ဘာစီလိုနာအသင်း တိုက်စစ်မှူး မက်ဆီထံမှ အင်္ကျီလက်ဆောင် ရရှိထားသည့် အာဖဂန်နစ္စတန်နိုင်ငံမှ ကလေးငယ်နှင့် ၎င်း၏မိဘများသည် အသက်အန္တရာယ် ခြိမ်းခြောက်ခံရသဖြင့် ပါကစ္စတန်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင် နေရကြောင်း သိရသည်။
မာတာဇာအာမက်ဒီ (ငါးနှစ်) သည် မက်ဆီ၏ ပရိသတ်တစ်ဦးဖြစ်ပြီး အာဂျင်တီးနားအသင်း ဂျာစီပုံစံ ပလတ်စတစ်အိတ်တွင် မက်ဆီနာမည ်ရေးထိုးကာ ဘောလုံးကစားနေသည့် ၎င်း၏ဓာတ်ပုံမှာ အင်တာနက် စာမျက်နှာများတွင် ပျံ့နှံ့ခဲ့သည်။
ထို့နောက် မက်ဆီက ဖေဖော်ဝါရီလအတွင်း UNICEF မှတစ်ဆင့် ၎င်းလက်မှတ် ရေးထိုးထားသည့် အာဂျင်တီးနားနှင့် ဘာစီလိုနာဂျာစီ နှစ်ထည်ကို မာတာဇာထံ ပေးပို့ခဲ့သည်။
မာတာဇာ၏ ဖခင်ဖြစ်သူ မိုဟာမက်အေရစ်ဖ်အာမက်ဒီ၏ ပြောကြားချက်အရ မက်ဆီထံမှ ဘောလုံးအင်္ကျီ လက်ဆောင်ရရှိပြီးနောက် တယ်လီဖုန်းမှ ခြိမ်းခြောက်မှုများ မကြာခဏ ခံရသလို တာလီဘန် အဖွဲ့ကလည်း ခြိမ်းခြောက်စာတစ်စောင် ပေးပို့ခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ၎င်းတို့ မိသားစုသည် မာတာဇာ၏ လုံခြုံရေးအတွက် စိုးရိမ်ရသဖြင့် အာဖဂန်နစ္စတန်မှတစ်ဆင့် ပါကစ္စတန်နိုင်ငံ အစ္စလာမ္မာဘတ်မြို့သို့ ထွက်ပြေးခဲ့ပြီး ယင်းမြို့မှာ နေထိုင်မှုစရိတ် မြင့်မားမှုကြောင့် ကွက်တာမြို့သို့ ထပ်မံပြောင်းရွှေ့ နေထိုင်လျက်ရှိကြောင်း သိရသည်။
ခြိမ်းခြောက်ခံရသဖြင့် မက်ဆီပရိသတ် ကလေးငယ် အာဖဂန်မှ ထွက်ပြေး
Most Read
Most Recent
12 hours ago
12 hours ago
12 hours ago
12 hours ago
12 hours ago