ပရီးမီးယားလိဂ် ချန်ပီယံ အဖြေထွက်သွားပေမယ့် ချန်ပီယံလိဂ် ဝင်ခွင့်နဲ့ တန်းဆင်းဇုန် တိုက်ပွဲတွေက အသက်ဝင်နေဆဲပါ။ ဒီတစ်ပတ်မှာတော့ ချန်ပီယံလိဂ် ဝင်ခွင့်အတွက် အဆုံးအဖြတ် ပေးနိုင်တဲ့ ပွဲတစ်ပွဲကို မန်စီးတီးနဲ့ အာဆင်နယ်တို့ အီတီဟတ်ကွင်းမှာ ကစားရဖို့ ရှိပါတယ်။ အထူးသဖြင့် ဒီပွဲက မန်စီးတီးအတွက် အရေးကြီးနေပြီး ဒီပွဲမှာ အမှတ်လျော့ခဲ့ရင် မန်ချက်စတာ ဒါဘီပြိုင်ဘက် မန်ယူအသင်းကို အခွင့်အရေး ပေးသလို ဖြစ်သွားနိုင်ပါတယ်။ ပရီးမီးယားလိဂ် ချန်ပီယံဆုကို သမိုင်းတစ်လျှောက် ပထမဆုံး ဆွတ်ခူးနိုင်ခဲ့တဲ့ လက်စတာ အသင်းကတော့ King Power ကွင်းမှာ အဲဗာတန် အသင်းကို လက်ခံကစားရမှာဖြစ်ပြီး ဒီရာသီ နောက်ဆုံး အိမ်ကွင်းပွဲမှာ ပရီးမီးယားလိဂ် ဖလားကို ကိုင်မြှောက်သွားဖို့ ရှိနေပါတယ်။နောဝစ်ချ် နှင့် မန်ယူ(၇-၅-၂၀၁၆ စနေ ည ၆း၁၅)ပ-ကျော့ရလဒ် ■ မန်ယူ ၁-၂ နောဝစ်ချ်ပြီးခဲ့တဲ့ ဒီဇင်ဘာမှာ နောဝစ်ချ်က မန်ယူအသင်းကို အိုးလ်ထရက်ဖို့ဒ်ကွင်းမှာ အနိုင်ရခဲ့တယ်။ ဒါပေမဲ့ မန်ယူအသင်းရဲ့ အစဉ်အလာမှာ တန်းတက်အသင်းကို အိမ်၊ အဝေး နှစ်ကျော့စလုံး ရှုံးတာ မရှိပါဘူး။ နောဝစ်ချ်က နောက်ဆုံး သုံးပွဲဆက် ရှုံးခဲ့သလို၊ ဂိုးပေါက်လည်း ပျောက်ဆုံးနေပါတယ်။ မန်ယူကိုပဲ ရွေးချယ်ချင်ပါတယ်။ဆန်းဒါးလန်း နှင့် ချယ်လ်ဆီး(၇-၅-၂၀၁၆ စနေ ည ၈း၃၀)ပ-ကျော့ရလဒ် ■ ချယ်လ်ဆီး ၃-၁ ဆန်းဒါးလန်းဆန်းဒါးလန်း သေရေးရှင်ရေး ဖြစ်နေပါတယ်။ ချယ်လ်ဆီးကတော့ ရာသီကုန်ခါနီးမှ ခြေပြန်တက်လာပြီး စပါးကို ဒုက္ခပေးခဲ့သလို၊ ဆန်းဒါးလန်းကိုလည်း အခက်တွေ့စေဦးမှာပါ။ အစဉ်အလာအရလည်း ချယ်လ်ဆီးနဲ့ ပရီးမီးယားလိဂ် ၂၂ ပွဲမှာ ဆန်းဒါးလန်း ၁၉ ပွဲအထိ ရှုံးခဲ့ပါတယ်။ ဆန်းဒါးလန်း ရွက်ကုန်လွှင့်မှာ ဖြစ်ပေမယ့် သရေထက် ပိုမရနိုင်ပါဘူး။အက်စတွန်ဗီလာ နှင့် နယူးကာဆယ်(၇-၅-၂၀၁၆ စနေ ည ၈း၃၀)ပ-ကျော့ရလဒ် ■ နယူးကာဆယ် ၁-၁ ဗီလာတန်းဆင်းသွားတဲ့ အက်စတွန်ဗီလာကတော့ အရှုံးသံသရာကနေ မထွက်တော့ဘူး ထင်ပါတယ်။ နောက်ဆုံး ၁၁ ပွဲဆက် ရှုံးထားပါတယ်။ နယူးကာဆယ်ကတော့ လေးပွဲဆက် ရှုံးပွဲမရှိ ကစားပြီး တန်းဆင်းဇုန် အပြင်ဘက် ရောက်လာတယ်။ တောင်ပံကစားသမား တောင်ဆန်လည်း ခြေစွမ်းပြနေတယ်။ နယူးကာဆယ်ပဲ အနိုင်ရသွားမှာပါ။ခရစ္စတယ်ပဲလေ့စ် နှင့် စတုတ်စီးတီး(၇-၅-၂၀၁၆ စနေ ည ၈း၃၀)ပ-ကျော့ရလဒ် ■ စတုတ်စီးတီး ၁-၂ ပဲလေ့စ်ခရစ္စတယ်ပဲလေ့စ် တိုက်စစ်က အိမ်ကွင်းမှာတောင် ဂိုးရဖို့ ရုန်းကန်နေရတယ်။ အိမ်ကွင်းနောက်ဆုံး ၁၀ ပွဲမှာ ခြောက်ဂိုးပဲ သွင်းခဲ့ပါတယ်။ လက်ရှိခြေစွမ်းအရတော့ နှစ်သင်းစလုံး အားရစရာ မရှိဘူး။ ပဲလေ့စ်က နောက်ဆုံး ၁၉ ပွဲမှာ တစ်ပွဲသာ နိုင်ခဲ့သလို၊ စတုတ်စီးတီးလည်း နောက်ဆုံး ရှစ်ပွဲမှာ တစ်ပွဲသာနိုင်ခဲ့တယ်။ သရေကျဖို့ များပါတယ်။ဝက်စ်ဟမ်း နှင့် ဆွမ်ဆီး(၇-၅-၂၀၁၆ စနေ ည ၈း၃၀)ပ-ကျော့ရလဒ် ■ ဆွမ်ဆီး ဝ-၀ ဝက်စ်ဟမ်းဝက်စ်ဟမ်းက ချန်ပီယံလိဂ် ဝင်ခွင့်အထိ မျှော်မှန်းလို့ ရသေးတယ်။ ဝက်စ်ဟမ်းရဲ့ လတ်တလော ဂိုးသွင်းအားကလည်း ပရီးမီးယားလိဂ်မှာ အတည်ငြိမ်ဆုံး ဖြစ်နေပြီး နောက်ဆုံး ခုနစ်ပွဲမှာ ပွဲတိုင်း အနိမ့်ဆုံး နှစ်ဂိုးနဲ့အထက် သွင်းခဲ့တယ်။ ဂိုးတွေကလည်း နေရာစုံက ရနေပါတယ်။ အဝေးကွင်းညံ့တဲ့ ဆွမ်ဆီး ဂိုးပြတ်ရှုံးဖို့ များပါတယ်။ဘုန်းမောက် နှင့် ဝက်စ်ဘရွန်း(၇-၅-၂၀၁၆ စနေ ည ၈း၃၀)ပ-ကျော့ရလဒ် ■ ဝက်စ်ဘရွန်း ၁-၂ ဘုန်းမောက်နှစ်သင်းစလုံး တန်းဆင်းဇုန်က လွတ်နေပြီဖြစ်လို့ အားထုတ်မှု လျော့ရဲနေကြတယ်။ ဘုန်းမောက်က နောက်ဆုံး ခြောက်ပွဲမှာ ငါးပွဲအထိ ရှုံးခဲ့ပြီး ဝက်စ်ဘရွန်းကလည်း ခုနစ်ပွဲဆက် နိုင်ပွဲပျောက်ထားပါတယ်။ ဒါပေမဲ့ ဝက်စ်ဘရွန်းက အဝေးကွင်းပွဲတွေမှာ ထိန်းကစားပြီး အမှတ်ရအောင် ယူတတ်ပါတယ်။ ဝက်စ်ဘရွန်း အနိမ့်ဆုံး သရေပါ။လက်စတာ နှင့် အဲဗာတန်(၇-၅-၂၀၁၆ စနေ ည ၁၁း၀၀)ပ-ကျော့ရလဒ် ■ အဲဗာတန် ၂-၃ လက်စတာလက်စတာတိုက်စစ်မှာ ဗာဒီ ပြန်ပါလာပေမယ့် ကွင်းလယ်မှာ ဒရင့်ဝါတာ ပွဲပယ်ခံ ထားရတယ်။ ဒါပေမဲ့ အဲဗာတန် တိုက်စစ်က ပုံမှန်ခြေစွမ်း မရှိသလို၊ ဒယ်လိုဖူ ဒဏ်ရာရ သွားတာကြောင့် ပိုပြီး အားလျော့သွားနိုင်ပါတယ်။ လက်စတာအသင်း ရလဒ်ကောင်းအောင် ကစားပြီး ပရီးမီးယားလိဂ်ဖလား ကိုင်မြှောက်သွားမှာပါ။စပါး နှင့် ဆောက်သမ်တန်(၈-၅-၂၀၁၆ တနင်္ဂနွေ ည ရး၀၀)ပ-ကျော့ရလဒ် ■ ဆောက်သမ်တန် ဝ-၂ စပါးလန်ဒန်ပြိုင်ဘက် ချယ်လ်ဆီးက စပါးရဲ့ ချန်ပီယံ မျှော်လင့်ချက်ကို ရိုက်ချိုးခဲ့တယ်။ အခုတော့ စပါးက နောက်ထပ် လန်ဒန်တစ်သင်းဖြစ်တဲ့ အာဆင်နယ်အောက် မရောက်ရေးအတွက် ဆက်လက် ကြိုးပမ်းရပါမယ်။ ဆောက်သမ်တန် ခြေတက်နေပြီး အမှတ်လည်း လိုနေပေမယ့် ဝှိုက်ဟတ်လိန်း နောက်ဆုံးပွဲမှာ သုံးမှတ်ပြည့်ရအောင် ကစားပါလိမ့်မယ်။မန်စီးတီး နှင့် အာဆင်နယ်(၈-၅-၂၀၁၆ တနင်္ဂနွေ ည ၉း၃၀)ပ-ကျော့ရလဒ် ■ အာဆင်နယ် ၂-၁ မန်စီးတီးပရီးမီးယားလိဂ်ခေတ်မှာ မန်စီးတီးက အာဆင်နယ်ကို ၂၃ ပွဲအထိ ရှုံးခဲ့ပြီး မန်စီးတီး အကြောက်ရဆုံး ပြိုင်ဘက် ဖြစ်ပါတယ်။ လက်ရှိအချိန်မှာလည်း မန်စီးတီးက ချန်ပီယံလိဂ်က ထွက်ခဲ့ရပြီး စိတ်ပိုင်း၊ ရုပ်ပိုင်း ပြဿနာ ရှိနေနိုင်တယ်။ အာဆင်နယ်ကတော့ နောက်ဆုံး ရှစ်ပွဲဆက် ရှုံးပွဲမရှိ ကစားထားပါတယ်။ အာဆင်နယ် အနိမ့်ဆုံး သရေပါ။လီဗာပူးလ် နှင့် ဝက်ဖို့ဒ်(၈-၅-၂၀၁၆ တနင်္ဂနွေ ည ၉း၃၀)ပ-ကျော့ရလဒ် ■ ဝက်ဖို့ဒ် ၃-၀ လီဗာပူးလ်ယူရိုပါလိဂ်ကြောင့် ပွဲပန်းနိုင်ပြီး လူငယ်တွေနဲ့ပဲ ပွဲထုတ်မယ် ဆိုရင်တောင် လီဗာပူးလ်က အန်ဖီးလ်မှာ အတိမ်းအစောင်း နည်းအောင် ကစားတတ်တယ်။ ဝက်ဖို့ဒ်က ဖိအားကြောင့် ရလဒ်ပိုင်း ပြန်တက်လာပေမယ့် အဝေးကွင်းမှာ အသင်းကြီးတွေနဲ့ ကစားရရင် အမှတ်ဗလာနဲ့ ပြန်ရတာ များပါတယ်။ လီဗာပူးလ်ကိုပဲ ရွေးချယ်ထားတယ်။
အီတီဟတ်မှာ ချန်ပီယံလိဂ်ဝင်ခွင့် အဆုံးအဖြတ်ပွဲ ရှိနေပြီး King Power ကွင်းမှာ လက်စတာ ဖလားကိုင်မြှောက်မယ်