ဝင်ငွေ အကောင်းဆုံး စာရင်း၌ လာလီဂါ ကစားသမားများ ဦးဆောင်နေ

ဝင်ငွေ အကောင်းဆုံး စာရင်း၌ လာလီဂါ ကစားသမားများ ဦးဆောင်နေ
Published 14 May 2016

အမေရိကန် အခြေစိုက် Forbes မဂ္ဂဇင်းက ထုတ်ပြန်သည့် ကမ္ဘာတစ်ဝန်းရှိ ဝင်ငွေ အကောင်းဆုံး ဘောလုံးသမားများ စာရင်းတွင် စပိန်လာလီဂါ ပြိုင်ပွဲမှ ကစားသမားများ ထိပ်ဆုံးမှ ဦးဆောင်နိုင်ခဲ့ကြောင်း သိရသည်။ရီးယဲလ်အသင်း၏ ပေါ်တူဂီ လက်ရွေးစင် တောင်ပံ ကစားသမား စီရော်နယ်လ်ဒိုက ဝင်ငွေ ဒေါ်လာ ၈၂ သန်းဖြင့် ယခုစာရင်းတွင် ထိပ်ဆုံးမှ ဦးဆောင်နေပြီး ၎င်းအနေဖြင့် ရီးယဲလ် အသင်းထံမှ လစာနှင့် အပိုဆုကြေး ဒေါ်လာ ၅၃ သန်း ရရှိခဲ့သလို စပွန်ဆာနှင့် စီးပွားရေး စာချုပ်များမှ ဒေါ်လာ ၂၉ သန်း အထိ ရရှိခဲ့ကြောင်း သိရသည်။ ဘာစီလိုနာ အသင်း၏ အာဂျင်တီးနား တိုက်စစ်မှူး မက်ဆီက ဒေါ်လာ ၇၇ သန်းဖြင့် ဒုတိယ၊ PSG အသင်း၏ ဆွီဒင်တိုက်စစ်မှူး အီဘရာဟီမိုဗစ်က ဒေါ်လာ ၃၇ သန်းဖြင့် တတိယ နေရာတွင် ရပ်တည်နေပြီး ထိပ်ဆုံး ၁၀ ဦး စာရင်း၌ နေမာ (ဒေါ်လာ ၃၆ သန်း)၊ ဂါရတ်ဘေးလ် (ဒေါ်လာ ၃၄ သန်း)၊ ဝိန်းရွန်နီ (ဒေါ်လာ ၂၆ သန်း)၊ အဂွဲရိုး (ဒေါ်လာ ၂၄ သန်း)၊ လူးဝစ် ဆွာရက်ဇ် (ဒေါ်လာ ၂၃ သန်း)၊ ဟာဇက် (ဒေါ်လာ ၂၂ သန်း)၊ ဖာဘရီဂတ်စ် (ဒေါ်လာ ၂၁ သန်း)၊ ဂျိမ်းစ်ရိုဒရီဂွက်ဇ် (ဒေါ်လာ ၂၁ သန်း) တို့ အစဉ်လိုက် ရပ်တည်နေသည်။ ယခု စာရင်း၌ လာလီဂါမှ ကစားသမား ခြောက်ဦးဖြင့် အများဆုံး ပါဝင်နေပြီး ပရီးမီးယားလိဂ်မှ လေးဦး၊ ပြင်သစ်လိဂ်မှ တစ်ဦး ပါဝင်နေသည်။