သတ္တုတူးဖော်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ အခွန်ကောက်ခံမှုများတွင် အခွန်ဝန်ထမ်းအချို့၏ လာဘ်ပေး လာဘ်ယူမှုများနှင့် ဥပဒေကို အကောင်အထည် ဖော်ဆောင်ရမည့် အဖွဲ့အစည်းများ၏ အားနည်းချက်များကြောင့် ရရှိသင့်သည့် အခွန်အခများ အပြည့်အ၀ ရရှိနေမှုမရှိ ဖြစ်နေကြောင်း မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု တာဝန်ခံမှုဆိုင်ရာ အရပ်ဘက် မဟာမိတ် အဖွဲ့အစည်း (MATA) က မတ် ၈ ရက်တွင် ရန်ကုန်မြို့ရှိ Summit Parkview ဟိုတယ်၌ ကျင်းပခဲ့သည့် သယံဇာတ တူးဖော်ထုတ်လုပ်မှုနှင့် စပ်လျဉ်းသည့် တည်ဆဲအခွန် ဥပဒေအပေါ် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။
သယံဇာတ တူးဖော်ထုတ်လုပ်မှုနှင့် စပ်လျဉ်း၍ MATA က ပတ်ဝန်းကျင် ထိန်းသိမ်းရေးဥပဒေ၊ သတ္တုတွင်းဥပဒေနှင့် အခွန်ဥပဒေများကို ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်များတွင် အရပ်ဘက် အဖွဲ့အစည်းများ၊ ဒေသခံများအား အသိပညာ မြှင့်တင်ခြင်း စသည့်အချက်များအား ဆွေးနွေးမှု ပြုလုပ်သည့်အပေါ် အဆိုပါ သတင်းစာ ရှင်းလင်းပွဲကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေဖြစ်သည့် သတ္တုတွင်းဥပဒေတွင် မြေငှားရမ်းခများ ပေးဆောင်ရန်၊ ဓာတ်သတ္တုခွန်နှင့် အခြားအခွန်အခများ ပေးဆောင်ရန်၊ ဝင်ငွေခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်ရန်နှင့် ပေးဆောင်မှု မရှိပါက တည်ဆဲဥပဒေများအရ ထောင်ဒဏ်များနှင့် ငွေဒဏ်များ ချမှတ်ရန် သတ်မှတ်ထားသည်။ ထိုသို့ သတ်မှတ်ထားသော်လည်း စီမံကိန်းကြီးများ လုပ်ကိုင်သူ လုပ်ငန်းရှင်များ အနေနှင့် သတ္တုတူးဖော်ရန် သစ်တောများ ခုတ်ထွင်ရှင်းလင်း ခြင်းများအတွက် အခွန်အခများ၊ ဝန်ထမ်းများ၏ ဝင်ငွေခွန် ပေးဆောင်ရန် ပျက်ကွက်မှုများ စသည်ဖြင့် အခွန်ထမ်းဆောင်ရန် အားနည်းချက်များ ရှိနေပြီး အခွန်စည်းကြပ် ကောက်ခံရန် တာဝန်ရှိသည့် အဖွဲ့အစည်းများ အနေနှင့်လည်း အကောင်အထည် ဖော်ရာတွင် အားနည်းမှုများ ရှိနေကြောင်း ဥပဒေပညာရှင် ဦးမောင်မောင်ညွန့်က ဆိုသည်။
"ဥပဒေမှာတော့ အားနည်းချက် မရှိပါဘူး။ အကောင်အထည် ဖော်ရတဲ့ နေရာမှာတော့ ဖြတ်သန်းလာတဲ့ လူမှုပတ်ဝန်းကျင် အခြေအနေကြောင့် လုပ်ဆောင်ရတဲ့ သူတွေမှာ အခက်အခဲတွေ ရှိနေတယ်။ နောက်တစ်ခုက ကျွန်တော်တို့နိုင်ငံရဲ့ လာဘ်ပေး လာဘ်ယူမှုတွေမှာ လာဘ်ပေးသူကို အရေးမယူဘဲ လာဘ်ယူသူကိုပဲ အရေးယူတာ ဖြစ်နေတယ်" ဟု ဦးမောင်မောင်ညွန့်က ပြောကြားသည်။
