ရန်ကုန် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများတွင် ကုန်သွယ်ရေး လုပ်ငန်းများ၏ ပို့ကုန် သွင်းကုန် ကွန်တိန်နာများ တင်သွင်း ထုတ်ယူရန် အချိန် ကြာမြင့်စွာ စောင့်ဆိုင်းရမှုကြောင့် အခက်အခဲများ ဖြစ်ပေါ်နေရာ ကြန့်ကြာမှု မရှိစေရေးအတွက် ကြပ်မတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။အဆိုပါ ကိစ္စနှင့် ပတ်သက်၍ မေ ၁၀ ရက်က မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ရုံးတွင် သက်ဆိုင်ရာ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့် လုပ်ငန်းရှင်များ ပါဝင်သော အစည်းအဝေး ပြုလုပ်ခဲ့ပြီး ဖြေရှင်းမှု နည်းလမ်းများအဖြစ် ဆိပ်ကမ်းရှိ ကရိန်းများ အသစ်ဝယ်ယူ ဖြည့်တင်းရန်၊ ကွန်တိန်နာ စစ်ဆေးသည့် X Ray စက် အချိန်ပို လုပ်ကိုင်ပေးရန်၊ သင်္ဘောလိုင်းများမှ Release ထုတ်ပေးခ ကောက်ခံခြင်း အစား ဆိပ်ကမ်း အာဏာပိုင်ရုံးက အခမဲ့ ထုတ်ပေးရန်၊ ဆိပ်ကမ်းအတွင်း ကွန်တိန်နာများ ကြန့်ကြာမှု မရှိစေရေး ကြပ်မတ်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းမြင့်၏ ရက် ၁၀၀ အတွင်း ဆောင်ရွက်မည့် ကိစ္စရပ်များနှင့် ပတ်သက်သော အစည်းအဝေးတွင် လုပ်ငန်းရှင်များက ပြည်ပ တင်ပို့မည့် ပို့ကုန် ပစ္စည်းများအတွက် ဆိပ်ကမ်းများသို့ ကွန်တိန်နာများ ဝင်ရောက်ရာတွင် နှောင့်နှေး ကြန့်ကြာမှုများ ရှိနေခြင်း၊ ဆိပ်ကမ်းသို့ ရောက်ရှိနေသော သွင်းကုန် ကွန်တိန်နာများအား ဆိပ်ကမ်းမှ ထုတ်ယူရာတွင် နှောင့်နှေးကြန့်ကြာမှုများ ရှိနေခြင်း၊ ဆိပ်ကမ်းအတွင်း နေရာချထားရန် အပါအဝင် ဆိပ်ကမ်းရှင်းလင်းရေး ဆိုင်ရာ ကိစ္စရပ်များတွင် အခက်အခဲများ ရှိနေခြင်းတို့ကို အမြန်ဆုံး ဖြေရှင်းပေးရန် တင်ပြခဲ့ခြင်းဖြစ်သည်။ပို့ကုန်သွင်းကုန် ကွန်တိန်နာ အတင်အချ ကြာမြင့်မှုကြောင့် ပင်လယ်ရေကြောင်း ကုန်တင် သင်္ဘောများသည် ဆိပ်ကမ်းများသို့ ကပ်ခွင့်ရရန် ရက်အလိုက် စောင့်ဆိုင်းရကာ လုပ်ငန်းရှင်များ အနေဖြင့်လည်း ဆိပ်ကမ်းခနှင့် သင်္ဘောတင်ဆောင်ခများအတွက် ရက်လွန်ကြေးများ ပေးဆောင်ရကြောင်း သိရသည်။ထိုသို့ ကွန်တိန်နာများ တင်သွင်း ထုတ်ယူရန် ဆိပ်ကမ်းအတွင်း အခက်အခဲ ဖြစ်ပေါ်မှုကြောင့် ကွန်တိန်နာ သယ်ပို့ယာဉ်များ အနေဖြင့် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရပြီး ယာဉ်ငှားရမ်း ရရှိရေးအတွက် အခက်အခဲ ဖြစ်ပေါ်နေကြောင်း သိရသည်။ ကုန်ပစ္စည်း တင်ပို့၊ တင်သွင်း ပြုလုပ်နေသည့် ကုမ္ပဏီများ အနေဖြင့်လည်း ကွန်တိန်နာများ ရောက်ရှိ ထွက်ခွာမှုနှင့် ပြည်တွင်းသယ်ယူမှုအပေါ် လုပ်ဆောင်ရသည့် အစီအစဉ် ကြန့်ကြာမှုများကြောင့် ရက်လွန်ကြေး၊ ဒဏ်ကြေးများ ပေးဆောင်နေရရာ အနာဂတ်ကာလ ပို့ကုန်သွင်းကုန် ပမာဏ မြင့်တက်လာချိန်တွင် အခက်အခဲများ ပပျောက်သွားစေရေးအတွက် ညှိနှိုင်း ဖြေရှင်းပေးရန် ကုန်သွယ်ရေး လုပ်ငန်းရှင်များက တင်ပြခဲ့ကြခြင်းဖြစ်သည်။
ရန်ကုန် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများတွင် ပို့ကုန်သွင်းကုန် ကွန်တိန်နာများ တင်သွင်း ထုတ်ယူရန် အချိန် ကြာမြင့်စွာ စောင့်ဆိုင်းရမှုကြောင့် အခက်အခဲများ ဖြစ်ပေါ်