တက်သုတ်ရိုက်ခွင့်ပြုလိုက်တဲ့ စီမံကိန်းများနဲ့ မေးခွန်းထုတ်စရာ တင်ဒါ

တက်သုတ်ရိုက်ခွင့်ပြုလိုက်တဲ့ စီမံကိန်းများနဲ့ မေးခွန်းထုတ်စရာ တင်ဒါ
Published 3 April 2016
ဖြိုးဝေ

ဦးသိန်းစိန် အစိုးရရဲ့သက်တမ်းမကုန်ဆုံးခင် အချိန်မှာ စီမံကိန်းတွေ အလောသုံးဆယ် ခွင့်ပြုပေးတာနဲ့ ပတ်သက်ပြီး လွှတ်တော်မှာ အရေးကြီး အဆိုအဖြစ်ပါ တင်ခဲ့ရလို့ စီမံကိန်းတွေ အလောသုံးဆယ် ခွင့်ပြုပေးနေတာတွေ ရပ်ဆိုင်းသွားပြီ ထင်ခဲ့ပေမယ့် အမှန်တကယ်တော့ ရပ်ဆိုင်းမှု မရှိဘဲ အစိုးရ သက်တမ်းကုန်ဆုံးဖို့ ငါးရက်ပဲလိုတဲ့အချိန် ကျင်းပတဲ့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) ရဲ့ ၁၁/ ၂၀၁၆ အစည်းအဝေးက လုပ်ငန်း စီမံကိန်းပေါင်း ၄၈ ခုကို ခွင့်ပြုခဲ့တာနဲ့ ဒဂုံမြို့သစ် (အရှေ့ပိုင်းမြို့နယ်) မလစ်ကျေးရွာ အုပ်စုရှိ မြေဧက ၅၅၀ အပေါ် အကောင်အထည် ဖော်ဆောင်မယ့် ပုဂ္ဂလိကပိုင် အသေးစားစက်မှု ဥယျာဉ် အကောင်အထည် ဖော်ဆောင်ခွင့်ကို တရုတ်မိတ်ဖက် ကုမ္ပဏီတွေ ပါဝင်တဲ့ Excellent Fortune Construction ကုမ္ပဏီကို ရက်ပိုင်းအတွင်း လုပ်ခွင့်ပြုခဲ့တဲ့ သတင်းတွေကို ဒီတစ်ပတ်ရဲ့ စီးပွားရေး သုံးသပ်ချက်အဖြစ် တင်ပြလိုပါတယ်။တက်သုတ်ရိုက် ခွင့်ပြုတဲ့ စီမံကိန်းများလက်ရှိ အစိုးရ သက်တမ်းကုန်ဆုံးဖို့ ငါးရက်ပဲလိုတဲ့အချိန် ကျင်းပတဲ့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) ရဲ့ ၁၁/၂၀၁၆ အစည်းအဝေးက လုပ်ငန်းစီမံကိန်းပေါင်း ၄၈ ခုကို ခွင့်ပြုခဲ့ပါတယ်။ခွင့်ပြုလိုက်တဲ့ လုပ်ငန်းတွေထဲက မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ မြှုပ်နှံခွင့်ပေးတဲ့ အထဲမှာ စီမံကိန်းကြီး တချို့အတွက် MIC ခွင့်ပြုမိန့်ရသွားတဲ့ အထဲမှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရဲ့ လူမှုစီးပွား အကြံပေး အဖွဲ့ဝင်နှစ်ဦးဖြစ်တဲ့ လုပ်ငန်းရှင် ဦးခင်မောင်အေးနဲ့ ဒေါက်တာ ကိုကိုကြီးတို့နှစ်ဦးနဲ့ ဆက်စပ်ပတ်သက်တဲ့ ကုမ္ပဏီတွေလည်း ပါဝင်ခဲ့ပါတယ်။လုပ်ငန်း ၄၈ ခုအတွက် MIC ခွင့်ပြုမိန့်ချထားပေးတဲ့ နေရာမှာ ထူးခြားတာက ကုမ္ပဏီအစုအဖွဲ့ တစ်ဖွဲ့တည်းက စီမံကိန်း ငါးခုအတွက် ခွင့်ပြုမိန့်ရသွားတဲ့ အချက်ပါ။နိုင်ငံတော်သမ္မတရဲ့ လူမှုရေးနဲ့ စီးပွားရေး အကြံပေး၊ သမဝါယမဘဏ် ဥက္ကဋ္ဌ ဦးခင်မောင်အေးနဲ့ ဆက်စပ်ပတ်သက်တဲ့ ကုမ္ပဏီတွေဟာ ရန်ကုန်တိုင်းဒေသကြီးနဲ့ ပဲခူးတိုင်းဒေသကြီးမှာရှိတဲ့ မြေဧက ၄၄၀၀ ကျော်မှာ ပုဂ္ဂလိကပိုင် အသေးစား စက်မှုဥယျာဉ် ဖော်ထုတ်ခြင်းနဲ့ ငှားရမ်းခြင်း လုပ်ငန်း၊ စက်မှုဥယျာဉ် ဖော်ထုတ်ခြင်းနဲ့ ငှားရမ်းခြင်းလုပ်ငန်း၊ ဟံသာဝတီ အဆင့်မြင့်အိမ်ရာအတွင်း မြေယာများ ဖော်ထုတ်၍ ပြန်လည်ငှားရမ်းခြင်း လုပ်ငန်းနဲ့ BOT စနစ်နဲ့ ဆိပ်ခံတံတား တည်ဆောက်ပြီး ဆိပ်ကမ်းဝန်ဆောင်မှုပေးမယ့် လုပ်ငန်းစုစုပေါင်း ငါးခုအတွက် MIC ခွင့်ပြုမိန့်ကို တစ်ပြိုင်နက်တည်း ရရှိခဲ့တာ ဖြစ်ပါတယ်။MIC ခွင့်ပြုမိန့်ဆိုတာ အခုလို တစ်ပြိုင်နက်တည်း တစ်ဦးတည်းနဲ့ စီမံကိန်းလေးခု၊ ငါးခုရဖို့မလွယ်သလို သက်တမ်းကုန်ခါနီး ငါးရက်အလိုမှ စီမံကိန်းပေါင်းများစွာအတွက် ခွင့်ပြုမိန့်တွေ ချပေးသွားတာကတော့ မေးခွန်းထုတ်စရာ ဖြစ်ခဲ့ပါတယ်။MIC ရဲ့ အလောသုံးဆယ် ခွင့်ပြုမှုတွေ ဖြစ်သင့်ရဲ့လားMIC ရဲ့ စီမံကိန်း ၄၈ ခုကို ခွင့်ပြုပေးရာမှာ မေးခွန်းထုတ်စရာတွေ ရှိခဲ့ပြီး တိုင်းပြည်အတွက် အရေးပါတဲ့ စီမံကိန်းနေရာတွေ ပါဝင်ခဲ့တာကို တွေ့ရမှာပါ။ ရန်ကုန်မြို့ရဲ့ အချက်အချာကျ နေရာဖြစ်တဲ့ နန်းသီတာ၊ ပန်းဆိုးတန်းနဲ့ ကျန်းမာရေး ဆိပ်ကမ်းမြေ ၄ ဒသမ ၅ ဧကပေါ်မှာ ဈေးဆိုင်ခန်း၊ ရုံးခန်းတွေ တည်ဆောက်ပြီး စီးပွားဖြစ်လုပ်မယ့် စီမံကိန်းအတွက် MIC ရဲ့ ခွင့်ပြုမိန့်ကိုတော့ ရန်ကုန်မြို့မှာ ခုံးကျော်တံတားတွေ တည်ဆောက်ခွင့်၊ အိမ်ရာစီမံကိန်းတွေ တည်ဆောက်ခွင့်ရထားတဲ့ သမ္မတရဲ့ လူမှုရေးနဲ့ စီးပွားရေး အကြံပေး အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဒေါက်တာ ကိုကိုကြီးနဲ့ ဆက်စပ်ပတ်သက်တဲ့ New Downtown ကုမ္ပဏီက