မြန်မာ့လက်ရွေးစင် အသင်းသည် ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲ နောက်ဆုံးပွဲစဉ် ယှဉ်ပြိုင်ရန်အတွက် အပြီးသတ် ကစားသမား ၂၃ ဦးကို လာမည့် မတ် ၁၉ ရက်တွင် ရွေးချယ်သွားမည် ဖြစ်ကြောင်း သိရသည်။ မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ် ဂတ်ဖရိုင်းဒရစ်သည် ယင်းခြေစစ်ပွဲ ယှဉ်ပြိုင်ရန်အတွက် ပဏာမကစားသမား ၂၅ ဦး ရွေးချယ်ထားပြီး နှစ်ဦးလျှော့ချ သွားမည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင် အသင်းသည် ပြီးခဲ့သည့် မတ် ၁၄ ရက်မှစတင်ကာ စခန်းဝင်လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိပြီး မတ် ၂၀ ရက်အထိ ရန်ကုန်မြို့၌ လေ့ကျင့်သွားမည် ဖြစ်သည်။ မြန်မာ့လက်ရွေးစင် အသင်းသည် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ဆူဇူကီးဖလားပြိုင်ပွဲအတွက် အဓိကပြင်ဆင် နေခြင်းဖြစ်ပြီး လက်ဘနွန်အသင်းနှင့် ကမ္ဘာ့ဖလားခြေစစ်ပွဲ နောက်ဆုံးပွဲမတိုင်မီ စင်ကာပူလက် ရွေးစင်အသင်းနှင့် ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင် အသင်းသည် ကမ္ဘာ့ဖလားခြေစစ်ပွဲမတိုင်မီ စင်ကာပူနိုင်ငံ၌ ငါးရက် နေထိုင်လေ့ကျင့် သွားမည်ဖြစ်ပြီး မတ် ၂၄ ရက်တွင် စင်ကာပူ လက်ရွေးစင် အသင်းနှင့် ခြေစမ်းကစားမည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင် အသင်းသည် မတ် ၂၇ ရက်တွင် လက်ဘနွန်နိုင်ငံသို့ ထွက်ခွာမည်ဖြစ်ပြီး မတ် ၂၉ ရက်တွင် ၂၀၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲ နောက်ဆုံးပွဲစဉ်အဖြစ် လက်ဘနွန်အသင်းနှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ် ဂတ်ဖရိုင်းဒရစ်က "အခုဖွဲ့စည်းထားတဲ့ ကစားသမားတွေက သက်ဆိုင်ရာ ကလပ်အသင်းတွေမှာ ခြေစွမ်းပြနေတဲ့သူတွေ ဖြစ်ပါတယ်။ ကမ္ဘာ့ဖလား ခြေစစ်ပွဲအပြင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ဆူဇူကီးဖလားပြိုင်ပွဲ အတွက်ပါ ပြင်ဆင်တဲ့အနေနဲ့ ယှဉ်ပြိုင်သွားမှာပါ" ဟု ပြောကြားခဲ့သည်။
မြန်မာ့လက်ရွေးစင် အသင်းသည် မတ် ၂၁ ရက်တွင် စင်ကာပူနိုင်ငံသို့ ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။
မြန်မာ့လက်ရွေးစင်အသင်း ကမ္ဘာ့ဖလားခြေစစ်ပွဲ ယှဉ်ပြိုင်ရန် ၂၃ ဦးကို မတ် ၁၉ ရက် ရွေးချယ်မည်
Most Read
Most Recent
8 hours ago
8 hours ago
8 hours ago
8 hours ago
8 hours ago
8 hours ago