွန်းလွဲပိုင်းတွင် တစ်ဒေါ်လာလျှင် ၁၁၉၈ ကျပ် ဝန်းကျင်သို့ ဆက်လက် မြင့်တက်လာခဲ့ကြောင်း သိရသည်။ပြင်ပဈေးကွက်ရှိ ဒေါ်လာလဲနှုန်းသည် မေ ၂၅ ရက်တွင် တစ်ဒေါ်လာလျှင် ကျပ် ၁၂၀၀ ဝန်းကျင်အထိ မြင့်တက်ခဲ့ပြီးနောက် မေ ၂၆ ရက်တွင်  ၁၅ ကျပ်ဝန်းကျင် ပြန်လည် ကျဆင်းခဲ့သည်။ ထို့နောက် မေ ၂၇ ရက်တွင် တစ်ဒေါ်လာလျှင် ၁၁၈၇ ကျပ် ဝန်းကျင်အထိ ပြန်လည်မြင့်တက်လာကာ ဇွန်  ၁ ရက်တွင် တစ်ဒေါ်လာလျှင် ၁၁၉၈ ကျပ် ဝန်းကျင်အထိ ရှိလာကြောင်း ပြင်ပနိုင်ငံခြားငွေကြေးရောင်းဝယ်ရေး ဈေးကွက်မှ သိရသည်။ 

Most Read

Most Recent