ရန်ကုန်စတော့ဈေးကွက် အတွင်း FMI ရှယ်ယာဈေးနှုန်း ဆက်တိုက် ကျဆင်းနေပြီး ၂၀၁၆ ခုနှစ် ဧပြီ ၄ ရက်တွင် ရှယ်ယာတစ်စုလျှင် ကျပ် ၃၅၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း ရန်ကုန် စတော့ဈေးကွက် အတွင်းမှ သိရသည်။၂၀၁၆ ခုနှစ် ဧပြီ ၄ ရက် နံနက် ၁၁ နာရီ (ပထမပိုင်း)ဈေးကွက် ပိတ်ချိန်တွင် ရှယ်ယာ တစ်စုလျှင် ကျပ် ၃၇၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ပြီး မွန်းလွဲ ၁ နာရီ (ဒုတိယပိုင်း) ဈေးကွက် ပိတ်ချိန်တွင် ရှယ်ယာ တစ်စုလျှင် ကျပ် ၃၅၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်နေ့တည်းမှာပင် ကျပ် ၂၀၀၀ ကျဆင်းခဲ့ကြောင်း သိရသည်။အလားတူ မတ် ၃၁ ရက်တွင်လည်း ကျပ် ၂၀၀၀ ကျဆင်းကာ ရှယ်ယာ တစ်စုလျှင် ကျပ် ၃၉၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း သိရသည်။ရန်ကုန် စတော့အိတ်ချိန်း စတင်ဖွင့်သည့် ရက်မှ မတ် ၂၉ ရက်အထိ ရှယ်ယာဈေးနှုန်းများ အဆမတန် မြင့်တက်ခဲ့ပြီး ရှယ်ယာ တစ်စုလျှင် ကျပ် ၄၁၀၀၀ အထိ မြင့်တက်ခဲ့သည်။ ယင်းနောက် မတ် ၃၀ ရက်မှ စ၍ ရှယ်ယာ တစ်စုလျှင် ကျပ် ၁၀၀၀၀ ထိ ဈေးနှုန်း ကျဆင်းခဲ့ပြီး ဧပြီ ၄ ရက်တွင်လည်း ထပ်မံကျဆင်းလာကြောင်း သိရသည်။လက်ရှိတွင် ရန်ကုန် စတော့ဈေးကွက်အတွင်း ရှယ်ယာရောင်းချခွင့်ရ အများပိုင် ကုမ္ပဏီ ခြောက်ခုအနက် FMI ကုမ္ပဏီမှာ ပြင်ဆင်မှု အမြန်ဆုံး ပြီးစီးသည့်အတွက် ရန်ကုန်စတော့ ဈေးကွက်တွင် ပြိုင်ဘက်မရှိ ပထမဆုံး ရောင်းချခွင့် ရရှိထားကာ ယခုလ နောက်ဆုံးပတ်တွင် သီလဝါ အထူးစီးပွားရေးဇုန် အများပိုင် ကုမ္ပဏီမှ ရန်ကုန်စတော့ ဈေးကွက်သို့ ဝင်ရောက်လာမည်ဖြစ်ကြောင်း သိရသည်။ရှယ်ယာဝယ်ယူမည့်သူများ အနေဖြင့် လိုင်စင်ရ ငွေချေးသက်သေခံ လက်မှတ် ရောင်းဝယ်ရေး ကုမ္ပဏီ တစ်ခုတွင် စာရင်းဖွင့်လှစ်ရန် လိုအပ်ကြောင်း သိရသည်။ ရန်ကုန်စတော့ အိတ်ချိန်းကို တနင်္လာမှ သောကြာ (အစိုးရ ရုံးဖွင့်ရက်များ) အတွင်း နံနက် ၉ နာရီ မိနစ် ၃၀ မှ မွန်းလွဲ ၁ နာရီအထိ ဖွင့်လှစ်ထားသည်။ရန်ကုန် စတော့အိတ်ချိန်း အရောင်းအဝယ် ပြုလုပ်ချိန် Trading Session နှစ်ပိုင်းရှိကာ ဈေးကွက်ဖွင့်ချိန် နံနက် ၉ နာရီခွဲမှ ၁၁ နာရီအထိ (ပထမအပိုင်း) နှင့် ဈေးကွက်ပိတ်ချိန် ၁ နာရီအထိကို (ဒုတိယအပိုင်း) ဟူ၍ သတ်မှတ်ထားကြောင်း သိရသည်။ရန်ကုန် စတော့အိတ်ချိန်းတွင် အရောင်းအဝယ် ပြုလုပ်ရာတွင် မိမိ အကောင့်ဖွင့်ထားသည့် Security Company အား ဖုန်းဖြင့် ဆက်သွယ်ကာ အရောင်းအဝယ် ပြုလုပ်နိုင်သကဲ့သို့ အွန်လိုင်းစနစ်မှတစ်ဆင့် မိမိ၏ Trading account ဖြင့် ဝယ်ယူနိုင်ကြောင်း သိရသည်။ အလားတူ SECM (သို့) မိမိ အကောင့်ဖွင့်ထားသော Security Company သို့ သွားရောက်ကာ အရောင်းအဝယ် ပြုလုပ်နိုင်ကြောင်း သိရသည်။ရန်ကုန် စတော့ဈေးကွက်၌ အများပိုင် ကုမ္ပဏီ ခြောက်ခုဖြစ်သည့် First Myanmar Investment၊ First Private Bank (ပထမ ပုဂ္ဂလိကဘဏ်)၊ Myanmar Citizen Bank၊ Myanmar Thilawa SEZ Holdings public ကုမ္ပဏီ၊ Great HOR KHAN Public Co., Myanmar Agri business Public Corporation (MAPCO) တို့က ရှယ်ယာ ရောင်းချခွင့် ရရှိထားကြောင်း သိရသည်။
စတော့ဈေးကွက်အတွင်း FMI ရှယ်ယာဈေးနှုန်း ဆက်တိုက် ကျဆင်းနေပြီး ရှယ်ယာ တစ်စုလျှင် ကျပ် ၃၅၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်










