၂၀၁၅-၁၆ ရာသီ ပရီးမီးယားလိဂ် အကောင်းဆုံး ကစားသမားဆုကို လက်စတာတိုက်စစ်မှူး ဗာဒီ ဆွတ်ခူး

၂၀၁၅-၁၆ ရာသီ ပရီးမီးယားလိဂ် အကောင်းဆုံး ကစားသမားဆုကို လက်စတာတိုက်စစ်မှူး ဗာဒီ ဆွတ်ခူး
Published 13 May 2016

လက်စတာအသင်းမှ တိုက်စစ်မှူး ဗာဒီသည် ၂၀၁၅-၁၆ ဘောလုံးရာသီအတွက် ပရီးမီးယားလိဂ် အကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးရရှိခဲ့ကြောင်း သိရှိရသည်။ဗာဒီသည် လက်စတာအသင်း ပရီးမီးယားလိဂ် ချန်ပီယံဆု ရရှိခဲ့ရာ၌ သွင်းဂိုး (၂၄) ဂိုးဖြင့် အဓိကနေရာမှ စွမ်းဆောင်ပေးခဲ့သူဖြစ်ပြီး ပရီးမီးယားလိဂ်တွင် (၁၁) ပွဲဆက် ဂိုးသွင်းစံချိန်ကို ရရှိခဲ့သူလည်းဖြစ်သည်။ယခုဆုမှာ ပရီးမီးယားလိဂ်အဖွဲ့ချုပ်မှ ချီးမြှင့်သောဆုဖြစ်ပြီး စပွန်ဆာကုမ္ပဏီများ၏ အမည်ကိုလည်း ထည့်သွင်းခေါ်ဝေါ်လေ့ရှိသည်။ထို့ကြောင့် ယခုနှစ်အတွက်ဆုကို Barclays Player of the Season ဟုလည်း ခေါ်သည်။၁၉၉၄-၉၅ ရာသီမှစ၍ ယခုရာသီအထိ စုစုပေါင်း(၂၂) ကြိမ် ချီးမြှင့်ခဲ့ရာ၌ ချန်ပီယံအသင်းများမှ ကစားသမားများက (၁၄)ကြိမ်ရရှိခဲ့သည်။ဗာဒီသည် အလန်ရှီးယား၊ မိုက်ကယ်အိုဝင်၊ ကီဗင်ဖီးလစ်၊ လမ်းပတ်နှင့် ရွန်နီတို့ပြီးနောက် အင်္ဂလန်ကစားသမားထဲမှ ပြန်လည်ရယူ နိုင်ခဲ့ခြင်းလည်းဖြစ်သည်။