သတ္တုတွင်းဥပဒေပါ အခွန်အခများအပြင် ဓာတ်သတ္တုခွန်များအဖြစ် ရွှေ၊ ပလက်တီနမ်နှင့် ဝန်ကြီးဌာနများက အခါအားလျော်စွာ သတ်မှတ်သည့် သတ္တုများအပေါ် အခွန်နှုန်း ငါးရာခိုင်နှုန်း၊ ငွေ၊ ကြေးနီ၊ ခဲမဖြူ၊ အဖြိုက်နက်စသည့် သတ္တုများကို အခွန်နှုန်း လေးရာခိုင်နှုန်း၊ သံ၊ သွပ်၊ ခဲ၊ အလူမီနီယမ် အစရှိသည့် သတ္တုများအတွက် အခွန်နှုန်း သုံးရာခိုင်နှုန်းနှင့် စက်မှုကုန်ကြမ်းများ အတွက် နှစ်ရာခိုင်နှုန်း အခွန်ပေးဆောင်ရမည်ဟု သတ်မှတ်ထားသည်။
ထို့ပြင် သတ္တုများ ရောင်းချရာတွင် အဓိကအားဖြင့် Royality အခွန်မှာ ရာခိုင်နှုန်းဖြင့် ဥပဒေအရ ကောက်ခံခြင်းဖြစ်ပြီး နိုင်ငံတကာ ပေါက်ဈေးဖြင့် သတ္တုရောင်းချသည့် ထုတ်လုပ်သည့် တန်ချိန်များအပေါ် အခွန်ထမ်းဆောင် ရသည့်အတွက် အခွန်ထမ်းဆောင်ရမည့် ကုမ္ပဏီက သတ္တုထုတ်လုပ် ရောင်းချမှုများကို သတ္တုတွင်း ဝန်ကြီးဌာနသို့ တင်ပြရန် လိုအပ်သည်။ ထိုသို့ တင်ပြရာတွင် သတ္တုထုတ်လုပ်သည့် ကုမ္ပဏီက ရောင်းချသည့် ထုတ်လုပ်သည့် သတ္တုများ၏ အရည်အသွေးကို အမှန်အတိုင်း မတင်ပြဘဲ လိမ်လည်တင်ပြပါက သတ္တုအခွန်များ အမှန်အတိုင်း ရရှိနိုင်မည် မဟုတ်ကြောင်းနှင့် လိမ်လည်တင်ပြမှုကို စစ်ဆေးနိုင်မှု အားနည်းနေသည့် အတွက် အခွန်များ အမှန်တကယ် အပြည့်အ၀ ရရှိနေမှု မရှိကြောင်း သတ္တုတွင်း အင်ဂျင်နီယာ ဦးဇော်ဝင်းက ပြောကြားသည်။
"သတ္တုတူးဖော်တဲ့ အခါမှာ အစိုးရကိုလည်း ပေးရသလို တစ်ဖက်မှာ လက်နက်ကိုင် အဖွဲ့အစည်းတွေကိုလည်း ပေးရတာတွေရှိတယ်။ ဒီလိုပေးရတာတွေ များလာတော့ သူတို့က အစိုးရဘက်ကို ပေးရမယ့် အခွန်တွေ ရှောင်လာကြသလို အစိုးရဝန်ထမ်း တချို့ရဲ့ လာဘ်စားမှုတွေကြောင့် အခွန်ဆုံးရှုံးမှု ကြီးကြီးမားမား တွေ့နေရတယ်" ဟု MATA မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
သတ္တုလုပ်ငန်းများနှင့် ပတ်သက်၍ အခွန်ကောက်ခံမှုများတွင် အခွန်ဝန်ထမ်း အချို့၏ လာဘ်ပေးလာဘ်ယူမှုနှင့် ဥပဒေကို အကောင်အထည် ဖော်ဆောင်ရမည့် အဖွဲ့အစည်းများ၏ အားနည်းချက်များကြောင့် ရရှိသင့်သည့် အခွန်အခများ အပြည့်အ၀ ရရှိမှု မရှိ ဖြစ်နေကြောင်း သိရ










