ပရော်ဖက်ရှင်နယ် ကစားသမားဘဝမှ အနားယူပြီးနောက် ဝင်ငွေအများဆုံးအဖြစ် ရပ်တည်နေသူများစာရင်းတွင် အမေရိကန် ဘတ်စကက်ဘော ကစားသမားဟောင်း မိုက်ကယ်ဂျော်ဒန်က ထိပ်ဆုံး၌ ရပ်တည်လျက်ရှိကြောင်း သိရသည်။ယင်းစစ်တမ်းကို အမေရိကန်အခြေစိုက် Forbes စီးပွားရေးမဂ္ဂဇင်းက ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး တစ်နှစ်အတွင်း ကစားသမားများ၏ စီးပွားရေးဆိုင်ရာစာချုပ်၊ စပွန်ဆာ၊ စာအုပ်ထုတ်ဝေခြင်း၊ အခမ်းအနားများ တက်ရောက်ခြင်းနှင့် မိန့်ခွန်းပြောကြားခြင်း စသည့်ကဏ္ဍများမှ ဝင်ငွေများကို ထည့်သွင်းတွက်ချက်ထားခြင်းဖြစ်သည်။၂၀၁၅ ခုနှစ်အတွင်း မိုက်ကယ်ဂျော်ဒန်၏ ဝင်ငွေမှာ ဒေါ်လာ သန်း ၁၁၀ အထိရှိပြီး Nike ကုမ္ပဏီနှင့် စာချုပ်မှ ဝင်ငွေ အဓိကရရှိခဲ့ခြင်းဖြစ်သည်။၎င်း၏နောက်တွင် အင်္ဂလန်လက်ရွေးစင် ဘောလုံးအသင်း ခေါင်းဆောင်ဟောင်း ဒေးဗစ်ဘက်ခမ်က ဒေါ်လာ ၆၅ သန်းဖြင့် ဒုတိယ၊ အမေရိကန် ဂေါ့ဖ်ကစားသမားဟောင်း အာနိုးလ်ပါလ်မာက ဒေါ်လာ သန်း ၄၀ ဖြင့် တတိယ၊ ဂျူနီယာဘရစ်ချ်မန်း (ဘတ်စကက်ဘော)က ဒေါ်လာ ၃၂ သန်း၊ ဂျယ်ရီရစ်ချက်ဆန် (NFL) က ဒေါ်လာ သန်း ၃၀ ဖြင့် အစဉ်လိုက် ရပ်တည်နိုင်ခဲ့သည်။ တရုတ်တင်းနစ်မယ်ဟောင်း လီနာမှာ ဒေါ်လာ ၁၄ သန်းဖြင့် ထိပ်ဆုံး ၁၄ ဦး စာရင်း၌ တစ်ဦးတည်းသော အမျိုးသမီးအဖြစ် ပါဝင်ခဲ့သည်။
ကစားသမားဘဝမှ အနားယူပြီးသူများအနက် မိုက်ကယ်ဂျော်ဒန်နှင့် ဒေးဗစ်ဘက်ခမ်း ဝင်ငွေအများဆုံးအဖြစ် ရပ်တည်နေ