ဘာစီလိုနာ အသင်း၏ ဘရာဇီးလ် တိုက်စစ်မှူး နေမာ အခွန်တိမ်းရှောင်မှုအတွက် အပြစ်ရှိသဖြင့် ဒေါ်လာ ၅၂ ဒသမ ၁ သန်း ပေးဆောင်ရန် ဘရာဇီးလ်တရားရုံး ဆုံးဖြတ်

ဘာစီလိုနာ အသင်း၏ ဘရာဇီးလ် တိုက်စစ်မှူး နေမာ အခွန်တိမ်းရှောင်မှုအတွက် အပြစ်ရှိသဖြင့် ဒေါ်လာ ၅၂ ဒသမ ၁ သန်း ပေးဆောင်ရန် ဘရာဇီးလ်တရားရုံး ဆုံးဖြတ်
Published 20 March 2016

ဘရာဇီးလ်နိုင်ငံ ရီယိုဒီဂျနေးရိုးမြို့ရှိ တရားရုံးက ဘာစီလိုနာ အသင်း၏ ဘရာဇီးလ် တိုက်စစ်မှူး နေမာအနေဖြင့် အခွန်တိမ်းရှောင်မှုအတွက် အပြစ်ရှိသဖြင့် ဒေါ်လာ ၅၂ ဒသမ ၁ သန်း ပေးဆောင်ရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။ဘရာဇီးလ်အခြေစိုက် Folha de S. Paulo သတင်းစာ၏ ဖော်ပြချက်အရ နေမာသည် ၂၀၁၂  မှ ၂၀၁၄ ခုနှစ်အတွင်း အခွန်ပေးဆောင်ရန် ပျက်ကွက်ခဲ့သည့်အပြင် ၎င်းပိုင်ဆိုင်သည့် ကုမ္ပဏီသုံးခု (Neymar Sport e Marketing၊ N& N Consultoria၊ N& NAdministracao de Bens) ကလည်း အခွန်တိမ်းရှောင်ရန် စာရွက်စာတမ်း အတုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ထို့ကြောင့် တရားရုံးက ပေးဆောင်ရန် ကျန်ရှိသည့် အခွန်ငွေနှင့် ဒဏ်ကြေး စုစုပေါင်း ဒေါ်လာ ၅၂ ဒသမ ၁ သန်း (ယူရို ၄၅ ဒသမ ၉ သန်း) ပေးဆောင်ရန် ဆုံးဖြတ်ခြင်းဖြစ်ကြောင်း သိရသည်။ ၎င်းအနေဖြင့် ယခုပြစ်ဒဏ်အတွက် အယူခံဝင်နိုင်သော်လည်း ထုတ်ပြန်ချက် မပြုလုပ်သေးကြောင်း သိရသည်။နေမာနှင့် ဖခင်ဖြစ်သူ နေမာဆန်းတို့စ်၊ ဘာစီလိုနာ ဥက္ကဋ္ဌ ဘာတိုမူနှင့် ဥက္ကဋ္ဌဟောင်း ရိုဆဲလ်မှာလည်း အခွန်တိမ်းရှောင်မှုဖြင့် စပိန်နိုင်ငံတွင် အမှုရင်ဆိုင်နေရဆဲဖြစ်ကြောင်း သိရသည်။