ဒေါ့မွန် ၁ - ၁ လီဗာပူးလ်
ယာဂန်ကလော့ပ်ရဲ့ ဂျာမန်မြေအပြန်ခရီး၊ တစ်ချိန်က အသင်းဟောင်းကို ပြိုင်ဘက်အသွင် ပြန်လည်ဆုံတွေ့ ရင်ဆိုင်ရတဲ့ပွဲ ဖြစ်တာကြောင့် ကမ္ဘာ့ဘောလုံး ပရိသတ် စိတ်ဝင်တစား စောင့်ကြည့်ရတာနဲ့ ညီမျှအောင် ရင်ခုန်စရာပွဲကောင်း တစ်ပွဲ ဖြစ်ခဲ့ပါတယ်။ ကွင်းထဲမှာ ဒေါ့မွန်ပရိသတ်တွေက ပြိုင်ဘက်အသင်း ခြေလှမ်းမှားလောက်အောင် အဝါရောင်တံတိုင်း ဖန်တီးနိုင်ခဲ့သလို၊ ဒေါ့မွန်အသင်းရဲ့ ကစားပုံကလည်း လီဗာပူးလ်အသင်းကို ပွဲစတာနဲ့ ဖိအားပေးနိုင်ခဲ့ပါတယ်။အူဘာမီယန်း၊ အမ်ဒီတာယန်၊ မာကိုရွိုက်စ်တို့ရဲ့ တိုက်စစ်ဆင်မှုတွေကို လီဗာပူးလ်အသင်း မပြတ်တမ်း တားဆီးနေခဲ့ရတာကြောင့် ပထမပိုင်းမှာ ရံဖန်ရံခါသာ ပြန်လည် တုံ့ပြန်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒေါ့မွန်အသင်းရဲ့ တိုက်စစ်ဆင်မှုတွေက ဂိုးသမား မစ်ဂနိုလတ်အတွက် အခက်အခဲတော့ သိပ်မရှိခဲ့ပါဘူး။ ဂိုးရချင်စိတ် များနေတဲ့ ဒေါ့မွန်အသင်းကို လီဗာပူးလ်အသင်းက အခွင့်အရေး ပြန်ယူနိုင်ခဲ့ပြီး (၃၆) မိနစ်မှာ ဘယ်ခြမ်းက မီလ်နာရဲ့ ပေးပို့မှုကနေ တိုက်စစ်မှူး အော်ရီဂီက ဦးဆောင်ဂိုး သွင်းယူခဲ့ပါတယ်။ လီဗာပူးလ်အသင်းက ဒေါ့မွန်အသင်း အငိုက်မိသလို ဖြစ်သွားတာကို အခွင့်ကောင်းယူဖို့ ဆက်တိုက် ဖိကစားခဲ့ပေမယ့် ဂိုးတော့ ထပ်မရခဲ့ပါဘူး။ဒုတိယပိုင်းအစ (၄၈) မိနစ်မှာတော့ အမ်ဒီတာယန်ရဲ့ ပြစ်ဒဏ်ဘောကို ဟမ်းမဲလ်က ခေါင်းတိုက်သွင်းယူ နိုင်ခဲ့တာကြောင့် ဒေါ့မွန်အသင်း ချေပဂိုး ပြန်ရခဲ့ပါတယ်။ ဒါပေမဲ့ လီဗာပူးလ်အသင်းက အခွင့်အရေးတွေ ဆက်တိုက် ဖန်တီးနိုင်ခဲ့ပြီး ဒေါ့မွန်ဂိုးသမား ဝိုင်ဒန်ဖယ်လာ ကာကွယ်နိုင်ခဲ့တာကြောင့်သာ အိမ်ရှင်အသင်း သက်သာရာ ရခဲ့တာပါ။
ယူရိုပါလိဂ် ကွာတားဖိုင်နယ် ရလဒ်များ
-------------
ဒေါ့မွန် ၁-၁ လီဗာပူးလ်
ဘီလ်ဘာအို ၁-၂ ဆီဗီလာ
ဗီလာရီးယဲလ် ၂-၁ စပါတာပရပ်ဂ်
စပို့တင်းဘရာဂါ ၁-၂ ရှက်တာဒိုးနက်