နိုင်ငံခြားသုံးငွေနှင့် ပတ်သက်သည့် လွှဲပြောင်းပေးချေမှုများ၊ နိုင်ငံခြားမှ လာရောက်ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်သည့် ငွေလုံးငွေရင်း ဝင်ရောက်မှုများနှင့် ပတ်သက်၍ ဘဏ်များသာမက ပြည်ပနှင့် ရင်းနှီးမြှုပ်နှံမှု ဆက်စပ်သူများပါ သတိပြုသင့်ကြောင်း ဗဟိုဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေအား ၂၀၁၂ ခုနှစ်တွင် ပြဌာန်းခဲ့ပြီး နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု စည်းမျဉ်းအား ၂၀၁၄ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ကြောင်း၊ အဓိကအချက်သည် နိုင်ငံခြားသုံးငွေနှင့် ပတ်သက်သည့် လွှဲပြောင်းပေးချေမှုများ၊ နိုင်ငံခြားမှ လာရောက်ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်သည့် ငွေလုံးငွေရင်း ဝင်ရောက်မှုများနှင့် ပတ်သက်၍ ဘဏ်များကိုယ်တိုင်နှင့် ၎င်းတို့နှင့် လာရောက်ဆက်သွယ်သူများ ဆောင်ရွက်ရမည့် လိုက်နာရမည့် အချက်များကို ဖော်ပြထားခြင်းဖြစ်ကြောင်း၊ ယခင်နိုင်ငံခြားငွေ ပတ်သက်သည့် ကန့်သတ်ချက် အတော်များများကို ဖြေလျှော့ပေးထားကြောင်း၊ ဖွံ့ဖြိုးတိုးတက်ဆဲ နိုင်ငံတစ်ခုအနေဖြင့် ငွေလုံးငွေရင်းဆိုင်ရာ လွှဲပြောင်းပေးချေမှုနှင့် ပတ်သက်သည်များကို ခွင့်ပြုချက်ရယူရန် လိုအပ်ပြီး သာမန်စာရင်းပိုင်းဆိုင်ရာ ပေးချေမှုများအတွက် ပေးချေမှု၊ လွှဲပြောင်းမှုများကို တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ကန့်သတ်ချက် မပြုလုပ်ရန် ဖော်ပြထားကြောင်း သိရသည်။ပြည်ပချေးငွေ ရယူခြင်းကိစ္စများနှင့် ပတ်သက်၍ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ထုတ်ပြန်ထားသော ညွှန်ကြားချက်နှင့်အညီဟူ၍ ဖော်ပြထားသော်လည်း ပြည်တွင်းလုပ်ငန်းရှင်အချို့မှာ ယင်းသို့ဆောင်ရွက်၍ရသည်ကို မသိသူများ ရှိကြောင်းလည်း သိရသည်။အဆိုပါကိစ္စရပ်နှင့် စပ်လျဉ်း၍ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဌာနမှ တာဝန်ရှိသူတစ်ဦးက “မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေမှာ ဖြေလျှော့မှုများစွာနဲ့ ငွေလွှဲပြောင်းခြင်း၊ လက်ခံခြင်းများကို ခွင့်ပြုထားပါတယ်။ ရင်းနှီးမြှုပ်နှံများနဲ့ ပတ်သက်ပြီး ဗဟိုဘဏ်ကို တင်ပြဖို့လည်း ဖော်ပြထားပါတယ်။ ဥပဒေနဲ့ နည်းဥပဒေဟာ သက်ဆိုင်ရာဘဏ်များ သိရုံမဟုတ်ဘဲ နိုင်ငံခြားငွေနဲ့ ပတ်သက်လုပ်ကိုင်တဲ့ လုပ်ငန်းရှင်များ သိသင့်ပါတယ်။ ဗဟိုဘဏ် ဝက်ဆိုက်မှာလည်း နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေ၊ နည်းဥပဒေနဲ့ သိသင့်တဲ့ အချက်အလက်တွေ ဝင်ကြည့်နိုင်ပါတယ်” ဟု ပြောကြားခဲ့သည်။
နိုင်ငံခြားသုံးငွေနှင့် ပတ်သက်သည့် လွှဲပြောင်းပေးချေမှုများ၊ လာရောက်ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်၍ ဘဏ်များသာမက ပြည်ပနှင့် ရင်းနှီးမြှုပ်နှံမှု ဆက်စပ်သူများပါ သတိပြုသင့်ကြောင်း ဗဟိုဘဏ် တာဝန်ရှိသူ ပြောကြား










