MMA ကစားသမား အောင်လအန်ဆန်သည် မတ်လ (၁၈) ရက်နေ့တွင် ယှဉ်ပြိုင်မည့် One Championship ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန် အတွက် ရန်ကုန်မြို့သို့ ကြိုတင်ရောက်ရှိနေပြီး မတ်လ (၁၅) ရက် နေ့လည်ပိုင်းတွင် လမ်းပေါ်ရှိ လေလွင့်ကလေးများအတွက် လမ်းဘေးစာသင်ဝိုင်းများ ဖွင့်လှစ်သင်ကြားနေသည့် ဂရုဏာပျိုးခင်းမှ ကလေးများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။ အောင်လအန်ဆန်သည် ကလေးများနှင့်အတူ ဆော့ကစားခြင်း ပြုလုပ်ခဲ့ပြီး“ဒီက ကလေးတွေက အရမ်းချစ်ဖို့ကောင်းပြီး အရမ်းလည်း ဖော်ရွေပါတယ်။ ဒီလိုမျိုး မြန်မာနိုင်ငံက ကလေးတွေနဲ့ တစ်ခါမှ မဆော့ကစားခဲ့ဖူးပါဘူး” ပျော်ရွှင်စွာ ပြောကြားခဲ့သည်။ အောင်လအန်ဆန်သည် ရန်ကုန်မြို့သို့ ပြီးခဲ့သည့် မတ်လ (၁၂) ရက်နေ့တွင် ရောက်ရှိလာခြင်းဖြစ်ပြီး One Championship ပြိုင်ပွဲတွင် အီဂျစ်လူမျိုး MMA ကစားသမား မိုဟာမက်အလီနှင့် ယှဉ်ပြိုင် ထိုးသတ်ရမည် ဖြစ်သည်။









