မေလ (၁၅) ရက်နေ့က ကျင်းပခဲ့သည့် စပိန်ဂရင်းပရီ ဖော်မြူလာဝမ်းပြိုင်ပွဲ ဖိုင်နယ်ပွဲစဉ်တွင် ရက်ဘူလ်အသင်းမှ ဆယ်ကျော်သက် ကားမောင်းသမား ဗာစတက်ပန်က အနိုင်ရဗိုလ်စွဲခဲ့ပြီး ပြိုင်ပွဲသမိုင်းတစ်လျှောက် အသက်အငယ်ဆုံး ချန်ပီယံအဖြစ် မှတ်တိုင်သစ် စိုက်ထူနိုင်ခဲ့သည်။(၁၈) နှစ်အရွယ်သာ ရှိသေးသည့် ဗာစတက်ပန်မှာ တိုရိုရော့ဆိုအသင်းမှ ပြောင်းလာပြီးနောက် ရက်ဘူးလ်အသင်းနှင့် ပွဲဦးထွက် ပွဲစဉ်မှာပင် အနိုင်ရရှိကာ ၂၀၀၈ ခုနှစ်က ဗက်တဲလ် (၂၀)နှစ်၊ (၇၃) ရက်ဖြင့် တင်ရှိထားခဲ့သည့် အသက်အငယ်ဆုံး ဗိုလ်စွဲသူ စံချိန်ကို ဗာစတက်ပန်က (၁၈)နှစ်၊ (၂၂၈)ရက်ဖြင့် ကျော် ဖြတ်ခဲ့ခြင်းဖြစ်သည်။
ဖော်မြူလာဝမ်း သမိုင်းတစ်လျှောက် အသက်အငယ်ဆုံး နိုင်ပွဲရရှိသူအဖြစ် ဗာစတက်ပန် မှတ်တမ်းသစ်ရေးထိုး
Most Read
Most Recent
12 hours ago
12 hours ago
12 hours ago
12 hours ago
12 hours ago
12 hours ago