မြန်မာ့လက်ရွေးစင်အသင်း ခြေစမ်းပွဲတွင် စင်ကာပူအသင်းကို ရှုံးနိမ့်

မြန်မာ့လက်ရွေးစင်အသင်း ခြေစမ်းပွဲတွင် စင်ကာပူအသင်းကို ရှုံးနိမ့်
Published 24 March 2016

မြန်မာ့လက်ရွေးစင် အသင်းနှင့် စင်ကာပူလက်ရွေးစင် အသင်းတို့သည် မတ်(၂၄)ရက် မြန်မာစံတေ်ာချိန် ညနေ(၆း၁၅) နာရီတွင် စင်ကာပူနိုင်ငံရှိ၊ ဂျလန်းပီဇာကွင်း၌ ခြေစမ်းပွဲအဖြစ် ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်းက (၁-၂) ဂိုးဖြင့် ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။မြန်မာ့လက်ရွေးစင် အသင်းသည် ဂိုး- ကျော်ဇင်ဖြိုး၊ နောက်တန်း- မျိုးကိုထွန်း- အောင်ဇော်-ဇော်မင်းထွန်း- နန္ဒကျော်၊ အလယ်တန်း-ရန်အောင်ကျော်-ရဲကိုဦး-ကြည်လင်း-မောင်မောင်လွင်၊ ရှေ့တန်း- အောင်သူ-ကျော်ကိုကို တို့ဖြင့် ပွဲထွက်ခဲ့သည်။စင်ကာပူအသင်း အတွက် ဦးဆောင်ဂိုးကို ပွဲကစားချိန် (၂၆) မိနစ်တွင် ရရှိခဲ့ပြီး (၆၄) မိနစ်၌ လူစားဝင်လာသည့် ဆောင်လမန်က မြန်မာအသင်းအတွက် ချေပဂိုးသွင်းယူ ပေးခဲ့သော်လည်း (၈၅) မိနစ်တွင် စင်ကာပူတို့ အနိုင်ဂိုး ရရှိခဲ့သည်။ဒုတိယပိုင်းတွင် ဟိန်းသီဟဇော်၊ ဆောင်လမန်၊ လှိုင်းဘိုဘို၊ သန်းပိုင်တို့ လူစားလဲဝင် ကစားခဲ့သည်။မြန်မာ့လက်ရွေးစင် အသင်းသည် စင်ကာပူနိုင်ငံ၌ လာမည့် မတ်(၂၆)ရက်အထိ နေထိုင်လေ့ကျင့် သွားမည်ဖြစ်ပြီး မတ်(၂၇)ရက်တွင် လက်ဘနွန် လက်ရွေးစင်အသင်းနှင့် ကမ္ဘာ့ဖလား ခြေစစ်ပွဲ အုပ်စုနောက်ဆုံးပွဲအဖြစ် ယှဉ်ပြိုင်ကစားရန် စင်ကာပူမှနေ၍ လက်ဘနွန်နိုင်ငံသို့ ထွက်ခွာမည်ဖြစ်သည်။