မန်စီးတီး နှင့် ဒိုင်နမိုကိဗ် - 16 March 2016 (2:15 AM)မန်စီးတီးအသင်း ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ရေး မျှော်လင့်ချက်က တဖြည်းဖြည်း မှေးမှိန်လာနေတယ်။ ချန်ပီယံလိဂ်ပြိုင် ပွဲကတောင် ဖြစ်နိုင်ခြေ ပိုမြင့်နေတယ်။ လွယ်တော့မလွယ်ဘူး။ ဒါပေမဲ့ နည်းပြ ပယ်လီဂရီနီကတော့ တတ်နိုင်သမျှ ချန်ပီယံလိဂ်မှာ အမြင့်ဆုံးအဆင့်ရောက်အောင် ကြိုးပမ်းမှာသေချာတယ်။ အိမ်ကွင်းမှာတောင် ဂိုးပြတ်ရှုံးထားတဲ့ ဒိုင်နမိုကိဗ်က မန်စီးတီးနဲ့ တန်းချင်းယှဉ်လို့ မရပါဘူး။ မန်စီးတီး နိုင်ပွဲထပ်ယူဦးမှာပါ။ ဂိုးပြတ် သွင်း၊ မသွင်းပဲ ကြည့်ရမယ်။အက်သလက်တီကို နှင့် PSV 16 March 2016 (2:15 AM)နယ်သာလန်မြေမှာ အဝေးဂိုးမရထားလို့ အက်သလက်တီကို သတိတော့ထားကစားရလိမ့်မယ်။ ဒါပေမဲ့ လက်ရှိခြေစွမ်းနဲ့တော့ အခက်အခဲမရှိနိုင်ပါဘူး။ ဂရစ်ဇ်မန်းက နောက်ဆုံး(၄)ပွဲဆက် ဂိုးသွင်းထားတယ်။ ဂရစ်ဇ်မန်း-ဗီယက်တိုအတွဲက သိပ်တွဲဖက် မညီပေမယ့် ကွင်းလယ်က ဂိုးသွင်းခြေရှိလို့ ဒီအားနည်းမှုကို ကာမိစေပါတယ်။ PSV အဝေးကွင်းညံ့ပုံမျိုးနဲ့ အက်သလက်တီကို ဂိုးပြတ်သွင်းသွားနိုင်တယ်။









