ပြင်ပဈေးကွက်တွင် ဒေါ်လာလဲနှုန်း ဆက်လက် ကျဆင်းနေပြီး တစ်ရက်အတွင်း တစ်ဒေါ်လာလျှင် ၁၀ ကျပ်ကျော် ကျဆင်းလာကြောင်း ပြင်ပဈေးကွက် အသိုင်းအဝိုင်းထံမှ စုံစမ်းသိရသည်။ပြင်ပဈေးကွက်ရှိ ဒေါ်လာလဲနှုန်းသည် သင်္ကြန်ရက်အပြီး ဈေးကွက်ပြန်လည် စတင်ခဲ့သည့် ဧပြီ ၁၈ ရက်တွင် တစ်ဒေါ်လာလျှင် ၁၁၈၂ ကျပ်ဝန်းကျင်မှ ဧပြီ ၁၉ ရက်တွင် ၁၁၇၅ ကျပ်သို့ လည်းကောင်း ဧပြီ ၂၀ ရက်တွင် ကျပ် ၁၀ ကျော် ထပ်မံ ကျဆင်းခဲ့သည့်အတွက် တစ်ဒေါ်လာလျှင် ၁၁၆၂ ကျပ်ဝန်းကျင် ရှိခဲ့ကြောင်း သိရသည်။ဧပြီလ ပထမပတ် ပြင်ပဈေးကွက်ရှိ ဒေါ်လာလဲနှုန်းသည် တစ်ဒေါ်လာလျှင်(ဧပြီ ၁ ရက်) ၁၁၉၆ ကျပ်ဝန်းကျင်မှ (ဧပြီ ၈ ရက်)ကျပ် ၁၁၈၀ ဝန်းကျင်သို့ တစ်ပတ်အတွင်း ၁၆ ကျပ်ဝန်းကျင် ကျဆင်းခဲ့ခြင်း ဖြစ်သည်။ဧပြီ ၂၀ ရက် ပြင်ပဈေးကွက်တွင် ဖြစ်ပေါ်နေသော တစ်ဒေါ်လာလဲနှုန်းမှာ ရောင်းဈေး ၁၁၆၂ ကျပ်ဝန်းကျင်၊ ဝယ်ဈေးကျပ် ၁၁၆၀ ဝန်းကျင် ရှိနေကြောင်း ပြင်ပဈေးကွက်မှ သိရသည်။ပြင်ပဈေးကွက်တွင် ဒေါ်လာလဲနှုန်းသည် ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် တစ်ဒေါ်လာလျှင် ရောင်းဈေး ၁၂၉၉ ကျပ်ဝန်းကျင်မှ ဧပြီ ၆ ရက်အထိ တစ်ဒေါ်လာလျှင် ၁၁၇၇ ကျပ်ဝန်းကျင်အထိ ကျဆင်းခဲ့သည့်အပြင် ဧပြီ တတိယပတ် ၂၀ ရက်တွင် တစ်ဒေါ်လာလျှင် ၁၁၆၂ ကျပ်ဝန်းကျင်အထိ ဆက်လက်ကျဆင်းနေသည်။ဗဟိုဘဏ်၏ ရည်ညွှန်းဒေါ်လာ သတ်မှတ်နှုန်းသည် ဧပြီ ပထမပတ်အတွင်း ဆက်တိုက်လျှော့ချ သတ်မှတ်လျက်ရှိပြီး ဧပြီ ၄ ရက်တွင် ကျပ် ၁၂၁၀ သို့ လည်းကောင်း၊ ဧပြီ ၅ ရက်တွင် တစ်ဒေါ်လာလျှင် ၁၂၀၅ ကျပ်မှ ဧပြီ ၆ ရက်တွင် တစ်ဒေါ်လာလျှင် ၁၁၉၆ ကျပ်၊ ဧပြီ ၇ ရက်တွင် တစ်ဒေါ်လာ သတ်မှတ်နှုန်း လေးကျပ်သို့ ထပ်မံလျှော့ချခဲ့သည့်အတွက် တစ်ဒေါ်လာလျှင် ၁၁၉၂ ကျပ်မှ ဧပြီ ၈ ရက်တွင် တစ်ဒေါ်လာလျှင် ၁၂ ကျပ်အထိ ထပ်မံလျှော့ချခဲ့သည့်အတွက် တစ်ဒေါ်လာလျှင် ကျပ် ၁၁၈၀ သို့ ကျဆင်းလာသည်။သင်္ကြန်နှစ်သစ်ကူး ရုံးပိတ်ရက် မတိုင်မီ ဗဟိုဘဏ်၏ ရည်ညွှန်းနိုင်ငံခြားငွေလဲနှုန်းသည် ဧပြီ ၈ ရက်တွင် တစ်ဒေါ်လာလျှင် ကျပ် ၁၁၈၀ သတ်မှတ်ထားပြီး ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာလျှင် ရောင်းဈေး ကျပ် ၁၁၈၀ ဝန်းကျင်၊ ဝယ်ဈေး ၁၁၇၈ ကျပ်ဝန်းကျင် ရှိခဲ့ပြီး ငွေလဲနှုန်းများ ဆက်လက် ကျဆင်းနေခြင်းဖြစ်သည်။
ပြင်ပဈေးကွက်တွင် ဒေါ်လာလဲနှုန်း ဆက်လက် ကျဆင်းနေပြီး တစ်ရက်အတွင်း တစ်ဒေါ်လာလျှင် ၁၀ ကျပ်ကျော် ကျဆင်း










