မန်ယူ နှင့် လီဗာပူးလ်---------------------လီဗာပူးလ်က FA ဖလား ကွာတားဖိုင်နယ်ပွဲစဉ်တွေကြောင့် ကြားထဲမှာပွဲမရှိဘဲ နားရက်ပိုရထားတယ်။ ပထမအကျော့ (၂-ဝ)ရလဒ်ကလည်း လီဗာပူးလ်အတွက် နောက်တစ်ဆင့်တက်ဖို့ အာမခံချက်ရှိနေပါတယ်။ ဒါကြောင့် သိပ်အရဲစွန့်ကစားမယ့် ပုံတော့ မရှိပါဘူး။ ကွင်းလယ်ခံစစ်မှာ (၃)ယောက်အထိ ထားကစားသွားနိုင်တယ်။ မန်ယူကတော့ ဖောင်ဖျက်ကစားရလိမ့်မယ်။ ကွာတားတက်ဖို့မလွယ်တော့ပေ မယ့် မန်ယူ အိမ်ကွင်းမှာတော့ အနိမ့်ဆုံး သရေပါပဲ။
ဗလင်စီယာ နှင့် ဘီလ်ဘာအို----------------------------ဘီလ်ဘာအိုက ဘက်တစ်နဲ့ပွဲမတိုင်ခင်အထိ ပြိုင်ပွဲစုံ နောက်ဆုံး(၄)ပွဲဆက် အနိုင်ရခဲ့တယ်။ ခံစစ်က ပေးဂိုးလုံးဝမရှိခဲ့ဘူး။ ပထမအကျော့မှာ ဘီလ်ဘာအို (၁)ဂိုးနဲ့ပဲ အနိုင်ရခဲ့တာကလည်း ဂိုးကံခေခဲ့လို့ပါပဲ။ ဗလင်စီယာက ဂယ်ရီနဗီးလ်လက်ထဲမှာ တပ် ပြန်ပျက်နေတယ်။ ဖိအားနဲ့ကစားရမယ့် အခြေအနေကပဲ ဗလင်စီယာကို ဒုက္ခပေးသွားလိမ့်မယ်။ မက်စ်တဲလားမှာ ကစားမှာ ဖြစ်ပေမယ့် ဘီလ်ဘာအိုကိုပဲ ရွေးချယ်ချင်တယ်။
လေဗာကူဆင် နှင့် ဗီလာရီးယဲလ်--------------------------------လေဗာကူဆင်က ပြိုင်ပွဲ(၂)ရပ်စလုံးမှာ အခြေအနေ သိပ်မကောင်းတော့ဘူး။ ဒါပေမဲ့ အိမ်ကွင်းမှာတော့ ထိန်းထိန်း သိမ်းသိမ်းကစားဖို့ရှိလို့ လေဗာကူဆင် မရှုံးတာသေချာတယ်။
စပါး နှင့် ဒေါ့မွန်---------------ပထမအကျော့လိုပဲ အရံကစားသမားအများစုကိုပဲ စပါး အသင်း ပွဲထုတ်သွားဖို့များတယ်။ ကွင်းမရွေးတဲ့ ဒေါ့မွန်အသင်း ကို ပိုကြိုက်တယ်။
ဆီဗီလာ နှင့် ဘေဆယ်-----------------------ဘေဆယ်က ပထမအကျော့မှာ ဆီဗီလာကို ယှဉ်ကစား သွားနိုင်ခဲ့တယ်။ ဒါပေမဲ့ စပိန်မြေမှာတော့ အိမ်ရှင် ဂိုးပြတ်၊ မ ပြတ်ပဲ ကြည့်ရမှာပါ။
လာဇီယို နှင့် စပါတာပရပ်ဂ်---------------------------လာဇီယိုအသင်း ပထမအကျော့မှာ အဝေးဂိုး(၁)ဂိုးနဲ့ သ ရေရခဲ့လို့ အခြေအနေကောင်းပါတယ်။ လာဇီယို ဂိုးတောင်ပြတ် သွားနိုင်တယ်။
အန်ဒါလက်ချ် နှင့် ရှက်တာဒိုးနက်----------------------------------အန်ဒါလက်ချ် အဝေးဂိုး(၁)ဂိုးရထားပေမယ့် လက်ရှိခြေ စွမ်းနဲ့ ပြန်လာနိုင်ဖို့မလွယ်ဘူး။ ရှက်တာဒိုးနက်အသင်း အဝေး ကွင်းမှာ သရေလောက်တော့ ထိန်းနိုင်ပါတယ်။
စပို့တင်းဘရာဂါ နှင့် ဖီနာဘာချီ-------------------------------ဖီနာဘာချီမှာ ဥရောပပြိုင်ပွဲ သမ္ဘာရင့်တွေ အများအပြား ရှိနေတာက စကားပြောသွားနိုင်တယ်။ ဖီနာဘာချီပဲ ကွာတားတက်လိမ့်မယ်။









