၁၉၉၀ FA ဖလား ဗိုလ်လုပွဲမှာ မန်ယူနဲ့ ခရစ္စတယ်ပဲလေ့စ်တို့ ဆုံတွေ့ခဲ့ပါတယ်။ အဲဒီအချိန်က အမှတ်ပေး ဖလားမှာ အောင်မြင်မှု မရလို့ အသင်း ပရိသတ်တွေရဲ့ ဆန့်ကျင်ခြင်းခံရတဲ့ မန်ယူနည်းပြ ဖာဂူဆန်ဟာ ပဲလေ့စ်ကို အနိုင်ယူပြီး မန်ယူနည်းပြဘ၀ ပထမဆုံးဖလား ရယူခဲ့သလို၊ မန်ယူနည်းပြ ရာထူးကိုလည်း ထိန်းသိမ်းနိုင်ခဲ့ပါတယ်။ အဲဒီပွဲမှာ လက်ရှိ ပဲလေ့စ်နည်းပြ အလန်ပါဂျူးက ပဲလေ့စ်ကစားသမားအဖြစ် ပါဝင်ကစားခဲ့ပါတယ်။ ပဲလေ့စ်အသင်းဟာ အဲဒီပွဲအပြီး ၂၆ နှစ်အကြာ အလန်ပါဂျူး လက်ထက်မှ FA ဖလား ဗိုလ်လုပွဲ ပြန်လည် တက်လှမ်းနိုင်ခဲ့ပြီး မန်ယူအသင်းနဲ့ ပြန်လည် တွေ့ဆုံနေပါတယ်။ ဒီအချိန်မှာ မန်ယူနည်းပြ ဗန်ဟားလ်က တစ်ချိန်က ဖာဂူူဆန်လိုပဲ ဖိအားအောက် ရောက်နေပါတယ်။ အလန်ပါဂျူး သမိုင်းကြွေး ပြန်ဆပ်မလား၊ ဗန်ဟားလ် သမိုင်းမှာ ထပ်မံ ပါဝင်သွားမလားဆိုတာ . . .ခရစ္စတယ်ပဲလေ့စ် နှင့် မန်ယူ (၂၁-၅-၂၀၁၆ စနေ ည ၁၁း၀၀)နောက်ဆုံးတွေ့ဆုံမှု ■ မန်ယူ ၂-၀ ပဲလေ့စ်ခရစ္စတယ်ပဲလေ့စ် အသင်းက ပရီးမီးယားလိဂ်မှာ အတော်လေး အခြေအနေ ဆိုးခဲ့တယ်။ အဆင့် ၁၅ သာ ရခဲ့သလို၊ ဒုတိယ ရာသီဝက်မှာ နိုင်ပွဲ နှစ်ပွဲသာ ရခဲ့တယ်။ တိုက်စစ်ပိုင်း ဂိုးပေါက် ပျောက်ဆုံးချိန်များပြီး ဘိုလာဆီ၊ ဇာဟာ၊ ပီချီယွန်၊ ကာဘိုင်းတို့ ကွင်းလယ်ပိုင်းအပေါ် မှီခိုမှု ကြီးမားခဲ့ပါတယ်။ ရာသီကုန်ခါနီးမှာ ဝစ်ခ်ဟမ်း၊ ဒွိုက်ဂေးလ်တို့ တိုက်စစ်မှူးတွေ ဂိုးပေါက် ပြန်တွေ့ခဲ့ပေမယ့် ပုံမှန် ဂိုးသွင်းခြေ မရှိပါဘူး။ မန်ယူ အသင်းကတော့ တစ်ရာသီလုံး ခြုံကြည့်ရင် ဂိုးသွင်း အားနည်းပေမယ့် ရာသီနှောင်းပိုင်းမှာ တိုက်စစ်ကစားပုံ တက်လာတယ်။ ရွန်နီ ဒဏ်ရာရနေတုန်း ရပ်ရှ်ဖို့ဒ် ခြေစွမ်းပြလာသလို၊ ရွန်နီ ပြန်လာပြီး ကွင်းလယ်ဆင်း ကစားတော့လည်း ရပ်ရှ်ဖို့ဒ်၊ မာရှယ်လ်တို့ အခွင့်အရေး ပိုရလာပါတယ်။
ကွင်းလယ်ပိုင်းမှာ လင်ဂတ် တစ်ဦးသာ ခြေအတက်အကျ မမှန်ဖြစ်နေပါတယ်။ အမှားများလာတဲ့ မန်ယူ ခံစစ်ပိုင်းကတော့ ပွန်ချီယွန်၊ ဘိုလာဆီတို့ကို သတိထား ထိန်းချုပ်ရပါမယ်။ ယူရိုပါလိဂ် ဝင်ခွင့်အတွက် တိုက်ပွဲဝင်မယ့် ခရစ္စတယ်ပဲလေ့စ် အသင်းရဲ့ နိုင်ပွဲ ဆာလောင်မှုကိုလည်း လျစ်လျူရှုလို့ မရပါဘူး။ ဗိုလ်လုပွဲ ဖြစ်တာကြောင့် မန်ယူနည်းပြ ဗန်ဟားလ်ပွဲကို ထိန်းချုပ်ကစားဖို့ ကြိုးပမ်းနိုင်ပါတယ်။ ပဲလေ့စ်ကတော့ မန်ယူရဲ့ အဓိက တိုက်စစ်လမ်းကြောင်းဖြစ်တဲ့ မာရှယ်လ်ရဲ့ ဘယ်အခြမ်းကို ပိတ်ဆို့ပြီး တန်ပြန်တိုက်စစ်နဲ့ ချောင်းကစားမှာပါ။ မန်ယူ အနိုင်ရ ဗိုလ်စွဲမှာ ဖြစ်ပေမယ့် ရလဒ်ပြတ်သားဖို့ မလွယ်ပါဘူး။
ရှစ်နှစ်အတွင်း FA ဖလား ဗိုလ်လုပွဲ ရလဒ်များ
နှစ်
ချန်ပီယံ
ရလဒ်
ဒုတိယ
မှတ်ချက်
၂၀၀၈
ပို့စ်မောက်
၁-ဝ
ကာဒစ်ဖ်
၂၀၀၉
ချယ်လ်ဆီး
၂-၁
အဲဗာတန်
၂၀၁၀
ချယ်လ်ဆီး
၁-ဝ
ပို့စ်မောက်
၂၀၁၁
မန်စီးတီး
၁-ဝ
စတုတ်စီးတီး
၂၀၁၂
ချယ်လ်ဆီး
၂-၁
လီဗာပူးလ်
၂၀၁၃
ဝီဂန်
၁-ဝ
မန်စီးတီး
၂၀၁၄
အာဆင်နယ်
၃-၂
ဟားလ်စီးတီး
အချိန်ပို
၂၀၁၅
အာဆင်နယ်
၄-ဝ
ဗီလာ
မန်ယူဂန္ထဝင် ဖာဂူဆန်ရဲ့ သမိုင်းမှာ ပါဝင်ခဲ့တဲ့ အလန်ပါဂျူး သမိုင်းကြွေး ပြန်ဆပ်မလား၊ ဗန်ဟားလ်ရဲ့ သမိုင်းမှာ ထပ်မံ ပါဝင်သွားမလား