ပရီးမီးယားလိဂ်ပြိုင်ပွဲကို ဦးဆောင်နေပြီး ချန်ပီယံဆုရရှိရန် နီးစပ်နေပြီဖြစ်သည့် လက်စတာစီးတီးနည်းပြ ရာနီရေးရီသည် လက်ကျန်ပွဲစဉ်များ၌ အမှားအယွင်းမရှိခဲ့ဘဲ ချန်ပီယံဆု ရယူနိုင်ခဲ့ပါက အပိုဆုကြေး ပေါင်(၅)သန်းကျော် ရရှိမည်ဖြစ်ကြောင်း သိရှိရသည်။ရာနီရေးရီသည် လစာနှုန်းထားအဖြစ် တစ်နှစ်လျှင် ပေါင်(၁.၅)သန်းသာ ရရှိနေသော်လည်း အသင်း၏ ရာသီကုန်ရပ်တည်မှုအပေါ် မူတည်၍ အပိုဆုကြေးခံစားခွင့်များ ရရှိမည်ဖြစ်သည်။လက်စတာအသင်းသည် (၃)နှစ်စာချုပ်ချုပ်ဆိုထားသည့် ရာနီရေးရီကို တန်းဆင်းဇုန်မှ လွတ်မြောက်စေရန် အဓိကတာဝန်ပေးခဲ့ခြင်းဖြစ်ပြီး တန်းဆင်းဇုန်အထက် အဆင့်(၁၇)နေရာမှစတင်၍ တစ်ဆင့်တက်နိုင်တိုင်း အပိုဆုကြေးပေါင် (၁) သိန်းပေးမည်ဟု စာချုပ်တွင် ထည့်သွင်းချုပ်ဆိုထားကြောင်း သိရှိရသည်။ထို့ကြောင့် ရာနီရေးရီသည် အဆင့်ရပ်တည်မှုအရပင် ချန်ပီယံဖြစ်ခဲ့ပါက အပိုဆုကြေး ပေါင်(၁.၇)သန်းရရှိမည်ဖြစ်သည်။ထို့နောက် ရုပ်သံဝင်ငွေခွဲတမ်း၊ ကွင်းဝင်ကြေးအမြတ်အစွန်းများမှ အပိုဆုကြေးများ ထပ်မံရရှိမည်ဖြစ်သည့်အတွက် စုစုပေါင်းဆုကြေး ပေါင်(၅)သန်းအထက် ရရှိလိမ့်မည်ဟု ဗြိတိန်မီဒီယာအချို့က ဖော်ပြခဲ့ကြသည်။လက်စတာအသင်းသည် လာမည့်မန်ယူအသင်းနှင့်ပွဲတွင် အနိုင်ရရှိခဲ့ပါက ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်တော့မည် ဖြစ်သော်လည်း အသင်းပရိသတ်များက အိမ်ကွင်းနောက်ဆုံးပွဲစဉ်ဖြစ်သည့် အဲဗာတန်နှင့်ပွဲတွင် အောင်ပွဲခံအခမ်းအနား ကျင်းပရန် ရည်ရွယ်ထားပြီး ယင်းပွဲအတွက် တစ်ဆင့်ပြန်ရောင်းချသည့် လက်မှတ်ဈေးနှုန်းမှာ ပေါင် (၈၆၀၀) နီးပါးအထိ မြင့်တက်နေပြီ ဖြစ်ကြောင်းလည်း သိရှိရသည်။
လက်စတာအသင်း ပရီးမီးယားလိဂ် ချန်ပီယံဖြစ်လျှင် ရာနီရေးရီ အပိုဆုကြေး ပေါင် (၅) သန်းကျော် ရရှိမည်
Most Read
Most Recent
13 hours ago
13 hours ago
13 hours ago
13 hours ago