ယူရိုပါလိဂ် ရှုံးထွက် (၁၆) သင်းအဆင့် (ပထမအကျော့) ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ယူရိုပါလိဂ် ရှုံးထွက် (၁၆) သင်းအဆင့် (ပထမအကျော့) ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Published 10 March 2016

လီဗာပူးလ် နှင့် မန်ယူ - 11 March 2016 (2:35 AM)
လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ယူရိုပါလိဂ်မှာဗိုလ်စွဲဖို့ အသေအချာပြင်ဆင်နေတယ်။ ဒါပေမဲ့ မန်ယူနဲ့ နောက်ဆုံးတွေ့ဆုံမှု (၅)ပွဲဆက် အရေးနိမ့်ထားခဲ့ပြီး ကလော့ပ်လက်အောက်မှာ အိမ်ကွင်းရလဒ်ပိုင်း အကောင်း ဆုံး မဖြစ်သေးတာကို လီဗာပူးလ် ပြင်ဆင်နိုင်ဖို့လိုမယ်။ မန်ယူက ဒဏ်ရာပြဿနာတွေကြားမှာ ရလဒ်မဆိုးပေမယ့် ဒီတစ်ပွဲတော့ သိပ်မျှော်လင့်ထားလို့မရဘူး။ လီဗာပူးလ် အနိမ့်ဆုံးသရေပါပဲ။
ဒေ့ါမွန် နှင့် စပါး - 11 March 2016 (12:30 AM)
ပရီးမီးယားလိဂ်မှာ ထိပ်ဆုံးက လက်စတာနဲ့ (၅)မှတ်ကွာသွားတဲ့ အနေအထားမှာ စပါးနည်းပြ ပိုချက်တီနိုအနေနဲ့ ယူရိုပါ လိဂ်ကို ပိုမိုအာရုံနှစ်ထားမလား စောင့်ကြည့်ရမယ်။ ဒါပေမဲ့ ဆုံတွေ့ရမယ့်ပြိုင်ဘက်က ရေပန်းအစားဆုံး ဒေါ့မွန်ဖြစ်နေတာက စပါးအတွက် မျှော်လင့်ချက်နည်းနေတယ်။ ဒေါ့မွန်ကစားပုံက အမှားအယွင်းနည်းပြီး အိမ်ကွင်းဆိုရင် ဂိုးသွင်းအားပိုကောင်းပါတယ်။ ဝင်းမား-အယ်လ်ဒါဝီရယ်လ် ခံစစ်အတွဲ အမှားများပုံမျိုးနဲ့ စပါးအရှုံးပေးရဖို့များတယ်။
ဗီလာရီးယဲလ် နှင့် လေဗာကူဆင် - 11 March 2016 (2:35 AM)
နှစ်သင်းစလုံး သက်ဆိုင်ရာလိဂ်ပြိုင်ပွဲတွေမှာ လတ်တ လော အခြေအနေမကောင်းဘူး။ ဒါပေမဲ့ လေဗာကူဆင်ထက်စာ ရင် ဗီလာရီးယဲလ်က မဆိုးဘူးပြောရမယ်။ ဗီလာရီးယဲလ်အနေ နဲ့ လာလီဂါမှာလည်း သိပ်ပူပန်စရာမလိုလို့ ယူရိုပါလိဂ်ဘက်ကို ဖိဖိစီးစီး ကစားသွားဖို့များတယ်။ ဗီလာရီးယဲလ်ဘက်ကပဲ ရပ် တည်ချင်တယ်။
ဘီလ်ဘာအို နှင့် ဗလင်စီယာ - 11 March 2016 (2:35 AM)
လတ်တလောတွေ့ဆုံထားမှုမှာ ဘီလ်ဘာအိုက ဗလင်စီ ယာကွင်းမှာတောင် ဂိုးပြတ်အနိုင်ယူထားခဲ့တယ်။ တစ်ဦးချင်း ခြေစွမ်းမှာ ဗလင်စီယာ သာလွန်ပေမယ့် ဘီလ်ဘာအိုအသင်းရဲ့ အသင်းလိုက်စုဖွဲ့မှုအားကို ကျော်ဖြတ်နိုင်ဖို့ မလွယ်ဘူး။ ဒါပေ မဲ့ ဂယ်ရီနဗီးလ်ရဲ့ဗလင်စီယာအသင်း ဆမ်မာမီးစ်မှာ သရေတစ် ပေါက်တော့ မျှော်လင့်နိုင်ပါတယ်။
ဘေဆယ် နှင့် ဆီဗီလာ - 11 March 2016 (12:30 AM)
လက်ရှိချန်ပီယံ ဆီဗီလာ အဝေးကွင်းအားနည်းမှုကို ဗိုလ် လုပွဲအိမ်ရှင် ဘေဆယ် အသုံးချသွားနိုင်ခြေရှိတယ်။ ခြေစွမ်းကွာ ဟပေမယ့် ဘေဆယ်ကိုပဲ အရဲစွန့်ရွေးချယ်ချင်တယ်။
စပါတာပရပ်ဂ် နှင့် လာဇီယို - 11 March 2016 (2:35 AM)
လာဇီယိုကလည်း အဝေးကွင်းဆို ဖိဖိစီးစီးမကစားတတ်ပုံ မျိုးနဲ့ အိမ်ကွင်းမာတဲ့ စပါတာပရပ်ဂ် အခွင့်အရေးရသွားနိုင် တယ်။ လာဇီယို သရေထက်မပိုနိုင်ဘူး။
ရှက်တာဒိုးနက် နှင့် အန်ဒါလက်ချ် - 11 March 2016 (12:30 AM)
ရှက်တာဒိုးနက်က ဥရောပအဆင့်မှာ အဆိပ်ရှိသေးတယ် ဆိုတာ ရှော်လ်ကေးနဲ့ပွဲမှာ ပြသခဲ့ပြီးပါပြီ။ အခုပွဲလည်း ရှက်တာ ဒိုးနက် ဂိုးပြတ်၊ မပြတ်ပဲ ကြည့်ရလိမ့်မယ်။
ဖီနာဘာချီ နှင့် စပို့တင်းဘရာဂါ - 11 March 2016 (12:30 AM)
နောက်ပိုင်းပွဲတွေမှာ သရေရလဒ်တွေများနေတဲ့ ဘရာဂါ အခုပွဲလည်း ဒီရလဒ်ကိုပဲ မျှော်လင့်ကစားဦးမှာပါ။ ဒါပေမဲ့ တူရ ကီမြေဖြစ်လို့ ဖီနာဘာချီ အနိုင်သေချာပါတယ်။

Most Read

Most Recent