သင်္ကြန်ပိတ်ရက်များအပြီး ပြန်လည်ဖွင့်လှစ်သည့် စတော့ဈေးကွက်အတွင်း FMI ရှယ်ယာ တစ်စုလျှင် ကျပ် ၃၂၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း စတော့ဈေးကွက်မှ စုံစမ်းသိရသည်။
ဧပြီလ ၂၁ ရက်နေ့ စတော့ဈေးကွက် ပြန်လည်ဖွင့်လှစ်ချိန်တွင် ဖြစ်ပေါ်ခဲ့သည့် FMI ၏ စတော့ဈေးနှုန်းအနေဖြင့် တစ်စုလျှင်ကျပ် ၃၂၀၀၀ ဖြင့် ဈေးနှုန်းအတက်အကျမရှိဘဲ ရှယ်ယာ အစုပေါင်း (၅၀၄၃ ) စု၊ ငွေကျပ်သန်း ( ၁၆၁ )သန်းကျော် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။
ရန်ကုန်စတော့အိတ်ချိန်းကို ၂၀၁၆ ဧပြီ ၉ ရက်မှ ၂၀ ရက်အထိ ပိတ်ထားခဲ့ပြီး ယခု ဧပြီ ၂၁ ရက်နေ့မှသာ ဈေးကွက်ပြန်လည်ဖွင့်လှစ် ရောင်းချခဲ့ ခြင်းဖြစ်ကြောင်းသိရသည်။
ကုမ္ပဏီ ၆ ခုဖြစ်သည့် First Myanmar Investment ၊ First Private Bank (ပထမပုဂ္ဂလိကဘဏ်)၊Myanmar Citizen Bank၊ Myanmar Thilawa SEZ Holdings public ကုမ္ပဏီ၊ Great HOR KHAN Public Co.၊ Myanmar Agri business Public Corporation(MAPCO) တို့က ရှယ်ယာရောင်းချခွင့် ရရှိထားပြီး ပထမဆုံး အနေဖြင့် First Myanmar Investment က ပြိုင်ဘက်မရှိ ရှယ်ယာရောင်းချခွင့် ရရှိထားကြောင်းသိရသည်။
ရန်ကုန်စတော့အိတ်ချိန်းကို တနလာၤမှ သောကြာနေ့(အစိုးရရုံးဖွင့်ရက်များ) အတွင်း နံနက် ၉ နာရီ မိနစ် ၃၀ မှ နေ့လည် ၁ နာရီအထိ ဖွင့်လှစ်ကြောင်း သိရသည်။
ရန်ကုန်စတော့အိတ်ချိန်း အရောင်းအဝယ် ပြုလုပ်ချိန် Trading Session နှစ်ပိုင်းရှိကာ ဈေးကွက်ဖွင့်ချိန် နံနက် ၉ နာရီခွဲမှ ၁၁ နာရီအထိ(ပထမအပိုင်း) နှင့် ဈေးကွက်ပိတ်ချိန် ၁ နာရီအထိကို(ဒုတိယအပိုင်း) ဟူ၍သတ်မှတ်ထားကြောင်း သိရသည်။
ရန်ကုန်စတော့အိတ်ချိန်းတွင် အရောင်းအဝယ် ပြုလုပ်ရာတွင် မိမိ အကောင့်ဖွင့်ထားသည့် Secureity Company အား ဖုန်းဖြင့်ဆက်သွယ်ကာ အရောင်းအဝယ် ပြုလုပ်နိုင်သကဲ့သို့ အွန်လိုင်းစနစ်မှတစ်ဆင့် မိမိ၏ Trading Account ဖြင့် ဝယ်ယူနိုင်ကြောင်း သိရသည်။အလားတူ SECM (သို့) မိမိအကောင့်ဖွင့်ထားသော Security Company သို့ သွားရောက်ကာ အရောင်းအဝယ် ပြုလုပ်နိုင်ကြောင်းလည်း သိရသည်။
စတော့အိတ်ချိန်းတွင် အရောင်းအဝယ် ပြုလုပ်ရန် စာရင်းဝင်ကုမ္ပဏီဖြစ်သည့် သီလဝါ အများပိုင်ကုမ္ပဏီမှာမူ လာမည့် ဧပြီလ နောက်ဆုံးပါတ်တွင် ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
သင်္ကြန်ပိတ်ရက်များအပြီး ပြန်လည်ဖွင့်လှစ်သည့် စတော့ဈေးကွက်အတွင်း FMI ရှယ်ယာတစ်စုလျှင် ကျပ် ၃၂၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်