လစဉ်ထုတ်ပြန်လျက်ရှိသည့် ဖီဖာကမ္ဘာ့အဆင့်များကို ထုတ်ပြန်ခဲ့ရာ ကမ္ဘာ့အဆင့် (၁) နေရာသို့ အာဂျင်တီးနား တက်လှမ်းလာခဲ့ပြီး ယခင် အဆင့်(၁)နေရာမှ ဘယ်လ်ဂျီယံအသင်းမှာ ဒုတိယနေရာသို့ ဆင်းပေးခဲ့ရကြောင်း သိရသည်။အာဂျင်တီးနားနှင့် ဘယ်လ်ဂျီယံအသင်းတို့၏ နောက်တွင် ချီလီ၊ ကိုလံဘီယာ၊ ဂျာမနီ၊ စပိန်၊ ဘရာဇီးလ်၊ ပေါ်တူဂီ၊ ဥရုဂွေး၊ အင်္ဂလန်တို့က အစဉ်အတိုင်း ကမ္ဘာ့အဆင့်(၁၀) အတွင်း ရပ်တည်ခဲ့ကြသည်။မြန်မာ့လက်ရွေးစင် အသင်းမှာမူ (၁၂) ဆင့် ကျဆင်းခဲ့ပြီး အဆင့်(၁၆၆)၌ ရပ်တည်ခဲ့ကာ အရှေ့တောင်အာရှတွင် ဖိလစ်ပိုင်၊ ထိုင်း၊ ဗီယက်နမ်၊ စင်ကာပူတို့နောက်တွင် ရပ်တည်နေကြောင်း သိရသည်။
မြန်မာအသင်း (၁၂) ဆင့်ကျပြီး အဆင့် (၁၆၆)၌ ရပ်တည်ခဲ့ကာ ဖီဖာကမ္ဘာ့အဆင့် (၁) နေရာသို့ အာဂျင်တီးနား တက်လှမ်းလာ