ခွင့်ပြုမိန့် ရရှိခဲ့တာ ဖြစ်ပါတယ်။ခုံးကျော်တံတား တည်ဆောက်ခွင့်တွေအပြင် စီးပွားဖြစ် အဆောက်အအုံ စီမံကိန်းပေါင်းများစွာ လုပ်ကိုင်ခွင့်ရထားတဲ့ ရွှေတောင်ကုမ္ပဏီကလည်း ရွှေတောင် ဘိလပ်မြေ ကုမ္ပဏီအမည်နဲ့ သာစည်မြို့နယ်ထဲမှာ တစ်ရက် တန်ချိန် ၃၅၀၀ ကျတဲ့ ဘိလပ်မြေစက်ရုံ တည်ဆောက်ထုတ်လုပ် ဖြန့်ဖြူးရောင်းချတဲ့ လုပ်ငန်းအတွက် ခွင့်ပြုမိန့်ရခဲ့ပါတယ်။June Cement Industry လီမိတက်ကလည်း မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်မှာ တစ်ရက်တန် ၅၀၀၀ ကျတဲ့ ဘိလပ်မြေ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချတဲ့ လုပ်ငန်းအတွက် ခွင့်ပြုမိန့်ရပါတယ်။ဒီလိုပဲ KT Development ကုမ္ပဏီလီမိတက်က တပ်မတော်ပိုင်မြေဖြစ်တဲ့ ရန်ကင်း ကံဘဲ့က မြေ ၁၁ ဒသမ ၇၅၃ ဧကပေါ်မှာ ဟိုတယ်၊ ရုံခန်းအပါအဝင် စီးပွားဖြစ် အဆောက်အအုံ ဆောက်လုပ်ခွင့် ခွင့်ပြုမိန့်နဲ့ K Future ကုမ္ပဏီလီမိတက်က ကော့သောင်းမြို့နယ်ထဲက ဗိုလ်နက်ကျော် ကျွန်းပေါ်က မြေ ဧက ၇၀၀ ပေါ်မှာ BOT စနစ်နဲ့ ဟိုတယ်ဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်ခွင့်အတွက် ခွင့်ပြုမိန့်ကို ရရှိခဲ့ပါတယ်။တကယ်ဆိုရင် MIC ခွင့်ပြုမိန့်ဆိုတာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရဖြစ်စေ၊ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်မှု ဥပဒေအရဖြစ်စေ မြှုပ်နှံရမယ့် လုပ်ငန်းတွေကို MIC ခွင့်ပြုမိန့် တင်ရပါတယ်။MIC ရဲ့ ခွင့်ပြုမိန့်ရပြီဆိုရင် အဲဒီလုပ်ငန်း စီးပွားဖြစ်စတင်တဲ့ နှစ်ကစပြီး ငါးနှစ်ဆက်တိုက် ဝင်ငွေခွန် ကင်းလွတ်ခွင့် ရပါတယ်။ဥပမာ- မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုနဲ့ လုပ်တယ်ဆိုရင် ဥပဒေပုဒ်မ (၂၀)၊ ပုဒ်မ ခွဲ (က) မှာဆိုရင် ‘ကုန်ထုတ်လုပ်ငန်း သို့မဟုတ် ဝန်ဆောင်မှု လုပ်ငန်းတစ်ခုခု စီးပွားဖြစ် စတင်သောနှစ် အပါအဝင် တစ်ဆက်တည်း ငါးနှစ်အထိ ဝင်ငွေခွန် ကင်းလွတ်ခွင့်’ ပေးရမယ်လို့ သတ်မှတ်ပေးထားပါတယ်။ဝင်ငွေခွန်ကင်းလွတ်ခွင့် တစ်ခုထဲလားဆိုတော့ မဟုတ်ပါဘူး။ စီမံကိန်းအတွက် လိုအပ်လို့ ပြည်ပက ဝယ်ယူတင်သွင်း အသုံးပြုရတဲ့ လုပ်ငန်းသုံး ပစ္စည်းတွေအတွက်လည်း အခွန်ကင်းလွတ်ခွင့်၊ သက်သာခွင့်တွေကိုလည်း MIC ထံမှာ လျှောက်ထားပြီး ထပ်ရယူနိုင်ပါသေးတယ်။ ဥပဒေအရ မြှုပ်နှံထားတာဖြစ်လို့ ခိုင်မာတဲ့ လုပ်ငန်းအဖြစ်လည်း ရှိသွားပါတယ်။အဲဒီအတွက် MIC ရဲ့ ခွင့်ပြုမိန့် ရရှိရေးဟာ အရေးပါလှပါတယ်။ ဒါပေမဲ့ အရင်က MIC ရဲ့ အစည်းအဝေး တစ်ပတ်စဉ်ဆိုရင် ခွင့်ပြုမိန့်ကို အများအားဖြင့် ၁၀ ခု၊ အခု ၂၀ ဝန်းကျင်လောက်ပဲ အများဆုံး ချထားပေးလေ့ ရှိခဲ့ပါတယ်။ တစ်ခါတလေ အစည်းအဝေး တစ်ကြိမ်မှာ လုပ်ငန်း တစ်ခုတည်းအတွက်ပဲ ခွင့်ပြုမိန့်ပေးတာမျိုး ရှိပါတယ်။မေးခွန်းထုတ်စရာ တင်ဒါဒဂုံမြို့သစ် (အရှေ့ပိုင်းမြို့နယ်) မလစ်ကျေးရွာ အုပ်စုရှိ မြေဧက ၅၅၀ အပေါ် အကောင်အထည် ဖော်ဆောင်မယ့် ပုဂ္ဂလိကပိုင် အသေးစား စက်မှုဥယျာဉ် အကောင်အထည် ဖော်ဆောင်ခွင့်ကို တရုတ်မိတ်ဖက် ကုမ္ပဏီတွေ ပါဝင်တဲ့ Excellent Fortune Construction ကုမ္ပဏီနဲ့ လက်ဝါးချင်းရိုက်ပြီး ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့၊ တင်ဒါခေါ်ယူ စိစစ်ရေး အဖွဲ့က လုပ်ပိုင်ခွင့် ချပေးခဲ့မှုအပေါ် ဇေကမ္ဘာ ဦးခင်ရွှေ၏ အမျိုးသားဖွံ့ဖြိုး တိုးတက်ရေး ကုမ္ပဏီအုပ်စု လီမိတက် (NDCG) က သတင်းစာ ရှင်းလင်းမှုကို မတ် ၂၈ ရက်က ရန်ကုန်မြို့ရှိ NDCG ရုံးမှာ ပြုလုပ်ခဲ့ပါတယ်။ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ တင်ဒါခေါ်ယူ စိစစ်ရေး အဖွဲ့က ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်၊ မလစ်ကျေးရွာအုပ်စု၊ ထောင်တလုပ်ကျေးရွာ၊ မစိုကွင်း၊ ကွင်းအမှတ် ၄၈၂ နှင့် မလစ်ကျေးရွာ၊ ကြာနီကန်ကွင်း၊ ကွင်းအမှတ် ၁၁၀၇-က နှင့် ၁၁၀၇-ခ ရှိ မြေဧရိယာများ၏ တစ်စိတ်တစ်ဒေသတွင် ပါဝင်သည့် မြေဧရိယာဧက ၅၅၀ ပေါ်တွင် ပုဂ္ဂလိကပိုင် အသေးစား စက်မှုဥယျာဉ် တည်ထောင်ရန် ယခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်က