ရန်ကုန်အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများတွင် ဖြစ်ပေါ်နေသော ကုန်တင်ကုန်ချ အခက်အခဲများ ဖြေရှင်းနိုင်ရန် မေ ၂၆ ရက်မှ စတင်ကာ ဆိပ်ကမ်းနှင့် အကောက်ခွန်ဆိုင်ရာ ဝန်ဆောင်မှုများ ၂၄ နာရီ ပေးနေကြောင်း အကောက်ခွန် ဦးစီးဌာန၏ မေ ၂၅ ရက်ထုတ် ညွှန်ကြားချက်အရ သိရသည်။
ဆိပ်ကမ်းများတွင် ပို့ကုန်သွင်းကုန် ကွန်တိန်နာများ ပိတ်ဆို့မှုများ ဖြစ်ပေါ်နေရာ ကုန်တင်ကုန်ချ အခက်အခဲများ ဖြေရှင်းနိုင်ရေး ကိစ္စနှင့်ပတ်သက်ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ အကောက်ခွန် ဦးစီးဌာန၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင် ဆိပ်ကမ်းအသီးသီးမှ တာဝန်ရှိသူများ၊ သင်္ဘောလိုင်း အသီးသီးမှ တာဝန်ရှိသူများ၊ ကုန်သေတ္တာတင် မော်တော်ယာဉ်အသင်းမှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (ကုန်သည်၊ စက်မှုအသင်းချုပ်) တို့ ပူးပေါင်းပြီး ညှိနှိုင်းအစည်းအဝေးများ အကြိမ်ကြိမ် ပြုလုပ်ခဲ့ပြီးနောက် ယခုကုန်သေတ္တာများ ပိတ်ဆို့မှု မဖြစ်စေရေးအတွက် ၂၄ နာရီ ဝန်ဆောင်မှု စတင်ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါကိစ္စနှင့် ပတ်သက်ပြီး မေ ၂၅ ရက်က အကောက်ခွန် ဦးစီးဌာနရုံးတွင် အစည်းအဝေး ပြုလုပ်ခဲ့ရာ ပို့ကုန်သွင်းကုန် လုပ်ငန်းများ ၂၄ နာရီ သွက်လက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ကုန်ပစ္စည်းများ တင်သွင်းခြင်း၊ တင်ပို့ခြင်းနှင့် အကောက်ခွန် ရှင်းလင်းရေးဆိုင်ရာ ကိစ္စရပ်များအား အကောက်ခွန် ဦးစီးဌာနသို့ တစ်ရက်ကြိုတင် အကြောင်းကြားရမည်ဖြစ်ပြီး သတ်မှတ်ထားသော အချိန်ပို လုပ်ခများကိုလည်း ပေးသွင်းရမည် ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က ပြောကြားသည်။
ဆိပ်ကမ်းများ ပိတ်ဆို့ကျပ်တည်းမှုနှင့် ပတ်သက်ပြီး ကုန်သည်၊ စက်မှုအသင်းချုပ် တွင်လည်း အစည်းအဝေးများ ပြုလုပ်ခဲ့ပြီး ဆိပ်ကမ်းအတွင်း ပစ္စည်းများအား အချိန်မီ လာရောက် စစ်ဆေးခြင်း မပြုသေးသော ရက် ၆၀ ကျော် ကုန်သေတ္တာများ စာရင်းနှင့် တစ်နှစ်ကျော် ကုန်သေတ္တာများ စာရင်းအား အမြန်ပြုစု တင်ပြရန်၊ ကုန်သေတ္တာအခွံများအား စနစ်တကျ အမြန်ထုတ်နိုင်ရန်၊ နေရာသတ်မှတ်မှု ပြန်လည်စီစဉ်ပေးရန်၊ ပြည်ပသို့ ပြန်လည်တင်ပို့မည့် အသေးစိတ် အစီအစဉ်များအား သင်္ဘောများမှ ရေးဆွဲတင်ပြရန်၊ ဆိပ်ကမ်းတွင်း အကောက်ခွန စစ်ဆေးခြင်း လုပ်ငန်းများ၊ ကုန်သေတ္တာ သယ်ယူခြင်း လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် လုပ်ငန်းရှင်များကလည်း မိမိတို့ကုန်ပစ္စည်းများ ထုတ်ယူနိုင်ရန် စာရွက်စာတမ်းများ စုံလင်စွာဖြင့် ကူညီပေးရန်၊ ကုန်တင်ကုန်ချ လုပ်ငန်းများ လျင်မြန်စွာ ဆောင်ရွက်နိုင်ရေး အတွက် သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ပို့ကုန်သွင်းလုပ်ငန်းများ ပိုမိုထိရောက်မြန်ဆန်စွာ ဆောင်ရွက်လုပ်ကိုင်နိုင်ရန် ဆိပ်ကမ်းလုပ်ငန်း ဦးစီးဆောင်ရွက်နေသူများ၊ အပြည်ပြည်ဆိုင်ရာ ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များအသင်း၊ ကုန်သွယ်ရေကြောင်းဆိုင်ရာ လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအသင်း၊ အကောက်ခွန်ဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်း၊ ကုန်သေတ္တာတင် မော်တော်ယာဉ် လုပ်ငန်းရှင်များအသင်းတို့မှ တာဝန်ရှိသူများ ပါဝင်သော လုပ်ငန်းကော်မတီကို ဖွဲ့စည်းခဲ့ပြီး သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် လက်တွဲဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများတွင် ဖြစ်ပေါ်နေသော ကုန်တင်ကုန်ချ အခက်အခဲများ ဖြေရှင်းနိုင်ရန် မေ ၂၆ ရက်မှစ၍ ဆိပ်ကမ်းနှင့် အကောက်ခွန်ဆိုင်ရာ ဝန်ဆောင်မှုများ ၂၄ နာရီပေးနေ