တင်ဒါရောင်းချ၍ မတ် ၁၀ ရက်တွင် တင်ဒါပိတ်ကာ မတ် ၂၅ ရက်တွင် နိုင်ငံအတွက် ကျပ် ၁၈ ဘီလျံခန့် နစ်နာစေသည့် လုပ်ငန်းလုပ်ကိုင်ခွင့်ကို Excellent Fortune Construction ကုမ္ပဏီနှင့် လက်မှတ် ရေးထိုးခဲ့တယ်လို့ NDCG မှ တာဝန်ရှိသူတွေက ဆိုပါတယ်။တကယ်ဆိုရင် ရန်ကုန်မြို့မှာ ချပေးတဲ့ တင်ဒါအားလုံးဟာ မေးခွန်းထုတ်စရာ ဖြစ်ခဲ့ပါတယ်။ အနီးစပ်ဆုံး ပြောရရင် ရန်ကုန်မြို့မှာ မီးပွိုင့် ၁၅၀ ကျော်ကို ထိန်းချုပ်မယ့် ဗဟိုမီးပွိုင့် ထိန်းချုပ်ရေးစခန်းအတွက် ငွေကျပ်အနည်းဆုံး ကုန်ကျအောင် လုပ်ဆောင်ပေးမယ့် ကုမ္ပဏီကို မရွေးဘဲ ငွေကျပ်အများအပြား သုံးစွဲမည့် တရုတ်ကုမ္ပဏီကို ရွေးချယ်တဲ့အတွက် ဝေဖန်ခံရမှုကလည်း လတ်တလောမှာ ဖြစ်ခဲ့ပါတယ်။လက်ရှိမှာလည်း Excellent Fortune Construction ကုမ္ပဏီနဲ့ NDCG တို့အကြား လုပ်ပိုင်ခွင့် အငြင်းပွားမှုမှာ လာဘ်ပေးလာဘ်ယူမှုတွေရှိနေရင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကို တိုင်ကြားသွားဖို့ ရှိ၊ မရှိ Daily Eleven သတင်းစာက မေးမြန်းရာမှာတော့ ဦးခင်ရွှေက ‘လာဘ်ပေးလာဘ်ယူမှုများသည် Under Table မှသာ အပေးအယူ လုပ်နေသည့်အတွက် တိုင်ကြား၍ မထူးနိုင်ကြောင်း’ ပြန်လည် ပြောဆိုပါတယ်။ဒီအပေါ်မှာ သက်တမ်းကုန်ဆုံးခဲ့ပြီဖြစ်တဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ တင်ဒါစိစစ်ရေး အဖွဲ့ခေါင်းဆောင် သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးကျော်စိုးကတော့ NDCG က မြေသိမ်းခိုင်းနေလို့ ခွင့်ပြုမရကြောင်း တုံ့ပြန်ခဲ့ပါတယ်။ မည်သို့ပင် ဆိုစေကာမူ ဒီစီမံကိန်းရဲ့ ခွင့်ပြုချက်ဟာ ဦးခင်ရွှေရဲ့ ပြောကြားမှုနဲ့တင် မေးခွန်းထုတ်စရာဖြစ်ခဲ့ပြီး လက်ရှိတက်လာတဲ့ အစိုးရအဖွဲ့ အနေနဲ့ ပူပူနွေးနွေး ဒီဖြစ်ရပ်အပေါ်မှာ စုံစမ်းစစ်ဆေးမှု ပြုလုပ်သင့်ပါတယ်လို့ တိုက်တွန်းရင်း ဒီတစ်ပတ်ရဲ့ စီးပွားရေး သုံးသပ်ချက်ကို ရပ်နားလိုက်ပါတယ်။

Most Read

Most Recent